News

Mobile ပေါ်ကိုရောက်နေပြီဖြစ်တဲ့ Shaq Fu: A Legend Reborn

ကွဲပြားခြားနားတဲ့ platform မျိုးစုံ အတွက် ထွက်ရှိလာခဲ့ပြီး လအနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ Shaq Fu: A Legend Reborn ကို Mobile ပေါ်မှာ ကစားလို့ ရနေပြီလို့သိရပါတယ်။ Shaq Fu: A Legend Reborn က ကြယ်ပွင့် Shaquille O’Neal နေရာက player ကိုယ်တိုင် ပါဝင်တိုက်ခိုက် ကစားရမယ့် ဖိုက်တင် ဂိမ်းဖြစ်ပြီး စထွက်ထွက်ချင်းမှာ Console နဲ့ Steam players တွေအတွက် အရင်ဆုံး ထွက်လာတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူ့ကို မိုဘိုင်လ်း ဖုန်းတွေနဲ့ပါ ကစားလို့ရနေပါပြီ။

ဂိမ်းထဲမှာ setting အဖြစ်ဖန်တီးထားတဲ့ ကမ္ဘာကြီးမှာ အဆိုးဆုံးသော ဘေးဒုက္ခအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် လူဆိုးကောင်တွေကလည်း ဂိမ်းထဲက နေရာတိုင်းလိုလိုမှာ နေရာယူလာကြပါတယ်။ လူသားလောကကြီး ကျွန်ပြုခံလိုက်ရတဲ့အချိန်မှာ လူသားမျိုးစိတ် အားလုံးကို ကယ်တင်နိုင်မယ့်သူက Shaq Fei Hung ဆိုတဲ့ လူပဲဖြစ်ပါတယ်။ သူကကိုယ်ခံပညာကို ဆရာကျကျ သင်ကြားထားတဲ့ နွမ်းပါးတဲ့ တရုတ်လူမျိုး မိဘမဲ့တစ်ယောက်ဖြစ်ပါတယ်။ ဂိမ်းထဲမှာ Shaq Fei Hung က ဇာတ်လိုက်ပါ။ သူက သူ့ရဲ့ တရုတ်ပြည်မှာရှိတဲ့ ကျေးလတ်ရွာငယ်လေးကနေ ထွက်ခွာပြီး အယုတ္တ အနတ္တ တွေနဲ့ အလွန့်အလွန် အန္တရာယ်များတဲ့ အနောက်ဘက်ပိုင်းကို မကောင်းဆိုးရွား လူဆိုးတွေ ချေမှုန်း တိုက်ထုတ်ဖို့အတွက် ခရီးထွက်လာတဲ့
သူဖြစ်ပါတယ်။

ဂိမ်းထဲမှာ player က သူ့နေရာကနေ ဝင်ရောက်ကစားရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာတွေကတော့ အပြည့်ပါပဲ။ သူ့ရဲ့ နမူနာ ဗီဒီယိုဖိုင်လေးကိုတော့ အောက်မှာကြည့်လို့ရပါတယ်။ ဗီဒီယိုဖိုင်က ထွက်ရှိထားတာတော့ ရက်ပိုင်းလောက်ကြာနေပါပြီ။ ဗီဒီယိုဖိုင်ကို ကြွေသွားပြီး ကစားချင်လို့ချင်ရင်လည်း အခုချက်ချင်းပဲ App Store နဲ့ Play Store တို့မှာ download လုပ်ယူလို့ရပါတယ်နော်။

Wow!!!… ဗီဒီယိုလေးက အရမ်းကိုဂေါ် တယ်မဟုတ်လား ဘော်ဘော်တို့ရေ… XD ??? ဂိမ်းထဲမှာ ပထမဦးဆုံး level အတွက် အခမဲ့ကစားလို့ရနိုင်မှာဖြစ်ပြီး နောက်ထပ် level တွေကို အဆုံးထိ ဆက်ကစားချင်တယ်ဆိုရင်တော့ 5 bucks အောက် ပဲပေးရမှာဖြစ်ပါတယ်။ 5 bucks တန်ဖိုးက console editions တွေထက်ပိုပြီး နည်းတဲ့နှုန်းထားဖြစ်တာကြောင့် မိုလ်ဘိုင်းမှာ ကစားရတာ ပိုပြီးတော့ တန်ပါတယ်။

အခုအချိန်မှာ Shaq-Fu: A Legend Reborn ကို PS4, Xbox One, PC, Nintendo Switch, iOS နဲ့ Android တို့မှာ ကစားလို့ရနေပါပြီ။

Download link – Android/ iOS

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: