Sniper သေနတ်အမျိုးအစားကိုင်ပြီး Agent နေရာကတာဝန်ထမ်းဆောင်ရမယ့် Sniper Shooter Free – Fun Game!

ဒီတစ်ခါလည်းမိတ်ဆွေရဲ့ Character က Stickman ပါ။ အရင်တစ်ခေါက်က Article ကိုမိတ်ဆွေဖတ်ဖူးတယ်ဆိုရင် Stickman ဂိမ်းတွေတော်တော်များများ Playon မှာရှိနေတာကိုမိတ်ဆွေသိနေမှာပါ။ ဒီတစ်ခေါက် Action နဲ့ Shooting ရောစပ်ထားတဲ့ ဂိမ်းလေးမှာတော့ မိတ်ဆွေရဲ့ Stickman က Agent ဖြစ်ပါတယ်။

ကောင်းတဲ့အလုပ်လုပ်ရမယ့် Agent တော့မဟုတ်ဘူးဗျ။ မကောင်းတဲ့အလုပ်ဖြစ်တဲ့ လူသတ်တဲ့အလုပ်ကို လုပ်ဆောင်ရမှာပါ။ မိတ်ဆွေရဲ့ Agent Founder ကသူသတ်ချင်တဲ့လူကို ပြောမှာဖြစ်ပါတယ်။ အဲ့တော့ မိတ်ဆွေရဲ့တာဝန်က သူသတ်ခိုင်းတဲ့လူကို လိုက် သတ်လိုက်ရုံပါပဲ။

ပေါ်တင်သွားသတ်ရမှာမဟုတ်ပဲ လုပ်ကြံသတ်ဖြတ်ရမှာပါ။ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာအဆင်ပြေအောင် မိတ်ဆွေကိုင်ရမယ့်လက်နက်က Sniper သေနတ်အမျိုးအစားဖြစ်နေမှာပါ။ Sniper ကိုင်ပြီးတိုက်ပေါ်တစ်နေရာရာကနေ ချောင်းပြီးပစ်ရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုင်းမှာ သတိရှိနေဖို့ကအရေးကြီးဆုံးအချက်ပါပဲ။ တစ်ချက်မှားတာနဲ့ အလုပ်လည်းပြုတ်၊ ထောင်လည်းကျသွားမှာကြောင့်ပါ။

ပစ်ခိုင်းတဲ့လူမဟုတ်ပဲ တခြားလူကိုပစ်မိတာ နဲ့ တစ်ချက်တည်းသေအောင် headshot မပစ်နိုင်တာတွေက ဒီဂိမ်းရဲ့အကြီးဆုံးအမှားဖြစ်ပါတယ်။ ကျည်ဆံထွက်သွားတာနဲ့ အသံအကျယ်ကြီးကတစ်ပြိုင်နက်ထွက်လာမှာဖြစ်တာကြောင့် အားလုံးကကြောက်ပြီးပြေးကြမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်မိတ်ဆွေကိုလည်း ရဲကမိသွားမှာဖြစ်ပြီး Mission Fail သွားမှာပါ။ စစချင်း Level မှာတော့ရိုးရိုးရှင်းရှင်းလေးပစ်ခတ်ရမှာဖြစ်ပေမယ့် နောက်ပိုင်း Level တွေမှာတော့ တွက်ချက်ပြီးချိန်ပစ်ရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လေတိုက်ရာအရပ်၊ လေတိုက်နှုန်း၊ အကွာအဝေး စတဲ့ Unit တွေပါလာမှာဖြစ်တာကြောင့်ပါ။

ဒါ့အပြင် Target ကလည်းတစ်ခါတလေငြိမ်မနေပဲလမ်းလျှောက်နေမှာဖြစ်တာကြောင့် ပစ်ရတာတော့နည်းနည်း ခက်မှာဗျ။ ဖုန်းလေးလှုပ်ပြီး Target ကိုပစ်ရုံပဲဆိုတော့ ဆော့ပုံဆော့နည်းက ရိုးရှင်းပါတယ်။

In-game System ဘက်တစ်ချက်လှည့်ပါရစေ။ မိတ်ဆွေဆော့နိုင်တဲ့ Level တွေက ၁၃ ခုသာရှိပါတယ်။ ၁၃ ခုဆိုပေမယ့် ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ ဆော့ရတာလွယ်နေမှာမဟုတ်တာကြောင့် အချိန်ခဏလေးနဲ့ ပြီးသွားမှာတော့ မဟုတ်ဘူးဗျ။ Mission တစ်ခုမစခင် မိတ်ဆွေကို Intel လေးတွေပေးထားမှာဖြစ်ပါတယ်။ အဲ့တော့ Mission တစ်ခုလုပ်တိုင်း ပေးထားတဲ့ Intel ကိုဖတ်ရမှာမိတ်ဆွေရဲ့တာဝန်သာဖြစ်ပါတယ်။ မိတ်ဆွေကိုင်နေရမဲ့ Sniper အပြင် Psycho, Shotgun Sniper, Super Rifle စတဲ့ Sniper တွေကိုတွေ့ရဉီးမှာဖြစ်ပါတယ်။ Sniper တစ်ခုချင်းစီမှာ Ability တစ်ခုစီရှိနေတာကိုတွေ့ရမှာပါ။

13 chapters for you to enjoy. More chapters coming soon!

Source Sniper Shooter

အပေါ်က text လေးကတော့ Mission တွေအားလုံးပြီးလို့ဆက်ဆော့ချင်တဲ့ လူတွေအတွက်ပါပဲ။ Update တွေမှာ Chapter တွေတိုးလာဖို့အစီအစဉ်ရှိနေတာကြောင့် စောင့်ကြည့်ရမှာကတော့ Player တွေရဲ့တာဝန်ပါပဲ။ လာမယ့် Update မှာ Sniper အမျိုးအစားတွေပါထပ်မံတိုးလာဖို့ ကိုလည်းမျှော်လင့်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ 3D Graphics တွေကိုမြင်တွေ့ရမှာဖြစ်ပြီး မိမိကိုယ်ကို Agent တစ်ယောက်လိုခံစားရမယ့် ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Sniper Shooter 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password