News

ဂိမ်းနဲ့အတူ အပျော်တွေ မျှဝေကြမယ်

Playon မိတ်ဆွေအပေါင်းတို့ရေ . . . . . . . . ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကတော့ ချစ်သူများနေ့ ဖြစ်တဲ့အတိုင်း ချစ်ခင်သူများအားလုံး အကြီးကြီး ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ ချစ်သူများနေ့လို့ ဆိုလိုက်တာနဲ့ အားလုံးက Relationship တစ်ခုကိုဘဲ မြင်မိကြမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ချစ်သူများနေ့ ဆိုတာကတော့ Relationship ရှိတဲ့သူများသာမက မိသားစု၊ သူငယ်ချင်း အချင်းချင်း မေတ္တာပြ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတဲ့ သူများအားလုံးကို ဆိုလိုပါတယ်။

ကဲ ဒီနေ့မှာကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ နဲ့အတူ အားလုံးအတွက် ပျော်ရွင်စရာ ဂိမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။ မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ သာမက ချစ်ခင်ရတဲ့ သူများနဲ့ အတူ ဆော့ကစားရင်း ပျော်ရွင်စရာများဖန်တီးနိုင်ကြပါစေဗျာ။

 

(1) Mucho Party

Price : Free To Play

Platform : Android/ IOS

Google Play Store

App Store

ဒီဂိမ်းလေးကတော့ two players ဆော့ကစားဖို့ အတွက်အကောင်းဆုံး ဖြစ်ပါတယ်။ Mucho Party အမည်ရတဲ့ ဂိမ်းလေးမှာတော့ အခြား mini games များစွာလည်း ပါဝင်နေမှာ ဖြစ်တဲ့အတိုင်း ဆော့ကစားသူနှစ်ယောက်အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ယှဉ်ပြိုင်ရင်း ရယ်မောပျော်ရွင်စရာများကို ဖန်တီးနိုင်ကြမှာပါ။ Two players လို့ ဆိုတဲ့အတိုင်း ဖုန်းတစ်လုံးထဲနဲ့ နှစ်ယောက်အတူ ဆော့ကစားရမှာ ဖြစ်တဲ့အတွက် ကိုယ့်ချစ်ရတဲ့ ချစ်သူ ဒါမဟုတ် သူငယ်ချင်းများနဲ့ ဆော့ကစားရင်း အပျော်တွေကူးစက်နိုင်ကြပါစေဗျာ. . . . . . . . . . . ။

 

(2) Heart Star

Price : Free To Play

Platform : Android/ IOS

Google Play Store

App Store

Heart Star အမည်ရတဲ့ ဂိမ်းလေးကတော့ puzzel platformer ဂိမ်း ဖြစ်တဲ့အတိုင်း ဒီနေရာမှာကတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်းနဲ့အတူ ဂိမ်း level တစ်ခုချင်းစီကို ကျော်ဖြတ်ဖို့ ရှိနေပါတယ်။ ဒီဂိမ်းလေးအားဖြင့် ချစ်ရသူ နှစ်ဦးအနေနဲ့ ပျော်ရွင်ရယ်မောမှုတွေကို ဖန်တီး ခံစားရစေမှာ ဖြစ်တဲ့ အတိုင်း အလွန်ကောင်းမွန်တဲ့ Platform Puzzel ဂိမ်းတစ်ခုလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ တစ်ခါတစ်လေ တွေ့ကြုံဖြေရှင်းရမယ့် အရာများမှာ တစ်ယောက်နဲ့ တစ်ယောက် အပေးယူမျှမျှနဲ့ ဖြေရှင်းရမှာပါ။

အခုဖော်ပြတဲ့ ဂိမ်းလေးများအားဖြင့် ပျော်ရွင် ကြည်နူးမှုများရယူရင်း လက်တွေ့ဘဝမှာလည်း ချစ်ရသူ နှစ်ဦးအနေနဲ့ တွေ့ကြုံ လာတဲ့ အနှောက်အယှက် အတားအဆီးများကို ကျော်လွှားနိုင်ပြီး ချစ်ရသူနဲ့ ရွှေလက်တွဲ နိုင်ကြပါစေလို့ playon မှလည်း ဆုတောင်းစကားဆိုလိုက်ရပါတယ်. . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: