အလန်းစား Graphic နဲ့ Shoot ‘em up ဂိမ်း Sky Force Reloaded

တစ်ခါတစ်လေတော့ ကျွန်တော်တို့တွေ အရမ်းနက်နဲရှုပ်ထွေးတဲ့ဂိမ်းတွေကို မဆော့ချင်တဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဘယ်လောက်ပဲကောင်းတဲ့ဂိမ်းဖြစ်ဖြစ် စိတ်ကိုအနားပေးချင်တဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကိုကုန်ဆုံးစေနိုင်မယ့်ဂိမ်းမျိုးကို ရှာဖွေတတ်ကြပါတယ်။ တကယ်လို့ သင်က အဲဒီလိုခံစားနေရတယ်ဆိုရင်တော့ သင်လိုချင်တာနဲ့ ကွက်တိဖြစ်မယ့် ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

လေယာဉ်တစ်စင်းကို ထိန်းချုပ်ရပြီး လမ်းမှာတွေ့သမျှ ရန်သူတွေကို ပစ်ခတ်၊ Power-up တွေလိုက်စားပြီး ရန်သူခေါင်းဆောင်ကို နှိမ်နင်းရတဲ့ Shoot ‘em up ဂိမ်းတွေကတော့ ကျွန်တော်တို့ အားလုံးနဲ့ ရင်းနှီးပြီးသား ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ အဲဒီဂိမ်းတွေထဲကမှ 3D Graphic အလန်းစားနဲ့ Sky Force Reloaded ဆိုတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

 .         

Sky Force Reloaded ရဲ့ Control စနစ်ကတော့ အင်မတန်မှ ရိုးရှင်းပါတယ်။ သင့်ရဲ့ လက်ညှိုးတစ်ချောင်းတည်းနဲ့ ဖုန်းမျက်နှာပြင်ကို ထောက်ထားပေးရုံပါပဲ။ လက်ချောင်းကို လွှတ်လိုက်ရင် အရာအားလုံးက နှေးကွေးသွားမှာ ဖြစ်လို့ ရှောင်ရှားရ အရမ်းခက်မယ့်အချိန်တွေဆို လက်ကိုလွှတ်ပြီး ဘယ်ဖက်ကို ရှောင်ရမလည်းဆိုတာ ကြည့်လို့ရမှာပါ။ ကစားသူရဲ့တာဝန်ကတော့ mission တွေလုပ်ပြီး အဲဒီကရတဲ့ ကြယ်တွေနဲ့ မိမိရဲ့ လေယာဉ်ကို အဆင့်မြင့်တင်ရမှာ ဖြစ်ပါတယ်။ မိမိ Stage တစ်ခုကို မနိုင်တော့ဘူးဆိုရင် အရင် Stage တွေကိုပြန်သွားပြီး ကြယ်တွေကို စုဆောင်းရမှာပါ။ Stage အားလုံးကို နိုင်သွားပြီဆိုရင်တော့ ပိုမိုခက်ခဲတဲ့ difficulty ကို ဆက်လက်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ကစားရင်းနဲ့ အခြားလေယာဉ်တွေကို ရရှိလာမှာဖြစ်ပြီး စုစုပေါင်း လေယာဉ် ၉ စီးပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Objective တွေကို လိုက်လုပ်ပြီး Technician တွေကို ရယူနိုင်ဦးမှာပါ။ Technician တွေမှာ သင့်ကိုအထောက်အကူပြုမယ့် ability တစ်ခုစီ ပါဝင်တာမို့ ရအောင်လုပ်သင့်ပါတယ်။ အဲဒီတော့ မိမိနှစ်သက်တဲ့ လေယာဉ်နဲ့ Technician အတွဲကို ရွေးချယ်ဆုံးဖြတ်ပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။

 .         

Sky Force Reloaded ကို Android ရော iOS မှာပါ အခမဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ သင်ကစားတာကို အနည်းငယ်အထောက် အကူပြုစေချင်တယ်ဆိုရင်တော့ ကြယ် ၂ ဆ ပိုရတာတွေ၊ လေယာဉ်ပြန်ပြည့်တဲ့နှုန်းမြန်တာတွေ စတာတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Ads တွေတက်တက်လာတာကို မကြိုက်ဘူးဆိုရင်တော့ Ads Removal ကိုဝယ်ယူပြီး ဖယ်ရှားနိုင်မှာပါ။ အဲဒီ IAP (in-app purchases) တွေက တစ်ခုကို $1.99 ပေးရမှာ ဖြစ်ပါတယ်။ Sky Force Reloaded ဟာ ပေါ့ပေါ့ပါးပါးနဲ့ နေရာမရွေး ဆော့ကစားလို့ရတဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ လူတိုင်းအတွက် သင့်တော်ပါတယ်။ IAP တွေကလည်း မဝယ်မဖြစ်တွေမဟုတ်တာမို့ ပိုက်ဆံမသုံးချင်သူတွေ စိတ်အေးအေးနဲ့ ဆော့ကစားနိုင်မှာပါ။ Shoot ‘em up ဂိမ်းကောင်းကောင်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ Sky Force Reloaded ကို စမ်းကစားကြည့်သင့်ပါတယ်လို့ ညွှန်းလိုက်ရပါတယ်။

Image Sources:

http://idreams.pl/en/

https://itunes.apple.com/us/app/sky-force-reloaded/id976116090?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password