Real-Time Multiplayer ကစားလို့ရတဲ့ Sonic Forces: Speed Battle

ဒီဂိမ်းဟာ ‘Sonic The Hedgehog’ Franchise ရဲ့ နောက်ဆုံးထွက်ဂိမ်းဖြစ်ပါတယ်။ မြင်မြင်ချင်းမှာတော့ နာမည်ကြီး Sonic Character တွေကို စုပြုံပစ်ထည့်ထားတဲ့ ဆူလွယ်နှပ်လွယ်ဂိမ်းတစ်ခုလို့ပဲ ယူဆလိုက်မိပါတယ်။ ဒါပေမယ့် App Store နဲ့ Playstore ပေါ်က Customer Review တွေ တော်တော်ကောင်းတာကိုမြင်လိုက်တော့ နည်းနည်းစိတ်ဝင်စားသွားပြီး ကိုယ်တိုင်ကစားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

Gameplay

ဒီဂိမ်းက App Store မှာပလူပျံနေတဲ့ Auto Runner ဂိမ်းမျိုးပါပဲ။ ဒါပေမယ့် စိတ်ဝင်စားဖွယ် Feature လေးနဲ့ပါ။ Auto Runner ဂိမ်းအများစုက Single Player ဂိမ်းတွေဖြစ်ကြတာများပါတယ်။ Sonic Forces: Speed Battle ကတော့ သာမာန် Auto Runner ဂိမ်းအဆင့်ကနေ တစ်ဆင့်တက်သွားပြီး Multiplayer ဂိမ်းဖြစ်သွားပါတယ်။ ဒီဂိမ်းမှာ အခြား Player ၃ ယောက်နဲ့အတူ Map ပေါင်းစုံမှာ Real-Time ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီဂိမ်းက Multiplayer Only လို့တောင်ဆိုနိုင်ပါတယ်။ Multiplayer Match တွေဆက်တိုက်ဆော့ပြီး Level တက်အောင်လုပ်၊ Map အသစ်တွေဖွင့်၊ Character အသစ်တွေစုဆောင်း စတာတွေကိုလုပ်ရမှာပါ။

ကစားနည်းကလည်း ရိုးရှင်းပါတယ်၊ Auto Runner ထုံးစံအတိုင်း သင့် Character က အလိုအလျောက်ပြေးနေမှာဖြစ်ပါတယ်။ Lane ၄ ခုရှိပြီး လမ်းမှာရှိတဲ့ အတားအဆီးတွေကို ဘယ်ညာအပေါ်အောက် ရှောင်ရှားပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ အတားအဆီးတွေကို ရှောင်ရှားနိုင်လို့ ဘေးကင်းပြီမထင်ပါနဲ့၊ Multiplayer ဖြစ်တဲ့အတွက် အခြား Player တွေရဲ့ရန်လည်းရှိပါသေးတယ်။ အခြား Player တွေကို တိုက်ခိုက်ဖို့ Ability တွေပါဝင်တဲ့အတွက် ကိုယ့်အရှေ့မှာရှိနေတဲ့သူတွေကို တိုက်ခိုက်လို့ရပါတယ်။

ပြီးတော့ Character တွေကလည်း Sonic Fan တွေရဲ့အချစ်တော်တွေဖြစ်တဲ့ Sonic ၊ Amy ၊ Tails ၊ Knuckles နဲ့ Shadow တို့အပါအဝင် Character ၁၅ ကောင်ပါဝင်ပါတယ်။ Character တစ်ယောက်ချင်းစီမှာလည်း မတူညီတဲ့ Stats တွေပါဝင်တာမို့ သူတို့ရဲ့အားသာချက်တွေကို နည်းဗျူဟာကျကျ အသုံးချလို့ရဦးမှာဖြစ်ပါတယ်။

 .          .         

Fast & Furiously Fun

Real-Time Multiplayer ဆိုတော့ ကစားရတာပိုပြီး တက်ကြွစေပါတယ်။ စက္ကန့်နဲ့အမျှ အခြားသူတွေကို ဘယ်လိုအကျင့်ယုတ်ရမယ်ဆိုတာကိုစဉ်းစားနေရတော့ ပျင်းစရာအချိန်တောင်သိပ်မရှိပါဘူး။ ပွဲစဉ်တစ်ခုချင်းစီကလည်း အချိန်သိပ်မယူပါဘူး။ အဲဒီတော့ အချိန်အများကြီးပေးစရာမလိုဘဲ Short Burst အနေနဲ့ဆော့ကစားလို့အဆင်ပြေပါတယ်။ အလုပ်ထဲမှာ တစ်ပွဲတစ်လေခိုးဆော့တာတို့၊ Bus ပေါ်မှာအပျင်းပြေထုတ်ဆော့တာတို့အတွက် လုံးဝအိုကေပါတယ်။ ကစားတဲ့ပွဲစဉ်တိုင်းကလည်း သင့်ကိုစိတ်ကျေနပ်မှုအပြည့်အဝပေးမှာဖြစ်ပါတယ်။ ပျော်စရာကောင်းလို့ ဆက်တိုက်ကစားချင်တယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ ဘာ Energy စနစ်မှမပါဝင်တဲ့အတွက် ပွဲတွေအများကြီး တစ်ထိုင်တည်းဆော့ကစားလို့လည်းရပါတယ်။

Sonic Forces: Speed Battle ဟာ Sonic Fan တွေတင်မကဘဲ Multiplayer Action နှစ်သက်သူတိုင်း သဘောတွေ့ကြမယ့်ဂိမ်းမျိုးဖြစ်ပါတယ်။ Game Mode ကတစ်မျိုးတည်းပါဝင်ပေမယ့် အဲတစ်မျိုးတည်းကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်တဲ့အတွက် ကစားရတာအင်မတန်အရသာရှိပါတယ်။ စိတ်ကူးပေါက်ပြီး စမ်းဆော့ကြည့်လိုက်တဲ့ ကိုယ့်ကိုကိုယ်လည်း ကျေးဇူးတင်မိပါတယ်။ ဒီဂိမ်းက ကျွန်တော့်ဖုန်းထဲမှာ တော်တော်ကြာကြာနေရာယူထားမှာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password