News

Nexon အပါအဝင် တောင်ကိုရီးယားဂိမ်း ကုမ္ပဏီ သုံးခု ဒေါ်လာသန်းချီ ဒဏ်ငွေရိုက်ခံရ

နာမည်ကြီး တောင်ကိုရီးယား ဂိမ်းကုမ္ပဏီတွေဖြစ်ကြတဲ့ Nexon, Netmarble နဲ့ NextFloor တို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ FTC (Fair Trade Commission) ဥပဒေနဲ့ ညှိပြီး ကိုရီးယားဝမ် တစ်ဘီလီယံ (ဒေါ်လာတစ်သန်းနီးပါး) ဒဏ်ကြေးအရိုက်ခံခဲ့ရပါတယ်။ အကြောင်းကတော့ ကျပမ်း (randomized) ဂိမ်း items တွေကို ကြော်ငြာတဲ့နေရာမှာ လောင်းကစားဥပဒေဖြစ်တဲ့ “Loot box” ဥပဒေနဲ့ ညှိစွန်းခဲ့တာကြောင့်လို့သိရပါတယ်။

Nexon Korea က ဝမ် ၉၃၉ သန်း ပြစ်ဒဏ်နဲ့ ဝမ် ၅.၅ သန်း ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်ပြီး ကုမ္ပဏီ သုံးခုမှာ ဒဏ်ကြေးအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒုတိယ ဒဏ်ကြေးအများဆုံး Netmarble က ဝမ် ၄၅ သန်း ပြစ်ဒဏ်နဲ့ ဝမ် ၁၅ သန်း ဒဏ်ကြေး အတပ်ခံခဲ့ရပြီး NextFloor ကတော့ ဝမ် ၅ သန်း ဒဏ်ကြေးပေးဆောင်ရမယ်လို့သိရပါတယ်။

အဆိုပါ ကုမ္မဏီ ၃ခုဟာ ကိုရီးယားနိုင်ငံရဲ့ အီလက်ထရောနစ်ကုန်သွယ်ရေး အက်ဥပဒေကို ချိုးဖောက်တဲ့ပြည်တွင်းဂိမ်းကုမ္ပဏီတွေထဲမှာ ဒဏ်ကြေးအများဆုံးပေးဆောင်ရတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။

တစ်ဖက်မှာလည်း Nexon က FTC က သုံးနှုန်းခဲ့တဲ့ “random” ဆိုတဲ့ အသုံးနှုန်းကို ငြင်းဆန်ခဲ့ပါတယ်။ သူတို့ဆီမှာ ဝယ်ယူနိုင်မယ့် puzzles အစိတ်အပိုင်း တစ်ခုစီက မတူညီတဲ့အတွက် ရရှိမယ့် game items တွေကို random အနေနဲ့ပဲရယူနိုင်မှာဖြစ်တာကြောင့် “random” ဆိုတဲ့ အသုံးကို သုံးထားတာပါလို့ဆိုပါတယ်။ အခု ပြဿနာကို ပြန်လည်စစ်ဆေးသွားမှာပါလို့လည်း Nexon Korea ရဲ့
ဖော်ပြချက်ထဲမှာတွေ့ရှိရပါတယ်။

FTC က Nexon Korea ကို သက်မှတ်ထားတဲ့ နှုန်းထားတစ်ခုအပေါ်မှာ တကယ့်ငွေကြေးနဲ့ ဝယ်ယူရတဲ့ “Loot box” ပြဿနာ နဲ့ ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။ ဂိမ်း items တွေကို သေတ္တာပုံးထဲထည့်ထားတဲ့အတွက် ဂိမ်းကစားသူက ငွေပေးဝယ်ယူပြီးမှသာ အထဲက ဂိမ်း item ရဲ့ ပုံစံ အမျိုးအစားနဲ့ အားသာချက်တွေကို သိရပါတယ်။ Nexon က သူ့ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ “Sudden Attack”
ရဲ့ “Celebrity Count” event မှာ game items တွေကို သေတ္တာထဲထည့်ပြီး “Loot box” ပုံစံ random ရောင်းချခဲ့တာကြောင့် ဒဏ်ရိုက်ခဲ့တာလို့သိရှိရပါတယ်။

FTC ရဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂိမ်းကုမ္ပဏီတွေ အထူးသဖြင့် randomized items ရောင်းချတဲ့ ကုမ္ပဏီတွေကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

ဂိမ်း items တွေကို သေတ္တာ ထဲထည့်ပြီး ကျပမ်း random အနေနဲ့ ဝယ်ယူရတဲ့ “Loot box” ကို တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား၊သြစတေးလျ နဲ့ အခြား လောင်းကစားခြင်းကို ထိန်းသိမ်းကန့်ကွက်ထားတဲ့ နိုင်ငံတွေမှာ တားမြစ်ထားပါတယ်။

ဒါပေမယ့် အခုလို ဒဏ်ငွေအရိုက်ခံရတာကို Nexon ကတော သိပ်ပြီးကျေနပ်ပုံမပေါ်ပါဘူး။ အဲ့တာကြောင့် Nexon နဲ့ FTC တို့ ဘယ်သူ အနိုင်ရမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့နော်။

 

Source (In Korea), Via

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: