Sniper ပစ်ကွင်းထဲက စစ်ပွဲများ

Playon ပရိသတ်ကြီးကို ဒီတခါမှာ အကောင်းဆုံး shooting တွေနဲ့ စစ်ပွဲဆီကို အလည်ခေါ်သွားပေးနိုင်မယ့် Sniper Fury ဆိုတဲ့ Online Mobile Game လေးနဲ့ မိတ်ဆက်ပေးပါရစေ။

 

Sniper Fury ဆိုတဲ့အတိုင်း Sniper ပစ်ခတ်မှုနဲ့ Story ဆန်ဆန် ဇာတ်လမ်းသွားနဲ့ ကစားရမှာဖြစ်ပြီး 2016 မှာ ထွက်ခဲ့တဲ့ Sniper X နဲ့ Deer Hunter တို့ကို ပြန်လည်အမှတ်ရစေမှာဖြစ်ပါတယ်။ Sniper ပစ်ခတ်မှု သီးသန့်မဟုတ် AK 47/Machine Gum ပစ်ခတ်မှုတွေမှာပါပြီး Level အစမှာ Game က Guide Line ပေးထားမှာ ဖြစ်ပါတယ်။

 

Game ရဲ့ အစပိုင်းမှာ လွယ်ကူမှာဖြစ်ပြီး နောက်ပိုင်း Mission တွေမှာ လူတွေကို ရန်သူ့လက်က ခက်ခက်ခဲခဲ ကယ်တင်ရတဲ့အထိ Mission တွေက ခက်လာမှာဖြစ်ပါတယ်။

Sniper Fury ဟာ ပြင်ပက တကယ့် Sniper သမားတစ်ဦးရဲ့ အတွေ့အကြုံကို အကောင်းဆုံးပေးမှာဖြစ်ပြီး mission တိုင်းကို အချိန်နဲ့ကစားရမှာဖြစ်ပါတယ်။ရုပ်ထွက်နဲ့ အသံတင်ဆက်မှုပိုင်းကလည်း ကောင်းပြီး mission တခုမှာ နောက်ဆုံးရန်သူကို ပစ်ခတ်လိုက်တဲ့ ကျည်ဆံကို အနှေးပြကွက်နဲ့ ထိမှန်တဲ့နေရာအထိ ပြသပေးမှာဖြစ်ပါတယ်။

 

Mission တိုင်းကို လွယ်ကူစွာ တိုက်ခိုက်နိုင်ဖို့ ကိုယ့်လက်နက်တွေကို upgrade တင်ပေးရမှာဖြစ်ပြီး လက်နက်ကောင်းနဲ့ ကျည်များများရဖို့ ရထားတဲ့ golden coin တွေကို သုံးရမှာဖြစ်ပါတယ်။လက်နက်အသစ်တွေလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ရန်သူတွေကို သတ်ရမယ့် ဦးရေနဲ့ ရန်သူရှိနေမယ့်နေရာတွေကို location နဲ့ပြမှာဖြစ်ပါတယ်။ချိန်ရွယ်မှုအတွက် Zoom ကို အသုံးပြုရမှာဖြစ်ပြီး ကျည်ဆံတွေကို အလိုအလျောက်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။အကောင်းဆုံး Graphic လို့ပြောလို့ရအောင် ရုပ်ထွက်ကောင်းမွန်လွန်းတဲ့အတွက် တကယ့်စစ်ပွဲအတွေ့အကြုံကို ခံစားမိစေမှာပဲဖြစ်ပါတယ်။

Sniper Fury ကို ကစားချင်သူတွေအနေနဲ့   ဒီမှာ ရယူကစားနိုင်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password