ရန်သူတွေကိုပစ်သတ်ပြီး လူတွေကယ်တင်ရမယ့် Sniper Strike : Special Ops!

မှောင်ခိုဒုစရိုက်သားတွေရဲ့နယ်မြေသွားပြီး အပြစ်မဲ့တဲ့ လူတွေကိုကယ်တင်ရမှာဖြစ်ပါတယ်။ ရန်သူတွေရဲ့နယ်မြေကြီးကိုသွားရမှာဖြစ်တာကြောင့် တစ်ယောက်တည်းသွားရမှာမဟုတ်ပဲ အဖွဲ့လိုက်သွားရမှာဖြစ်ပါတယ်။ မိတ်ဆွေက ကွန်မန်ဒါနေရာကနေဉီးဆောင်ပြီးသွား ရမှာဖြစ်ပါတယ်။


မိတ်ဆွေရဲ့စစ်သား ဘော်ဒါလေးတွေက အရှေ့ကနေပုန်းပြီး ပစ်နေတဲ့အချိန် မိတ်ဆွေက Sniper နဲ့အနောက်ကနေပြီး ရန်သူတွေကိုပစ်ခတ်ရမှာဖြစ်ပါတယ်။ Mission 100 ကျော်ပါဝင်တာကြောင့် mission အပြောင်းအလဲကိုလိုက်ပြီး မိတ်ဆွေနေရမယ့် Position ကလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ Sniper ကိုင်ပြီးအနောက်ကပစ်ရမှာပါ။ Mission တစ်ခုရဲ့လုပ်ဆောင်ရမယ့်တာဝန်ကို Mission မစတင်ခင်မှာ အမြဲဖော်ပြထားပါတယ်။

ဒီဂိမ်းလေးဟာ AAA rated Sniper ဂိမ်းလေးဖြစ်ပြီး Mobile မှာမတူညီတဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာလည်းဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ပစ်ချက်ကိုလိုက်ပြီး ရန်သူကသွေးတွေပန်းထွက်လာမှာဖြစ်ပြီး လွင့်ထွက်သွားမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သေနတ်ပစ်သံတွေကိုလည်း သေသေချာချာကြားနိုင်မှာဖြစ်တာကြောင့် High Performance Shooting ဂိမ်းတစ်ခုဖြစ်နေတာကိုလည်းတွေ့ရမှာပါ။

Arena, Campaign နဲ့ PvP(Player Vs Player) ဆိုပြီးမိတ်ဆွေဆော့နိုင်တဲ့ Option ၃ ခုကိုတွေ့ရမှာဖြစ်ပါတယ်။

  •   Arena ကတော့ Global က Player တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ ရန်သူတွေရော၊ အပြစ်မဲ့တဲ့လူတွေရော တပြိုင်နက်အများကြီးထွက်ရှိလာမှာဖြစ်ပြီး ရန်သူတွေကိုအမျာဆုံးသတ်နိုင်တဲ့ Player ကသာအနိုင်ရရှိမှာဖြစ်ပါတယ်။ ရန်သူတွေကလည်းပြန်လည်ပစ်ခတ်နေမှာဖြစ်တာကြောင့် မိတ်ဆွေလည်းသေဖို့ Chance ရှိပါတယ်။
  • Campaign ကတော့ Mission တွေကိုဆော့ကစားရမယ့်နေရာဖြစ်ပါတယ်။ ကွန်မန်ဒါနေရာကနေ ရန်သူနယ်မြေမှာရှိနေတဲ့အပြစ်မဲ့လူတွေကိုကယ်တင်ရမှာဖြစ်ပါတယ်။ North Sea, London, Baghdad အစရှိတဲ့မတူညီတဲ့နေရာတွေမှာဆော့ကစားနိုင်မှာဖြစ်ပါတယ်။
  • PvP mode မှာတော့ Global က Player နဲ့ 1 Vs 1 ကစားရမှာဖြစ်ပါတယ်။ နှစ်ယောက်လုံးရဲ့သေနတ်က Sniper ဖြစ်နေမှာပါ။ ပြိုင်ဘက်ကိုအရင်တွေ့ပြီး အရင်ပစ်ခတ်နိုင်သူကသာ အနိုင်ရရှိမှာဖြစ်ပါတယ်။

Sniper အပြင် Machine Gun, Shotguns, Pistols အစရှိတဲ့သေနတ်အမျိုးအစားတွေကိုလည်းတွေ့ရှိရဉီးမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Character ကရန်သူပစ်ချက်တွေကို ပိုပြီးခံနိုင်ရည်ရှိအောင် Armor တွေကိုလည်း Upgrade လုပ်နိုင်ဉီးမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး High performance Shooting ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

 

Image Source : Sniper Strike : Special Ops

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password