ဒီဂိမ်းမှာတော့ Sniper Vs Thieves ဆိုတဲ့အတိုင်း sniper ကိုင်တဲ့လူ နဲ့ bank တွေဖောက်တဲ့ သူခိုးဓားပြတို့ရဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ဒီ ဂိမ်းမှာ မိတ်ဆွေတို့အနေနဲ့ Sniper ကိုင်တဲ့လူဘက်ကဆော့ကစားနိုင်သလို သူခိုးဓားပြဘက်မှလည်းကစားနိုင်ပါတယ်။
Sniper ကိုင်တဲ့လူမှာ တစ်ယောက် သာဖြစ်ပြီး အဲ့တစ်ယောက်က bank တွေဖောက်တဲ့ သူခိုးဓားပြ လေးယောက်ကို တိုက်ပေါ်ကနေ head shot ပစ်ရတဲ့ဂိမ်းလေးဘဲဖြစ် ပါတယ်။ သူခိုးဓားပြတွေကတော့ တိုက်ပေါ်ကနေ Sniper နဲ့ချောင်းပစ်တဲ့ ရန်ကလွတ်ပြီး ထွက်ပြေးမဲ့ကားဆီသို့ရောက်အောင် သတိနဲ့သွားရမှာပဲဖြစ်ပါတယ်။
အကယ်၍မိတ်ဆွေက Sniper ဘက်ကဆော့မယ်ဆိုရင်တော့ သူခိုးဓားပြတွေကို တိုက်ပေါ်ကနေထိအောင်ပစ်ရမှာပါ။ သေနတ်ပစ်ဝါသနာပါတဲ့ Mobile Player တွေအတွက်တော့ ရှယ်ပါပဲ။
မိတ်ဆွေက သူခိုးအနေနဲ့ ဆော့မယ်ဆိုရင်တော့ တိုက်ပေါ်က Sniper နဲ့ချောင်းပစ်နေတဲ့လူလက်ကလွတ်ပြီးစောင့်နေတဲ့ကားဆီရောက်အောင် စိတ်လှုပ်ရှားစွာသွားရမှာပဲဖြစ်ပါတယ်။
ဒါ့အြပင် Clan ထောင်ပြီး online ကမသိတဲ့လူတွေနဲ့တွဲဆော့နိုင်သလို မိတ်ဆွေတို့ရဲ့သူငယ်ချင်းများနဲ့လည်း ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ပါတယ်။ဒါ့အပြင် ဂိမ်းတွင်းမှာ emoji လေးတွေပါတာမို့ Sniper ကိုင်တဲ့လူက Target လွဲတာဘဲဖြစ်ဖြစ်၊ Head Shot ထိသွားဘဲဖြစ်ဖြစ်မိမိရဲ့ ပြိုင်ဘက်ကို လွတ်လပ်စွာ လေတိုက်နိုင်ပါတယ်။ ဂိမ်းထဲမှာ coin လေးတွေစုပြီး စိတ်ဝင်စားစရာ item တွေလည်းဝယ်နိုင်ပါတယ်။
ဒီဂိမ်းဟာ online ဂိမ်းဖြစ်ပါတယ်။ online ဂိမ်းဖြစ်သော်လည်း ဖုန်းဘေလ်အရမ်းမစားတာကြောင့် လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်မှာပါ။ နောက်ပြီး graphic ပိုင်းကလည်း 3D animation ဖြစ်တာကြောင့် ရုပ်ထွက်လည်း ကောင်းတယ်။ ဒီဂိမ်းဟာ ဂိမ်းကောင်းလေး ဖြစ်တာကြောင့် မိတ်ဆွေတို့ ဆော့ကြည့်စေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းကောင်းပေးလိုက် ပါတယ်။
Image Sources :
https://itunes.apple.com/nl/app/snipers-vs-thieves/id1159723495?l=en&mt=8