ArticleNewsReviews

ဇွန်ဘီတွေနဲ့ တိုက်ခိုက်ပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်ရမယ့် shooter ဂိမ်း Left to Survive:PvP Shooter

ဒီတစ်ခေါက်မှာတော့ Playon က သူငယ်ချင်းတို့အတွက် horror ဂိမ်းကိုမှ shooter ပုံစံနဲ့တွဲမြင်ရမယ့် ဂိမ်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Horror နဲ့ Shooter ပေါင်းထားတာဆိုတော့ လုံးဝကို ကစားသင့်တဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်မှာတော့ သေချာသွားပါပြီ။ ထပ်ပြီး ကစားချင်စိတ်ဖြစ်သွားအောင် ဆက်ပြီး ဖတ်ကြည့်သွားပေးပါဦးနော်….
Left to Survive ထဲမှာ player က သေနတ်ကိုဆွဲပြီး ဇွန်ဘီကောင်တွေကို တိုက်ခိုက်ရင်း အသက်ရှင်ဖို့ ရုန်းကန်ရမှာပါ။ သင့်ကို ရန်ရှာမယ့် အန္တရာယ်ကောင်တွေက နေရာတိုင်းမှာ ရှိနေတဲ့အတွက် အမြဲတမ်း သတိရှိနေဖို့တော့ လိုပါလိမ့်မယ်။ ဇွန်ဘီကောင်တွေကို ရိုင်ဖယ် ၊ လက်ပစ်ဗုံး ၊ ပြောင်းချောသေနတ် ၊ စတဲ့ လက်နတ်တွေသုံးပြီး ချေမှုန်းရမှာပါ။ ဂိမ်းပုံစံကို မြင်အောင်ပြောရမယ်ဆိုရင် Resident Evil တို့ ပုံစံမျိုးပါပဲ။ ဇွန်ဘီတွေက သတ်ရတာ ခက်ခဲတဲ့ကောင်တွေဖြစ်တဲ့အတွက် လွယ်လွယ်နဲ့တော့ မသေနိုင်ပါဘူး။ ဇွန်ဘီတွေနဲ့ ဖိုက်ရတာ မုန်းလာရင် player အချင်းချင်း ပြန်ဖိုက်နိ်ုင်မယ့် tournament တွေလည်း လုပ်လို့ရပါသေးတယ်။ ဒီထက် ထူးခြားပြီး အရမ်းအရမ်းကို မိုက်တဲ့ အရာတွေကို ဂိမ်းထဲမှာ မြင်တွေ့နိုင်ပါသေးတယ်။ အဲ့တာကြောင့် ကိုယ်တိုင် ကစားကြည့်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေကို ဖော်ထုတ်လိုက်ပါလို့ ပြောချင်ပါတယ်။ ကစားဖူးတဲ့သူတွေကတော့ ဘယ်လိုဂိမ်းလဲဆိုတာကို ကောင်းကောင်း သိနေကြပြီထင်ပါတယ်။ မကစားခင် အောက်မှာ trailer လေး ကြည့်သွားလိုက်ဦးနော်…

Left to Survive ကို My COM က ထုတ်လုပ် ဖန်တီးထားတာဖြစ်ပါတယ်။ My COM က ဂိမ်းတိုင်းလိုလိုက တကယ့်ကို အမာခံ ပရိသတ်တွေနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ ဂိမ်းတွေပါ။ အဲ့ဂိမ်းတွေထဲမှာ Left to Survive လည်းတစ်ခုအပါအဝင်ပါပဲ။ သူက free to play ဖြစ်ပေမယ့် ဂိမ်းထဲမှာ တွေ့ရမယ့် အချို့အချို့သော item တွေကို ငွေပေးပြီး ဝယ်ယူဖို့လိုပါတယ်။ အကယ်၍ ဘော်ဒါက Left to Survive ကို စိတ်ဝင်စားလို့ ကစားချင်နေပြီဆိုရင်တော့ အောက်က လင့်လေးတွေထဲကို ဝင်ပြီ ဒေါင်းလုတ်လုပ် ကစားလိုက်ပါတော့နော်။။။ Free ဆိုတော့ လုံးဝကို more than amazing ပေါ့နော် … XD

Download Link –  Android , IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password