Features

ပေါ့ပေါ့ပါးပါးဖြင့် ဆော့ကစားရမယ့် ဂိမ်းကောင်း (၃) ခု

ဒီနေ့မှာတော့ Playon မိတ်ဆွေများအတွက် ပေါ့ပေါ့ပါးပါးရှိမယ့် ဂိမ်းလေးများနဲ့ မိတ်ဆက်ပေးမှာဘဲ ဖြစ်ပါတယ်။ ရသ ပေါင်းစုံပေးနိုင်မယ့် ဂိမ်းလေးများအဖြစ် ယုံကြည်စေမယ့် ဂိမ်းလေးများကတော့ . . . . . . .

Mind Construct

သင့်အနေနဲ့  ဖြေရှင်းစရာ ကိစ္စများအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုရှိစေမှာပါ။ လျှင်မြန်တဲ့ ရွှေ့လျားမှု ပုံစံနဲ့ စဉ်းစား ဖြေရှင်းရတဲ့ အတွက် စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ စိတ်ကူးယှဉ်ဆန်တဲ့ ဇာတ်လမ်းတွေနဲ့ တည်ဆောက်ထားတဲ့ ဒီဂိမ်းလေးမှာလည်း မိတ်ဆွေအတွက် ဖြေရှင်းစရာ ပဟေဠိဆန်ဆန် ပုစ္ဆာများဟာလည်း စောင့်ကြိုနေမှာ အမှန်ပါ။ တစ်နည်းအားဖြင့် Mind Construct အမည်ရတဲ့ ဂိမ်းလေးဟာ Tapping Game လို့ပြောရမယ့် Problem Solving ဂိမ်းတစ်ခုဘဲ ဖြစ်ပါတယ်။

Free to Play အားဖြင့် ဒီဂိမ်းလေးကို Mobile Platform အနေနဲ့ Google Play Store နဲ့ App Storeပေါ်မှာ ရယူနိုင်ပါပြီ။

 

Scooby- Doo Mystery Cases

ဒီဂိမ်းလေးကတော့ Scooby- Doo နဲ့အတူ ကိစ္စရပ်များကို လိုက်လံ ဖြေရှင်းရမှာဘဲ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ပါဝင်တဲ့ အရာများကတော့ ၄င်းရဲ့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်များနဲ့လည်း တူညီမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာကတော့ Game Level ပေါင်း လေးဆယ်ကျော်ပါဝင်မှာ ဖြစ်ပြီး သင့်အနေနဲ့ Scooby- Doo နဲ့အတူ ကိုင်တွယ်ဖြေရှင်းရင်း လုပ်ဆောင်ရမယ့် အရာများကတော့ အဆင်သင့် ရှိနေပါတယ်ဗျာ………….. ။

ဒီဂိမ်းကိုတော့ Mobile Platform အနေနဲ့ Google Play Store နဲ့ App Store များမှာ Free to Play ဖြင့် ရယူနိုင်ပါတယ်ဆိုတဲ့ အကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။

 

Silly Sailing

ရွက်လွှင့်မယ့် ဂိမ်းလေးတစ်ခုဖြစ်တဲ့ Silly Sailing ကတော့ မိတ်ဆွေအတွက် စိန်ခေါ်မှု ဖြစ်မှာပါ။ လှေတက်မ များနဲ့ လှော်ခတ်ရမှာ ဖြစ်တဲ့ အပြင် မိတ်ဆွေအနေနဲ့ လေတိုက်နှုန်းများကိုပါ တွက်ချက်ပြီး ရွက်လွှင့် ရမယ့် အတွက် တကယ်ကို realistic ဆန်တဲ့ Stimulation နဲ့ ပြုလုပ်ထားတဲ့ အတွက် စိတ်ဝင်စားစရာ ကောင်းလို့ ဆော့ကစားရတာ ပျော်ရွှင် စေမှာပါ။ ထို့အပြင် သင့်အနေနဲ့ အခြား ဂိမ်းဆော့ကစားသူများနဲ့ လည်း ယှဉ်ပြိုင်နိုင်ပြီဆိုတော့ သဘောကျ နှစ်သက်စေမှာပါ၊။ ဒီဂိမ်းထဲမှာ ဘယ်သူက အတော်ဆုံး ရွက်လွှင့်မယ့် သူရဲကောင်းဆိုတာတော့ ယှဉ်ပြိုင်ဆင်နွဲရင်း လိုအပ်တဲ့ ရွက်လှေ၊ လှော်တက် များ ရယူ ပိုင်ဆိုင် နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီဂိမ်းလေးကိုတော့ Android နဲ့ IOS Platform များမှာ Free to Play အနေနဲ့ ရယူနိုင်ပါပြီ ဆိုတဲ့ အကြောင်း သတင်းစကား ပါးလိုက်ရပါတယ်။

Playon မိတ်ဆွေများအနေနဲ့လည်း ဒီနေ့ ဖော်ပြလိုက်တဲ့ ဂိမ်းလေးများ ရယူရင်း အားလပ်ရပ်များမှာ သာယာ ပျော်ရွင် နိုင်ပါစေလို့ ဆုတောင်းစကားဆိုလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password