Reviews

အကြိတ်အနယ် တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမယ့် PVP multiplayer ဂိမ်း Smashing Four

ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆင်နွှဲရမယ့် PVP multiplayer ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ဂိမ်းထဲမှာတွေ့ရမယ့် ဇာတ်ကောင် သူရဲကောင်းလေးတွေက ပုပု သေးသေးလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းပါတယ်။ ဇာတ်ကောင်တွေကို အကောင်သေးတယ်ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့နော်…အရွယ်နဲ့ မလိုက်အောင် အဆိပ်ပြင်းကြပါတယ်။ အသေအကြေကို ဖိုက်ကြမယ့် သူရဲကောင်း ဟီးရိုးလေးတွေပါ။

ကစားပုံကတော့ အခြား PVP ဂိမ်း အမျိုးအစားတွေလိုပါပဲ။ ရဲရင့်တဲ့ Smashing Four တပ်ဖွဲ့ကို တည်ထောင်ပြီး ထိပ်ဆုံးနေရာ ရအောင် တိုက်ခိုက်ရမှာပါ။ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲတွေ မှာ အနိုင်ရလာတဲ့ ဆုလာဒ်တွေနဲ့ သူရဲကောင်းတွေကို upgrade မြှင့် ၊ အားပြင်းတဲ့ စွမ်းအင်တွေကို unlock လုပ်ယူပြီး ပွဲခင်းထဲက ရန်သူတွေကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ထိုးနှက် တိုက်ခိုက်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အံ့အားသင့်ဖို့ကောင်းတဲ့ ဟီးရိုး ဇာတ်ကောင် အသစ်လေးတွေကို unlock လုပ်ယူပြီး သင့်ရဲ့ တပ်ဖွဲ့ထဲ ပေါင်းထည့်ပေးလို့ရပါသေးတယ်။

PVP multiplayer ဂိမ်းအမျိုးအစားဖြစ်တာမို့ သင့်ရဲ့ အရည်အချင်းတွေကို အသုံးချပြီး Leaderboard ရဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်လိုက်ပါ။ သင်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်လာနိုင်မှာလား ဆိုတာ ဘယ်သူသိနိုင်မှာလဲနော်…။ အားလုံးမှာ ချံပီယံ ဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။ ကစားသမား အချင်းချင်း ယှဉ်ပြိုင်ကစား ပြီး သူငယ်ချင်းအသစ်တွေ တိုးလာနိုင်မယ့် ဂိမ်းဖြစ်တာကြောင့် စိတ်ဝင်စားရင် တစ်ခေါက်လောက် စမ်းပြီး ကစားကြည့်သင့်ပါတယ်။

နမူနာ video လေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free ကစားနိုင်ပါတယ်။ အောက်မှာ ဂိမ်းထဲ တွေ့ရမယ့် characters လေးတွေရဲ့ ပုံလေးတွေ ပြပေးထားပါတယ်။

 

Image Source – Smashing Four

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password