Reviews

တကယ့်ရေခဲပြင်ထဲမှာနှင်းလျှောစီးရတဲ့ ခံစားချက်မျိုး ပိုင်ဆိုင်ခွင့်ရမယ့် Snowboarding The Fourth Phase

ရုပ်ရှင်တွေထဲမှာတွေ့ရတဲ့ ရေခဲတောင်တွေ ပေါ်ကနေ နှင်းလျှောစီးတဲ့ မြင်ကွင်းက အရမ်းကို ကြည့်လို့ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု နဲ့ နှင်းလျှောစီးဖို့ ဆိုရင် ချင်းတောင်တန်းတွေဆီ တကူးတက သွားမှ ဖြစ် နိုင်မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူအများစုကတော့ နှင်းလျှောစီးရတဲ့ ခံစားချက်ကို မသိကြပါဘူး။ အပြင်မှာ မခံစားဖူးတဲ့ နှင်းလျှောစီး အတွေ့အကြုံသစ်ကို
ခံစားနိုင်ဖို့အတွက် Snowboarding The Fourth Phase အကြောင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။

Snowboarding The Fourth Phase က နှင်းလျှောစီးရတဲ့ အရသာကို သိချင်တဲ့သူတွေအတွက် တကယ့် အပြင်မှာ နှင်းလျှောစီးနေရတဲ့ ခံစားချက်အတိုင်း ကို ပေးစွမ်းနိုင်ပါတယ်။ ဂိမ်းထဲမှာ နှင်းတောင်ကြီးတွေကို ဖြတ်သန်းပြီး ကျော်ကြားတဲ့ နှင်းလျှောစီးသမားတွေကြားမှာ အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်ကစားရမှာပါ။ အရမ်းကို မိုက်တဲ့ Graphic Designs တွေ သုံးပြီး reality နဲ့ တစ်ထပ်တည်းနီးပါးရအောင် ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။

အားကစား၊ အက်ရှင်၊ ရုပ်ရှင်အမျိုးအစားတစ်ခုဖြစ်တဲ့ “The Art of Flight” ပုံစံကိုယူပြီး မိုလ်ဘိုင်းဂိမ်း တစ်ခုအနေနဲ့ တီထွင်ထားတာဖြစ်ပါတယ်။ “The Art of Flight” ထွက်ရှိပြီး နောက်ဆက်တွဲအနေနဲ့ ထုတ်လုပ်ထားတဲ့ ဂိမ်းပါ။ အောက်တိုဘာလ၂၀၁၆ မှာ ထွက်ရှိထားတာပါ။ အားသာချက်တွေကတော့ သင့်ရဲ့ စိတ်ကူးအိမ်မက်ထဲကအတိုင်း ရေခဲပြင်ကြီးတွေမှာ နှင်းလျှောစီး ကစားနိုင်မယ့် အခွင့်အရေး ကိုပေးစွမ်းနိုင်တာပါ။ Multi-players ဂိမ်းဖြစ်လို့ အခြား ကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး အမှတ်တွေရယူနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် drones, snowmobiles, snowcats နဲ့ helicopters တွေအထိ စုဆောင်းပြီး အဆင့်မြှင့်တင်ပေးနိုင်ပါသေးတယ်။

လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိတဲ့ ဂိမ်းဖြစ်တာကြောင့် စပြီး ကစားလိုက်တာနဲ့ အဆက် ဖြတ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ ကဲ ဒါဆို … အားလပ်ရပ်တွေမှာ Snowboarding The Fourth နဲ့ နှင်းတောထဲမှာ အချိန်ဖြုန်းဖို့ အဆင်သင့်ဖြစ်ပြီလား။

Android, iOS နှစ်မျိုးစလုံးနဲ့ free ကစားနိုင်ပါတယ်။ Rating တွေက Google play store မှာ 4.5 နဲ့ App Store မှာ 4.7 ရရှိထားပါတယ်။ အောက်မှာ နမူနာ video လေးဖော်ပြပေးထားပါတယ်။ Fourth phase ရဲ့ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်လိုက်ပါ။

 

Image Source – Snowboarding The Fourth Phase

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: