ArticleNews

SEGA Heroes မိုဘိုင်းလ် မှာ အတူတူ ပေါင်းစပ် မြင်တွေ့ရမယ့် Sonic, Golden Axe နှင့် အခြားဂိမ်းများ

Sonic the Hedgehog, Golden Axe နဲ့ Streets of Rage တို့ဆီက မတူကွဲပြားတဲ့ ဇာတ်ကောင်တွေကို ယူပြီး ပေါင်းစပ် ဖွဲ့စည်းထားတဲ့ SEGA Heroes ကို Android နဲ့ iOS အတွက် SEGA မှ ချပြလိုက်ပါပြီ။ ဂိမ်းအမျိုးအစားလေးက RPG ဂိမ်းဖြစ်တာကြောင့် Gameplay ထဲမှာ အဖွဲ့တစ်ခုကို တည်ဆောက်ခြင်း နဲ့ အဖွဲ့ဝင်တွေကို အဆင့်မြှင့်တင်ခြင်း တို့ပုံစံ RPG element တွေ ပါဝင်မှာပါ။ ဒါပေမယ့် အမှန်တကယ် battling system က Final Fantasy နဲ့ကော Mario, Luigi series နဲ့ကော မတူဘူးလို့ သိရပါတယ်။

ဂိမ်းက turn-based ကို ဦးတည်ထားတာဖြစ်ပေမယ့် ဂိမ်းထဲမှာ attack command ကို သုံးရမယ့်အစား Candy Crush လို ယှဉ်တွဲပေးရမယ့် အရာဝတ္ထုတွေ player ကို ပေးထားမှာဖြစ်ပါတယ်။ နမူနာလေးကို ကြည့်ကြည်လိုက်ပါဦး။

ဘော်ဒါတို့ရေ… အခုပြလိုက်တဲ့ gameplay ပုံစံလေးနဲ့ ဇာတ်ကောင်လေးတွေကို ကြိုက်နှစ်သက်မယ်ဆိုရင် SEGA Heroes ကို သေချာပေါက်ကြိုက်မှာပါ။

ဂိမ်းထဲမှာ ပါဝင်လာမယ့် အခြား franchises တွေက Super Monkey Ball, Phantasy Star, နဲ့ Jet Set Radio တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် SEGA ဟီးရိုး အသစ်တွေက လတိုင်းလတိုင်းမှာ ထပ်တိုးရောက်ရှိနေမှာလို့ SEGA က ပြောထားပါတယ်။ Gameplay ပုံစံကတော့ ဟိုးအရင်ကတည်းက ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Bejeweled နဲ့ Candy Saga ဂိမ်းတွေ နဲ့ တူပါတယ်။ အမှန်အတိုင်းပြောရရင် ဒီလို ပုံစံ ဂိမ်းလေးတွေက mobile market ပေါ်မှာ အများကြီးပါ။ အဲ့တာကြောင့် ခုလို ဂိမ်းအသစ်တစ်ခုက နာမည်ယူဖို့ဆိုတာတော့ ခက်ခဲကောင်းခက်ခဲမှာပါ။ ဒါပေမယ့် ကြိုက်ကြတဲ့ သူတွေ ကြတော့လည်း ဆက်ပြီး ကြိုက်နေကြဦးမှာပါ။

ဘာကြောင့်လဲဆိုတော့ fan ချင်းမှ မတူတာကိုး။ မှန်တယ်မဟုတ်လား။ SEGA Heroes က အချစ်တော် ဇာတ်ကောင်အမျိုးမျိုး ကို တစ်နေရာတည်းမှာ စုပြီးတွေ့နိုင်မယ်ဂိမ်းလေးဖြစ်လို့ သူ့ကိုလည်း ကစားကြည့်လို့ရအောင် Playon ကဘော်ဒါတို့ကို ညွှန်းပေးလိုက်ပါတယ်နော်။

Gameplay ဗီဒီယိုဖိုင် လေးတွေကို ကြည့်ချင်ရင် YouTube မှာ ရှာဖွေကြည့်လို့ရသလို အက်မင်လည်း အပေါ်မှာ ပြပေးထားပါတယ်နော်။ ကိုယ့်အကြိုက်နဲ့ ကိုက်တဲ့ ဂိမ်းလေး ဟုတ်မဟုတ် သိဖို့ တစ်ချက်လောက် ရှိုးသွားလိုက်ပါဦး။ အခု လတ်တလောမှာ App Store နဲ့ Play Store တို့မှာ pre-register လုပ်လို့ ရနေပါပြီ။

Pre-register link – Android/ iOS

Ref: thegamer

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password