Features

သိရှိထားသင့်တဲ့ မိုလ်ဘိုင်းဂိမ်းတစ်ခုရဲ့ လိုအပ်ချက်များ Rules of Survival

လတ်တလော ရေပန်းစား လူဆော့များနေတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Rules of Survival အမည်ရတဲ့ ဂိမ်းကို Playon မိတ်ဆွေများအနေနဲ့လည်း သိရှိပြီး ဖြစ်မှာပါ။ Playon အနေဖြင့်လည်း ဒီဂိမ်းထွက်ရှိလာတုန်းက ဖော်ပြပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါမှာကတော့ ဒီဂိမ်းကို ဆော့ကစားတဲ့ အချိန်မှာ သိရှိထားသင့်တဲ့ အချက်အလက် အချို့ကို ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။ PUBG (Players’ Unknown Battles Ground) အမည်ရတဲ့ ဂိမ်းရဲ့နောက်ထွက်ရှိလာတဲ့ mobile ဂိမ်းတစ်ခုဖြစ်တဲ့ ROS( Rules of Survival) ကတော့ ကမ္ဘာတစ်ဝန်း ဆော့ကစားသူ အများအပြား ရှိလာတာကလည်း ဒီဂိမ်းရဲ့ အောင်မြင်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ PUBG ဂိမ်းကို Steam မှာ ပိုက်ဆံပေးဝယ်စရာမလိုဘဲ mobile gamer များအတွက် အထူးအခွင့်အရေးအနေနဲ့ Free to Play ရရှိတဲ့ ဒီ Rules of Survival ဂိမ်းကတော့ တစ်ကယ်ကောင်းမွန်တဲ့ ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဒီဂိမ်းကို နှစ်သက် ဆော့ကစားသူ တစ်ယောက်ဖြစ်တဲ့အတိုင်း Playon မိတ်ဆွေများအတွက်လည်း ဒီဂိမ်းမှာ နောက်ဆုံးအသက်ရှင်အောင် Survice လုပ်ရာမှာ လိုအပ်တဲ့ အချက်များကို အနည်းငယ်ဝေမျှဖော်ပြ လိုက်ရပါတယ်။ ဒီဂိမ်း features အနေနဲ့ Ranked ဆော့ကစားဖို့ အတွက် Solo mode ၊ Duel Mode ကတော့ မိမိနဲ့ အခြားသူငယ်ချင်း အတူတကွ နှစ်ယောက်တစ်ဖွဲ့နဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ သုံးယောက် သို့မဟုတ် လေးယောက် ဆော့ကစားဖို့ အတွက်ကတော့ Squad team မှာဆော့ကစားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာကတော့ မိတ်ဆွေအနေနဲ့ လေးယောက်မဟုတ်ဘဲ သုံးယောက်သာဆိုရင်တော့ online player တစ်ယောက်ဟာ မိမိအသင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပါဝင်လာတဲ့ တစ်ယောက်နဲ့လည်း အတူတကွ team work ညီညီနဲ့ အမှတ်တစ်ခုထဲကို လေထီးခုန်ချရမှာဘဲ ဖြစ်ပါတယ်။ တစ်ကယ်လို့ ပေးထားတဲ့ အမှတ်မှာ မခုန်ဘဲ online player တစ်ယောက်အနေနဲ့ သူ့စိတ်ကြိုက်ဆော့ကစားရင်တော့ မိတ်ဆွေတို့ Squad အနေနဲ့ အနည်းငယ် စိုးရိမ်ရဖွယ်ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်ကိုယ်တိုင်းလည်း ကြုံတွေ့ရတဲ့ အခိုက်အတန့်တွေလည်း မနည်းလှပါဘူး။ ဒါ့အပြင် player ၅ ယောက်ဆော့ကစားဖို့ ဆိုရင်တော့ Fireteam အနေနဲ့ ဆော့ကစားရမှာဆိုတော့ မိမိတစ်ယောက်ထဲမဟုတ်တော့ဘဲ ဘော်ဒါသူငယ်ချင်းများနဲ့ ပျော်ပျော်ရွင်ရွင် တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်းနဲ့ အခြားteam များကို ကျော်ဖြတ်နိုင်ဖို့ သေချာသလောက်ရှိပြီပေါ့ဗျာ။

ဒါပေမယ့် Battle Zone ရောက်ရှိနေသူအဖို့ သတိထား သိရှိထားရမယ့် အချက်အလက်အချို့ကိုလည်း Playon မိတ်ဆွေများအတွက် အနည်းငယ်မျှဝေလိုက်ရပါတယ်။ သင့်အနေနဲ့ Battle Zone ထဲကနေ survice ဖြစ်ပြီး အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ရယူဖို့ အတွက် လိုအပ်မယ်ထင်တဲ့ အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ဂိမ်းရဲ့ Battle Zone ထဲမသွားရောက်ခင် မိမိနည်းတူ အခြား players များလည်း ပါဝင်မှာ ဖြစ်တဲ့အတိုင်း မိမိအနေနဲ့ မိမိ လေထီးခုန်မယ့် နေရာကို မဆင်းခင် သတ်မှတ်ထားဖို့တော့ အရေးကြီးပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် လေယာဉ်ပျံသန်းမှု အနေအထားဟာလည်း မတူညီနိုင်သလို ကျယ်ပြန်တဲ့ မြေပုံပေါ်မှာ မိတ်ဆွေ စိတ်ကြိုက်ဆင်းသက် နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အကြံပြုချင်တာက မိတ်ဆွေအနေနဲ့ အဆောက်အဉီးနဲ့ နီးတဲ့ နေရာမှာ ဆင်းသက်ပြီး မိမိအတွက်လိုအပ်တဲ့ လက်နက်များ၊ သွေးဖြည့်ဖို့အတွက် medical kit များ၊ helmet ၊ armor ဝတ်စုံ၊ ကျောပိုးအိတ်များနဲ့ အတူ အဓိက ကတော့ သေနတ်တစ်ခုခု ဖြစ်ဖြစ် အရင်ရအောင် ရှာဖွေရမှာဘဲ ဖြစ်ပါတယ်။ ထို့အတူ လိုအပ်တဲ့ armos များကိုလည်း လိုက်လံ စုဆောင်းထားရမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ မိမိအသုံးမပြုတဲ့ weapons များနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများကို မကောက်ထားကတော့ အကောင်းဆုံးလို့ ပြောပါရစေ။ ပြီးတဲ့ နောက်တော့ မြေပုံကို ထောက်ကြည့်ပြီး မိမိအနေနဲ့ White Zone ထဲရှိနေ မရှိနေကို ကြည့်ရှုပြီး လှုပ်ရှားရမှာလည်း ဖြစ်ပါတယ်။ ခုနဖော်ပြထားတဲ့ ပစ္စည်းများ ရရှိပြီဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အရာများကတော့ စတင်လာပြီလို့ ဆိုရမှာ ဘဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ မျက်စိရှင်ရှင် နားစွင့်ထားပြီး လှုပ်ရှားသွားလာဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ Gunshot အသံကြားလိုက်တာနဲ့ ဝပ်နေတာကတော့ အကောင်းဆုံးဖြစ်ပြီး မြက်ပင်ကြားထဲကနေ သေနတ်သံလာရာဖက်ကို ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ အခြားသူများ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်နေတဲ့ အချိန်မှာ လှုပ်ရှားမှု မရှိတာကတော့ အကောင်းဆုံးပါ။ ဘာလို့လဲဆိုရင် ဂိမ်းလေးကိုက မိမိကိုယ်ကို အသက်ရှင်အောင် ပြုလုပ်ရမယ့် ဂိမ်းလေးဖြစ်တဲ့ အတွက် ပုန်းလျှိုးကွယ်လျှိုးနဲ့ Safe Zone ကို ရောက်ရှိဖို့ အတွက် အရေးကြီးတာ မဟုတ်လား။ မိမိကိုယ်ကို ယုံကြည်မှုရှိရင်ကတော့ တွေ့တဲ့သူကို ပစ်နိုင်ရင်ကတော့ အန္တရာယ်အကင်းဆုံးပေါ့ဗျာ။ သင့်ရဲ့ လှုပ်ရှားသွားလာမှု တစ်ခုချင်းစီဟာလည်း အရေးကြီးသလို White Zone နဲ့ ဝေးကွာနေရင်တော့ ကား သို့မဟုတ် ဆိုင်ကယ် သို့မဟုတ် စက်ဘီးလေးစီးပြီး Safe Zone ထဲဝင်ရောက်ဖို့ နောက်လှည့်မကြည့်ဘဲ မောင်းသာ မောင်းထားပါလို့ ပြောပါရစေ။ တကယ်လို့ white zone နဲ့ နီးကပ်နေရင်တော့ လမ်းလျှောက်သွားတာကတော့ အသင့်တော်ဆုံးလို့ ပြောရမှာ ဖြစ်ပြီး မိမိရဲ့ အနောက်ဘက်က လာမယ့် ရန်သူများကို စောင့်ပြီး ပစ်နေရုံပေါ့ဗျာ။ တဖြေးဖြေးနဲ့ အဖြူဝိုင်းဟာ လုံးဝကျဉ်းမြောင်းသွားမှာဖြစ်ပြီး မိမိအနေနဲ့ ကျန်ရှိတဲ့ လူစရင်းကို တစ်ချက်တစ်ချက် ကြည့်မိဖို့တော့ လိုအပ်မှာပါ။ အကယ်လို့ သင့်အနေနဲ့ နောက်ဆုံးဝင်ရောက်ရမယ့် အဆောက်အဉီး အိမ်ထဲဝင်ရောက်ပြီ ဆိုပါစို့ မိမိဝင်ရောက်မယ့် အိမ်အတွင်းမှာ အခြား တစ်ယောက် ယောက်ရှိနေတယ်ဆိုပါစို့ သင့်အနေနဲ့ ပြုလုပ်ရမှာကတော့ အိမ်ပြတင်းပေါက် အခန်းများကို သင့်မှာရရှိခဲ့တဲ့ ဗုံးများကို ပစ်ထည့်ရင်းနဲ့လည်း ရန်သူကို အနှောက်အယှက် ပေးတတ်ဖို့လည်း လိုအပ်ပါတယ်။ သင့်အနေနဲ့ အသုံးပြုသင့်တဲ့ လက်နက်အနေနဲ့ Shotgun ကတော့ အကောင်းမွန်ဆုံးလို့ ပြောလို့ရပြီး အနီးကပ် gun power မြင့်တာကြောင့် တစ်ချက်ထဲ ဒါမှမဟုတ် နှစ်ချက်လောက်နဲ့ ရန်သူကို ပစ်ခတ်နိုင်မှာဘဲ ဖြစ်သလို SMG သေနတ်များလည်း အနီးကပ် ပစ်ခတ်ဖို့ ကောင်းမွန်တဲ့ Gun အဖြစ် အသုံးပြုနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ကတော့ အသင်းနဲ့ ဆော့ကစားပြီး အနိုင်ယူဖို့ကတော့ Team Work ညီညီနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီစောင့်ရှောက်ဖို့တော့ အရေးကြီးပါတယ်။ ဒီနေရာ မိမိတစ်ယောက်ထဲ အသင်းသားတွေထက် ဘယ်လောက်ဘဲ ကောင်းနေပါစေ Team Work မရှိရင်တော့ ဘယ်လိုမှ နိုင်စရာ အကြောင်းမရှိပါဘူးလို့တော့ ကျွန်တော့ အနေနဲ့ မြင်မိပါတယ်။ Team နဲ့ ဆော့ကစားပြီဆိုပါစို့ လေယာဉ်ပေါ်ကနေ လေထီးခုန်ဖို့အတွက်ကတော့ Point တစ်ခုသတ်မှတ်ပြီး အားလုံးတစ်စုတစ်စည်းထဲ သွားရောက်ဖို့တော့ အရေးကြီးပါတယ်။ မိမိတစ်ယောက်ထဲ အခြားနေရာ ရောက်နေရင်တော့ ကိုယ့်အသင်းသားများရှိတဲ့ နေရာကိုသာ အမြန်ဆုံးသွားရောက်ဖို့ အကြံပြုပါရစေ။ သင့်အနေနဲ့ တစ်ယောက်ထဲရှိနေတာထက် ကိုယ့် Squad နဲ့ အတူတကွ ရှိနေရင်ကတော့ အလုံခြုံလုံး ပြောပါရစေ။ Squad တစ်ခုလုံး တစ်စုတစ်စည်းထဲနဲ့ အိမ်တစ်အိမ်ကို အတူတကွ လိုအပ်တဲ့ ပစ္စည်းများ ရှာဖွေရင်း တစ်ယောက်နဲ့ တစ်ယောက် back up ကြည့်ပေးဖို့ အရေးကြီးပါတယ်။

Sharing Is Caring လို့ဆိုတဲ့ ဒီဂိမ်းမှာလည်း အရေးကြီးလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပစ္စည်းများရနိုင်သလောက် ကောက်ထားပြီး အသင်းသားအချင်းချင်း လက်နက်များကို မျှဝေအသုံးပြုတယ်ဆိုရင်တော့ Team Squad ကောင်းမွန်တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် မိမိတစ်ယောက်ထဲက ရသမျှ သိမ်းကျုံးကောက်ယူမယ်ဆိုရင်တော့ ခေါင်းစားပြီပေါ့ဗျာ။ ဒါတွေကတော့ အမြဲမဟုတ်ရင်တောင် ကြုံစမြဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေအနေနဲ့ ဒီဂိမ်းကို Squad Team နဲ့ ဆော့ကစားပြီဆိုရင်တော့ ခုနပြောထားတဲ့ အချက်လေးဖြစ်တဲ့ Sharing Is Caring ကတော့ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အချက်များထဲက တစ်ချက်အဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။ Squad နဲ့ ကစားပြီဆိုပါစို့ အကယ်လို့ မိမိအနေနဲ့ ရန်သူ တစ်ယောက်ယောက်ကို တွေ့ပြီဆိုရင် လောဘမကြီးဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဖြစ်တတ်တာကတော့ မိမိမှာ Kill အကောင်ရေများအောင်လို့ လောဘကြီးပြီး ပစ်လိုက်ပြီး ကိုယ့် Squad တစ်ခုလုံး defeat ဖြစ်သွားရတဲ့ အခါမျိုးလည်း ကြုံတွေ့ဖူးပါတယ်။

ရန်သူတစ်ယောက် လှုပ်ရှားမှုကို တွေ့ပြီဆိုပါစို့ သင့်အနေနဲ့ ပထမဉီးဆုံးပြုလုပ်ရမှာက မိမိ Squad ကလူတွေကို ရန်သူရှိတဲ့ Point ကို အရင်ပြောပြထားပြီး အားလုံးရဲ့ ဆုံးဖြတ်ချက် ဒါမှမဟုတ် team leader ကပစ်လို့ ရပီဆိုမှ ပစ်တာကတော့ အကောင်းဆုံးပါ။ ဒါ့အပြင် ကျန်တဲ့ Player များအနေနဲ့လည်း အခြားတစ်ဖက်က လာနိုင်မယ့် Point တွေကို ထောက်ထားပြီး မိမိအသင်းသားများအတွက် Back up အနေအထားနဲ့ ရှိနေဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။ အကယ်၍ ရန်သူတစ်ယောက်ကို တွေ့လို့ မိမိတို့ ပစ်လိုက်ပီဆိုပါစို့ မိမိအသင်းသားများအနေနဲ့ သတိပြုရမှာကတော့ အသေမသတ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာလို့လည်း ဆိုရင် Team နဲ့ ကစားနေတဲ့ အတွက်ကြောင့် မိမိတို့နည်းတူ အခြား Team များလည်း ဒီBattle မှာပါဝင်နေတဲ့အတွက်ကြောင့် မသေမရှင်ထားထားခြင်းအားဖြင့် အခြားအသင်းသားများကို သူတို့ player နဲ့ မြှားခေါ်ပြီး စောင့်သတ်လို့ ရတာပေါ့ဗျာ။ ဒီလုပ်ဆောင်ချက်ဟာလည်း ကောင်းမွန်တဲ့ နည်းဗျူဟာ တစ်ခုလို့ ပြောရမှာ ဖြစ်ပြီး ဟိုဖက်အသင်းအနေနဲ့လည်း သေနတ်ဒဏ်ရာရတဲ့ အသင်းဖော်ကို ဆေးလာရောက်ကုသမှာကတော့ သေချာပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ရန်သူတစ်ယောက်ကို ပစ်ပြီးပြီဆိုရင်ကတော့ နေရာ positions များအမြန်ပြောင်းပြီး စောင့်ဖို့တော့ လိုအပ်မယ်နော်။ အကယ်လို့ position points များ မပြောင်းဘဲ အဲ့နေရာမှာရှိနေရင်တော့ သင့် နေရာကို သိသွားပြီး သင့်ဆီကို သေခြင်းတရားကတော့ ရောက်လာမှာဘဲ ဖြစ်ပါတယ်။

ဒီဂိမ်းလေးကို မြင်မိတာကတော့ မိမိအနေနဲ့ ဘယ်လောက် Shooting ကောင်းကောင်း နည်းဗျူဟာများက အားနည်းနေမယ်ဆိုရင် ပထမ ရရှိဖို့တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ တစ်ကယ်လို့ မိမိအနေနဲ့ white zone ထဲမရောက်ခင် သေဆုံးသွားတယ်ဆိုရင်တော့ စိတ်ဓာတ်မကျပါနဲ့ သင့် Team Squad မှာ အခွင့်အရေးရှိသေးတာ ဖြစ်ပြီး Battle ပြီးဆုံးတဲ့ အချိန်မှာကတော့ သင့်အနေနဲ့လည်း Point များရရှိနိုင်တာဖြစ်ပါတယ်။ ဒီလိုဂိမ်းမျိုးကတော့ Mobile Platform ပေါ်က အဖိုးတန်လှတဲ့ Shooting ဂိမ်းတစ်ခုလို့ ဆိုစမှတ်ပြုရမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဒီဂိမ်းကို Team Squad နဲ့ဆော့ရတာကို ပိုမိုသဘောကျပါတယ်။ တစ်ခါတစ်လေမှာ Squad ထဲက အချင်းချင်း ဆော့နေရင်း စကားများတာတွေ သေနတ်လုရတာတွေလည်း ရှိတတ်ပါတယ်။ သူငယ်ချင်းအချင်းချင်း ဒီဂိမ်းလေးကို တစ်နေရာထဲမှာ မဟုတ်လည်း ဆော့ကစားနိုင်တာဖြစ်ပြီး Mic ပုံစံလေးကို ဖွင့်ထားပြီး စကားလေးတပြောပြောနဲ့ ဆော့ကစားနိုင်တာကတော့ နှစ်သက်မိတာအမှန်ပါ။ အပြင်မှာ တွေ့ဖို့ခဲယှဉ်းတဲ့ သူငယ်ချင်းများနဲ့လည်း ဒီဂိမ်းလေးကို အတူတကွ ဆော့ကစားရတာကတော့ ကျွန်တော့ အတွက် အကြိုက်တွေ့စေတဲ့အချက်များမှာ တစ်ခုပါဝင်ပါတယ်။

Playon မိတ်ဆွေများအနေနဲ့ လည်း ဒီဂိမ်းကို နှစ်သက်သဘောကျပြီး ဆော့ကစားသူများရှိမှာ ဖြစ်သလို ဆော့ကစားဖို့ စဉ်းစားနေသူများလည်း ရှိနေမှာပါ။ ဘယ်လိုဖြစ်ဖြစ် ဂိမ်းကောင်းတစ်ခုအဖြစ် ကျွန်တော်ကတော့ မှတ်ချက်ပြုတာ ဖြစ်ပြီးတော့ ဆော့ကစားနေချိန်အတွင်းမှာလည်း မိမိကိုယ်တိုင် စစ်မြေပြင်ထဲ ရောက်ရှိနေသလို ခံစားမှု ရသကို ပေးစွမ်းနိုင်တဲ့ ဂိမ်းကိုတော့ free to play အနေနဲ့ mobile platform များမှာ ရယူနိုင်ပါတယ်ဆိုတဲ့ အကြောင်းကိုလည်း တစ်ဆက်တည်း တင်ဆက်လိုက်ရပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အချက်များကတော့ ဂိမ်းဆော့ကစားရာမှာ အသုံးဝင်တဲ့ နည်းများဖြစ်တယ်ဆိုတာကို ယုံကြည်ရင်း သင့်အနေနဲ့ ကျရောက်တဲ့ battle တိုင်းမှာ အသက်ရှင်သန်နိုင်တဲ့ သူရဲကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: