
ကိုယ်အရမ်းကို နှစ်သက်သဘောကျမိတဲ့ video game series က free-to-play မိုလ်ဘိုင်းဂိမ်း အဖြစ်ရောက်ရှိလာတယ်ဆိုတာ အမှန်တကယ်တော့ စိတ်လှုပ်ရှားဖို့သိပ်ပြီး မကောင်းလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ခုနောက်ပိုင်း video ဂိမ်းတော်တော်များများက မိုဘိုင်လ်း လောကဆီကို ပြောင်းလဲလာကြတာများလို့ပါ။ ဘာပဲဖြစ်ဖြစ် အတူတူတွေပဲ ဖြစ်မှာပဲလို့ စိတ်ထဲမှာထင်မိပါတယ်။
အဲ့တာကြောင့် အခု video ဂိမ်းဆီကနေ Mobile ဂိမ်းအဖြစ်ပြောင်းလဲလာခဲ့တဲ့ Shin Megami Tensei Liberation Dx2 ကိုလည်း သိပ်ပြီးစိတ်မလှုပ်ရှားမိပါဘူး။ ဒါပေမယ့် Shin Megami Tensei Liberation Dx2 ကို မိုဘိုင်လ်းနဲ့ video game ယှဉ် ကစားကြည့်လိုက်တဲ့အချိန်မှာ ကွဲပြားနေတာကိုတွေ့ရပါတယ်။ သူက video ဂိမ်းထက်တောင်ပိုကောင်းနေတယ်လို့ပြောလို့တောင်ရနေပါတယ်။ ဘယ်လိုတွေကြောင့်လဲဆိုတာ မသိချင်ကြဘူးလား။ သိချင်ရင် review ပုံစံမျိုးပြောပြပေးမယ်နော်။ Review မပြောခင်နမူနာ Video လေးကို အရင် ရှိုးလိုက်ပါဦး။ 😛)
Series ထဲမှာပါတဲ့ အခြား ဂိမ်းတွေလိုပဲ Liberation stars တွေက ကျူးကျော်ဝင်ရောက်လာတဲ့ မကောင်းဆိုးရွားတွေကို တိုက်ထုတ်ရမှာပါ။ ဒါပေမယ့် ဒီဂိမ်းလေးရဲ့ အကြောင်းပြချက်က အရင်က ထွက်ရှိဖူးခဲ့တဲ့ဂိမ်းတွေထက် နည်းနည်းပိုပြီး ဆန်းသစ်ပါတယ်။ ဂိမ်းထဲ စကစားချင်း မှာသင်က လူသစ်အနေနဲ့ဝင်ရောက် ရမှာဖြစ်ပြီး အဖွဲ့ထဲဝင်ရောက်လိုက်တာနဲ့ တိုကျိုရဲ့ Akihabara မှာ ဝင်ရောက်တိုက်ခိုက်ရမှာပါ။ ဂိမ်းကို story ရဲ့ ရှည်လျှားတဲ့ စကားပြောကွက်တွေနဲ့ပေါင်းစပ်ထားတာဖြစ်ပြီး သူတို့တွေက တိုက်ပွဲတွေရဲ့နောက်မှာ ချက်ချင်း ကပ်ပြီးပါလာကြမှာပါ။
Story က လွယ်ကူရိုးရှင်းသလို အရမ်းလည်းခက်ခဲပါတယ်။ ဂိမ်းထဲက chapter တွေကို အနေတော်အပိုင်းလေးတွေခွဲခြမ်းထားတဲ့အတွက်ကြောင့်လည်း မိုဘိုင်လ်း နဲ့ လုံးဝကိုကွက်တိပါပဲ။ ဂိမ်းထဲမှာဖန်တီးထားတဲ့ဇာတ်ကောင်တွေကလည်း မူရင်း Anime ဇာတ်လမ်းထဲက ပုံစံအတိုင်း အသေးစိတ်ဖန်တီးထားတာကြောင့် ကြည့်ရတာတော့တော်တော်လေးကိုကောင်းတဲ့အပြင် ဆွဲဆောင်မှု ရှိပါတယ်။ ဂိမ်းဇာတ်ကောင်တွေကို ဒီဇိုင်းလုပ်ထားတဲ့သူက Ace Attorney series နဲ့ နာမည်ကြီးတဲ့ Tatsuro Iwamoto ဖြစ်ပြီး ဇာတ်ညွှန်းကိုရေးသားထားသူက အရမ်းကိုမိုက်တဲ့ Cyberpunk anime ရဲ့ ဖန်တီးရှင် Makoto Fukami ဖြစ်ပါတယ်။
ဂိမ်းထဲမှာဆိုရင် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မွန်းစတားတွေနဲ့ လှုပ်ရှားမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ မစ်ရှင်အောင်မြင်ဖို့အတွက် တစ်ဖက်ရန်သူရဲ့ အားနည်းချက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ လှုပ်ရှားမှုတွေအားလုံးက မြန်ဆန်ပြီး menu တွေကိုလည်း ကောင်းမွန်စွာ ဒီဇိုင်းဖော်ဖန်တီးထားတဲ့အတွက် Portrait Mode မှာ လက်တစ်ဖတ်တည်းနဲ့တောင် ကစားလို့ရပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က SMT ဂိမ်းတွေရဲ့ အရေးအကြီးဆုံး element နှစ်ခုဖြစ်တဲ့ story နဲ့ combat နှစ်ခုစလုံးကို ဒီဂိမ်းထဲမှာပါဝင်ကစားလို့ရတာပါ။ Energy system ထည့်သွင်းထားတာကြောင့် ပေးထားတဲ့ session ကို ဘယ်လောက်ထိပဲ ကစားလို့ရမယ်လို့ ကန့်သတ်ထားပါတယ်။ အဲ့တာကြောင့် အနည်းဆုံး ပထမ chapter နှစ်ခုပြီးသွားတဲ့အထိ free-to-play ကြောင့် ဂိမ်းကရပ်တန့်သွားမှာမဟုတ်ပါဘူး။
အားလုံးကို ခြုံငုံပြီးပြောရရင် Shin Megami Tensei Liberation Dx2 က မိုလ်ဘိုင်း device တွေနဲ့ကိုက်ညီမှုရှိတဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အဲ့တာကြောင့် ဘော်ဒါတို့ထဲမှာ JRPG fan တွေရှိရင် သူ့ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
Ref : Verge