News

Avengers: Infinity War ကြောင့် ကစားသူပိုများလာတဲ့ Marvel ဂိမ်းများ

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ Avengers: Infinity War ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ စတင်ပြသခဲ့ပါတယ်။ ကိုယ်အကြိုက်ဆုံး Comic book က ဇာတ်ကောင်တွေကို ဖန်သားပြင်မှာတွေ့ရတော့မယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလွန်းလို့ အားပေးသူတွေလည်း တစ်ပုံကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းပြီးသွားတော့လည်း ရင်ထဲဟာတာတာကြီး ဖြစ်ပြီး ကျန်ခဲ့ပါလေရော။ ဇာတ်လမ်း အဆုံးသတ်သွားပေမယ့် မပြီးစေချင်သေးတဲ့သူတွေက ဂိမ်းတွေဘက်ကို လှည့်လာပါတယ်။ ဂိမ်းထဲက ကိုယ်အကြိုက်ဆုံးစူပါဟီးရိုးတွေကို ထိန်းချုပ်ပြီး အပြီအပြင် ဖိုက်ကြတာပေါ့။ အဲ့လိုနဲ့ Avengers: Infinity War ရဲ့ ကျေးဇူးကြောင့် Marvel ဂိမ်း player တွေ တိုးလာခဲ့ပါတယ်။

Infinity War မထွက်ခင် ၁၀ ရက် အခြေအနေနဲ့ ထွက်ရှိပြီး ၁၀ရက် အခြေအနေ နှိုင်းယှဉ်ချက်အရ Marvel ဂိမ်းတွေမှာ မြင့်တက်လာတဲ့ ဒေါင်းလုတ်အရေအတွက်၊ active user တွေနဲ့ ဝင်ငွေနှုန်းထားတွေကို တွေ့ရပါတယ်။

အပေါ်မှာတွေ့ရတဲ့ အတိုင်း Marvel ဂိမ်း ၅ ခုကို စစ်တမ်းကောက်ကူယူခဲ့ပါတယ်။ အခြား Marvel ဂိမ်းတွေလည်း ရှိသေးပေမယ့် စူပါဟီးရိုး တစ်ယောက်ချင်းစီကို မဟုတ်ပဲ Avengers အဖွဲ့လိုက်ပါတဲ့ ဂိမ်းတွေကို ဦးတည်စစ်တမ်းကောက်ယူထားတာပါ။

Infinity War ကြောင့် ပျမ်းမျှအားဖြင့် Marvel ဂိမ်း ဒေါင်းလုတ်ဆွဲမှု နှုန်းထား ၁၂၀ရာခိုင်နှုန်း၊ ဝင်ငွေ၅၀ရာခိုင်နှုန်းနဲ့ နေ့စဉ်ပျမ်းမျှ active user အရေအတွက် ၁၆ရာခိုင်နှုန်းထိ မြှင့်တက်ခဲ့တယ် လို့သိရပါတယ်။ ။

MARVEL vs. DC

၂၀၁၇ ရဲ့ ပထမ ၃ လ ပတ်ကာလကိုပြန်ကြည့်ရင် MARVEL နဲ့ DC ဘယ်ဂိမ်း တွေက ပိုပြီးအောင်မြင်ခဲ့လဲ သိချင်ကြမှာပဲ။ Marvel ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှု အရတော့ Marvel ဂိမ်းတွေကပိုအလားအလာရှိခဲ့ပါတယ်။ ဒုတိယ ၃ လပတ်မှာ Injustice 2 ထွက်ခဲ့တဲ့ အချိန်ကာလကလွဲရင် Avengers ဂိမ်းတွေက Justice League ဂိမ်း တွေထက် ပိုအောင်မြင်ပြီး ဝင်ငွေပိုသာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက စစ်တမ်းကောက်ယူမှုတွေကို အောက်က ဇယားမှာ ပြထားပါတယ်။

Playon ပရိသတ်ကြီးထဲမှာရော Infinity War ကြည့်တာ အားမရလို့ Marvel ဂိမ်းတွေထဲ ဝင်ဝုန်းနေတဲ့သူတွေရှိနေပြီလား။ ဝင်ဝုန်းချင်ပါရက်နဲ့ Marvel ဂိမ်း နာမည်တွေ အရမ်းများနေလို့ ရွေးရခက်နေရင်လည်း ခေါင်းရှုပ်မခံပါနဲ့တော့နော်။ Playon Website မှာ Marvel ဂိမ်း review တွေ အများကြီး တင်ထားပါတယ်။ သူတို့တွေကို ဖတ်ပြီး အကြိုက်ဆုံး Marvel ဂိမ်းကို စိတ်ကြိုက်ရွေးချယ်
ကစားနိုင်ပါတယ်။

 

Via

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: