Reviews

အနီးအနားကောင်းကင်ပေါ်မှာ ပျံဝဲ နေတဲ့ တကယ့်လေယာဉ်နဲ့အတူကစားလို့ရနိုင်မယ့် Skyjacker

Playon က ဘော်ဘော်တို့ရေ တကယ့် reality နဲ့ အစစ်နီးပါးတူတဲ့ Skyjackerဂိမ်းကို Android နဲ့ iOS နှစ်ခုလုံးအတွက် download လုပ်ယူလို့ရနေပါပြီနော်။ မင်မင်ကအဲ့လိုပြောလိုက်ရင် အားလုံးကSkyjacker ဂိမ်းကဘာလဲဆိုပြီးသိချင်ကြမှာပါ။ အဲ့တော့ ဂိမ်းအကြောင်းလေးကိုအရင်ပြောပြပေးပါမယ်နော်။

Skyjacker ဂိမ်းကအပြင်မှာပျံသန်းနေတဲ့ တကယ့် လေယာဉ်တွေနဲ့ အတူတူကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ လေယာဉ် အစစ်တွေကိုမတွေ့တွေ့အောင်လိုက်ရှာဖမ်းရမှာပါ။ အကယ်၍ ဘော်ဘော်တို့ နေတဲ့နေရာမှာ လေယာဉ်တွေ မကြာခဏပျံသန်းသွားတတ်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကိုကစားရတာပိုပြီးအဆင်ပြေမှာပါ။

အပြောကိုပဲနားထောင်ကြည့်ရင်တော့ သိပ်ပြီးစိတ်ဝင်စားဖို့မကောင်းပေမယ့် တကယ်တမ်းကစားကြည့်မယ်ဆိုရင်တော့ ပထမဦးဆုံးစကစားချင်းမှာပဲလုံးဝကိုအကြိုက်တွေ့သွားမှာပါ။ စိတ်ဝင်စားဖို့တကယ်ကောင်းပါတယ်။ လေဆိပ်တွေဘာတွေမှာလေယာဉ်စောင့်နေရင်းနဲ့လည်း ဒီဂိမ်းလေးကိုအပျင်းပြေကစားကြည့်ရင် ပျော်စရာလေးတွေဖြစ်လာမှာပါ။ ဂိမ်းရဲ့ နမူနာဗီဒီယိုလေးကိုအောက်မှာကြည့်နိုင်ပါတယ်။

Trailer လေးကို ဘယ်လိုမြင်လဲ..??? မိုက်တယ်လို့ ထင်ရဲ့လားဘော်ဘော်တို့ရေ 😀 ဂိမ်းထဲမှာအရင်ဆုံးအနီးအနားကလေယာဉ်ပျံကိုရှာဖို့အတွက် radar scanner ကိုသုံးမှာလား binoculars ကိုသုံးမှာလား ဆိုပြီးမေးပါလိမ့်မယ်။ တစ်ခုခုကိုအသုံးပြုပြီး လေယာဉ်ကိုရှာဖွေ ကာ တွေ့ရင်လမ်းကြောင်းပြောင်းတာတို့ achievement တွေကို unlock လုပ်ဖို့အတွက် အခြား player တွေနဲ့ စစ်ထိုးတာ တို့ကိုလည်း ဂိမ်းထဲမှပြုလုပ်နိုင်ပါတယ်။

ဂိမ်းကိုအခုလိုပုံစံမျိုးနဲ့ ကစားရမယ်ဆိုတော့ ကြားရတာနည်နည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ သူရဲ့ စတိုင်က ဘာနဲ့တူလဲဆိုတော့ Flight Control နဲ့ နည်းနည်းဆင်ပါတယ်။ Player တွေရဲ့ အကြိုက်၊ အမြင်အပေါ်ကို မူတည်ပြီး ဂိမ်းကောင်းတစ်ခု ဟုတ်လား မဟုတ်ဘူးလားဆိုတာ သတ်မှတ်နိုင်မှာဖြစ်တာကြောင့် လူတစ်ယောက်ရဲ့ စိတ်အပေါ်မှာပဲမူတည်ပါတယ်။ အဲ့တာကြောင့် သာမန်ဂိမ်းအမျိုးအစားပုံစံတွေက နေ ထွက်ပြီးထူးထူးဆန်းဆန်းပုံစံဂိမ်းတွေကို မှ ကစားချင်သပ ဆိုရင်တော့ ဒီဂိမ်းလေးကိုအခုပဲ App Store နဲ့ Google Play Store တို့မှာသွားပြီး download လုပ်ယူလိုက်ပါနော်။

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: