Reviews

ဝရမ်းပြေးကားတစ်စီးနေရာကဆော့ကစားရမယ့် Smashy Road!

ဒီဂိမ်းမှာမိတ်ဆွေက ပြစ်မှုကြီးကြီးမားမားလုပ်ထားတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ရဲတွေကမိတ်ဆွေ ကိုလိုက်ဖမ်းနေမှာပဲဖြစ်ပါတယ်။ ရဲလက်ထဲမရောက်အောင် ထွက်ပြေး နေရမှာကြောင့် ရင်လည်းခုန်နေရမှာပါ။ ထွက်ပြေးနေရင်းနဲ့ ရဲကားတွေကိုပြန်ချနိုင်အောင် မိတ်ဆွေရဲ့ကားကို လက်နက်ပေးထားမှာဖြစ်ပါတယ်။ အဲ့တော့ ထွက်ပြေးလိုက် ပြန်ချလိုက်နဲ့ဆော့နေရမှာဖြစ်ပါတယ်။

စစချင်းမိတ်ဆွေကားရဲ့ လက်နက်ကတော့ လောင်ချာဖြစ်နေပြီး ကျည်ကိုအကန့်အသတ်မရှိပေးထားမှာဖြစ်ပါတယ်။ ကျည်ကို အကန့်အသတ်မရှိပေးထားပေမယ့်တစ်ခါ ပစ်ပြီးတိုင်းတစ်ခါ reload လုပ်နေရမှာဖြစ်ပါတယ်။ Reload လုပ်တဲ့အချိန်ကအနည်းငယ်ကြာတာကြောင့် လောင်ချာကို ဆက်တိုက်ကြီးအသုံးပြုနိုင်မှာတော့မဟုတ်ဘူးဗျ။ အဲ့တော့လောင်ချာကိုအရေးဖော်အခြေအနေရောက်မှအသုံးပြုတာအကောင်းဆုံးဖြစ်ပါတယ်။

ကားကအရှေ့ကိုသူ့ဘာသာသွားနေမှာဖြစ်ပြီး မိတ်ဆွေရဲ့တာဝန်ကကားကို ဘယ်၊ ညာ လိုက်ပြီးထိန်းပေးရုံပါပဲ။ Endless ရှောင်ပြေးနေရမှာဖြစ်ပြီး တစ်ပွဲနဲ့တစ်ပွဲ ဆော့ကစားရမယ့်နေရာကကွာခြားသွားမှာဖြစ်ပါတယ်။ ရဲကားကြားထဲရောက်သွားတာတို့၊ ရေ (သို့) ချော်ရည် ထဲပြုတ်ကျသွားတာတို့ စတဲ့အခြေအနေရောက်ရင်တော့Game Over မှာဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာကြာ ရဲကားတွေလက်ထဲကလွတ်အောင်ပြေးနိုင်မလဲဆိုတာကတော့  မိတ်ဆွေရဲ့ ကားကိုControl လုပ်နိုင်တဲ့စွမ်းရည် အပေါ်မှာမှုတည်နေတာပဲဖြစ်ပါတယ်။ Single Player ဆော့နိုင်သလို သူငယ်ချင်းတွေနဲ့ Multiplayer လည်းဆော့နိုင်ဉီးမှာဖြစ်ပါတယ်။ Multiplayer မှာသူငယ်ချင်း ၄ ယောက်နဲ့အတူကစားနိုင်မှာဖြစ်ပါတယ်။ Battery Saver Option ပါတာကြောင့် ဒီဂိမ်းဆော့ရင်းနဲ့ Battery ကုန်သွားမှာကိုတော့စိတ်ပူစရာမလိုပါဘူး။

ကားအမျိုးအစားပေါင်း ၅၀ ကျော်ပါဝင်ပြီး ကားတစ်စီးနဲ့ တစ်စီး ပါဝင်တဲ့လက်နက်တွေကတူညီမှာမဟုတ်ပါဘူး။ ဒါ့အပြင် ကားရဲ့ရုန်းနိုင်အားတွေကလည်း မတူညီပါဘူး။ ကားရဲ့အရွယ်ကပိုကြီးရင် ရုန်းနိုင်အားကလည်းပိုများလာမှာဖြစ်ပါတယ်။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး ရန်ခုန်စွာဆော့ကစားရမယ့်ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Smashy Road

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password