Reviews

တိရစ္ဆာန်အကောင်လေးတွေနဲ့တွဲလောင်းခိုခုန်တက် ကစားရမယ့် Sling Kong

ဒီဂိမ်းထဲမှာ သင်က တိရစ္ဆာန်လေးတွေကို တွဲလောင်းခိုပြီး ခုန်တက်ခိုင်းရမှာဖြစ်တယ်။ တွဲလောင်းခို ခုန်တက်ရမယ် ဆိုပြီး လွယ်တယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ လမ်းခရီးမှာ မီးမှုတ်တဲ့ပန်းကြီးတွေ၊ ဓားစက်ကြီးတွေ စတဲ့အန္တရာယ်တွေကို တစ်ချက်ထိမိရုံနဲ့ သင့်ရဲ့တိရစ္ဆာန် အကောင်လေးတွေ တစ်စစီဖြစ်သွားပြီး ဂိမ်းကို အစကနေပြန်ကစားပေးရမှာပါ။

ရွေးချယ်နိုင်မယ့် တိရစ္ဆာန်အကောင်လေးတွေအများကြီးပါဝင်မှာဖြစ်ပြီး စစကစားချင်းမှာတော့ မျောက်လေးနဲ့ပဲ အရင်ကစားနိုင်မှာဖြစ်တယ်။ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဂဏန်း၊ ပန်ဒါဝက်ဝံ၊ ရေဘဝဲ၊ ပျား၊ ဝက် စတဲ့တွဲလောင်းခိုမယ့် အကောင်လေးတွေကို unlock ရမှာပါ။ ၃မိနစ်တစ်ခါဖွင့်ပေးမယ့် Lucky Sling ကို ဒင်္ဂါး၂၀၀ပေးပြီး unlock လုပ်ပေးရမှာဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာရှိနေတဲ့ အခက်အခဲအန္တာရာယ်ကျော်လွှားပြီး ဒင်္ဂါးတွေကို စုနိုင်မှာဖြစ်သလို Lucky Sling ကနေလည်း ဒင်္ဂါးတွေကို ရနိုင်မှာဖြစ်တယ်။

ဂိမ်းထဲမှာပါဝင်တဲ့ တိရစ္ဆာန် အကောင်လေးတွေနဲ့ ကစားနိုင်မယ့်အပြင် သင့်ရဲ့selfie ပုံနဲ့ ကိုယ်ပိုင်Kong လေးတွေဖန်တီးကစားလို့ရပါသေးတယ်။

Online ရော offline ရော ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး ချစ်စရာအကောင်လေးတွေနဲ့ကစားရမှာဆိုတော့ အရမ်းကိုမိုက်ပါတယ်။ ကဲ…ဒါဆိုရင် သင့်ရဲ့ချစ်ဖို့အရမ်းကောင်းတဲ့ သူငယ်ချင်း တိရစ္ဆာန်လေးတွေနဲ့ Sling Kong မှာ စိတ်လှုပ်ရှားစရာအချိန်ကာလ လေးတွေ ဖန်တီးလိုက်ကြရအောင်နော်။ Android, iOS နှစ်မျိုးစလုံးနဲ့ free to play ဖြစ်ပါတယ်။ Android version 4.1 နှင့်အထက်၊  iOS
version 8 နှင့်အထက်တွင်ဆော့ကစား နိုင်ပါတယ်။

 

 

 

Image Source  –  Sling Kong

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password