News

Android ပေါ်ရောက်ရှိနေတဲ့ Fortnite app တွေကို ယုံကြည်သင့်လား ???

Fortnite က အခုအချိန်မှာ Console, PC နဲ့ Mobile တို့မှာ အရမ်းကို အုတ်အော်သောင်းတင်း ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုဆိုတာကို အားလုံးလဲ သိပြီးကြမှာပါ။ iOS ပေါ် ကို လည်း လွန်ခဲ့တဲ့ ၃လ လောက်ကမှ စတင်ရောက်ရှိခဲ့ပေမယ့် အခုဆိုရင် Fortnite iOS ရဲ့ဝင်ငွေက ဒေါ်လာ ၁၀၀ သန်းတောင်ကျော်နေပါပြီ။ ဂိမ်းရဲ့အောင်မြင်မှုတွေ ၊ တစ်ယောက်စကားတစ်ယောက်နားအတွေ့အကြုံဝေမျှမှုတွေကနေ Android အသုံးပြုသူတွေကလည်း Fortnite ဂိမ်းကိုစမ်းကြည့်ချင်နေကြပါတယ်။

အခုပြောမယ့်အကြောင်းအရာက Fortnite ကို စိတ်ဝင်စားနေကြတဲ့ Android user တွေရဲ့ အကြောင်းမဟုတ်ပါဘူး။ Fortnite ကို play ချင်နေကြတဲ့ Android user တွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရိုက်စားလုပ်လာကြတဲ့ fake app တွေအကြောင်းပဲဖြစ်ပါတယ်။ သူတို့ကို ယုံကြည်သင့်လား မယုံကြည်သင့်ဘူးလားပေါ့။

Google Play ထဲမှာ Fortnite လို့ရိုက်ထည့်လိုက်ရင်ပဲ Fortnite နာမည်ကို ယူသုံးထားတဲ့ app တွေအများစုကိုတွေ့ရနိုင်ပါတယ်။ အဲ့ဒီ app တွေ အများစုက ကြော်ငြာတွေအပြည့်နဲ့ တကယ့်ကို ဂျင်းအကြီးစားကြီးတွေပါ။ နည်းနည်းလေးမှ အသုံးမဝင်ပါဘူး။ Fortnite ရဲ့ အောင်မြင်မှုကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက် စီးပွားရှာနေကြတဲ့ app တွေပါ။ သူတို့ကို Google ကထိန်းချုပ်ထားလို့ Play Store ကနေ download လုပ်မိရင်တော့ သိပ်ပြီး အန္တရာယ် အများပါဘူး။ ဒါပေမယ့် Play Store အပြင်မှာ file တွေအနေနဲ့ ပြန့်နေတဲ့ Fortnite fake app တွေကတော့ တကယ်အန္တရာယ်များပါတယ်။

Fake app အများစုကို Google တို့ Chrome တို့မှာ Fortnite Android download file တွေအနေနဲ့ တွေ့နိုင်ပါတယ်။ YouTube မှာလည်း “Fortnite for Android” လို့ရိုက်ပြီးရှာလိုက်ရင် Android version download လုပ်နည်းတွေ အများကြီးတက်လာပါတယ်။ အောက်မှာ Fortnite ရဲ့ တရားဝင်မဟုတ်တဲ့ Android fake app တစ်ခုကို ဒေါင်းလုတ်လုပ်ပြီး ရလာတဲ့ result ကို ပြသွားပေးပါ့မယ်။

Logo ကိုကြည့်လိုက်ကတည်းက Apple iOS version နဲ့ တစ်ပုံစံတည်းကူးချထားတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

File ကို download, install လုပ်ပြီး App ထဲကိုဝင်လိုက်ပြီဆိုရင်တော့ Epic Games ဆိုတဲ့ Logo ကြီးကို ထင်ထင်ရှားရှားပြပါလိမ့်မယ်။ (ဂျင်းထည့်လို့ ကောင်းအောင်ပေါ့)

ပြီးရင် အောက်ကပုံအတိုင်း Loading ဆွဲနေတာကိုတွေ့ရပါလိမ့်မယ်။( ဒါလည်း iOS ဆီကနေ ခိုးထားတာပါပဲ။ ပုံတူလုပ်ထားတာပါ။)

 

Loading screen ပေါ်လာပြီးရင်တော့ Fortnite ရဲ့intro song နဲ့အတူ screen display မှာ “New Updates” ဆိုတာကိုတွေ့ရပါမယ်။

သူ့ကို Close ပြီး screen ကိုနှိပ်လိုက်ရင် နောက်တစ်ခုပေါ်လာပါလိမ့်မယ့်။ သူကတော့ ပိုပြီး အဓိပ္ပါယ်ရှိတဲ့ပုံစံပါ။ “Logging In..” ဆိုပြီးပြပါလိမ့်မယ်။ လုံးဝကို အစစ်အတိုင်းပါပဲ။

 

 

နောက်ထပ် တစ်ပိုင်း မှာတော့ Mobile Verification လိုတယ်လို့ပြောပါလိမ့်မယ်။

 

 

“OK” ကိုနှိပ်လိုက်တာနဲ့ browser ကနေ အခြား website တစ်ခုဆီကို တိုက်ရိုက်ဝင်သွားမှာပါ။ အဲ့ Website မှာတော့ Fortnite ကို ရဖို့အတွက် “You’re Not A BOT” ဆိုတာကို အတည်ပြုပေးရမယ်ဆိုပြီး တက်လာပါတယ်။ (Robot လည်းမဟုတ် Bot တဲ့ :3)

 

 

Verify လုပ်ဖို့အတွက် အသုံးပြုသူက Task တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ပေးရပါမယ်။ ဘယ်လို Task လဲဆိုတော့အခြား free app တစ်ခုကို download လုပ်ပေးရမှာပါ။

 

 

App တစ်ခုကို download လုပ်မယ်လို့ရွေးချယ်လိုက်ပြီဆိုရင်တော့ “Unlock Instructions” ဆိုတာကြီး ပေါ်လာပါလိမ့်မယ်။

 

 

အဲ့က “Tap to Install” ဆိုတာကိုနှိပ်လိုက်ရင် Google Play ဆီတစ်ခါတည်းဝင်သွားမှာဖြစ်ပါတယ်။ Google Play ထဲတန်းဝင်သွားတဲ့ app ကတော့ သင့်ကို အန္တရာယ်မပေးနိုင်ပါဘူး။ Safe ဖြစ်ပါတယ်။

 

သတင်းဆိုးက အခုမှလာမှာပါ။ အဲ့ဒီ app တွေကို ဘယ်လောက်များများ download လုပ်လုပ် Fortnite ကတော့ ဘယ်တော့မှ unlock ပွင့်သွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နဂိုတည်းက တည်ရှိနေတဲ့ app တစ်ခု မဟုတ်လို့ပါ။ Epic Games ကလည်း Android တရားဝင် version ကို ထုတ်လုပ်ထားခြင်း မရှိသေးပါဘူး ။ Official date ကို လာမယ့် နွေရာသီ / စက်တင်ဘာလ
နှောင်ပိုင်းလောက်မှ ထွက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ Fake app တွေရဲ့ Side effect တွေက ဖုန်းရဲ့ system ပိုင်းကို Virus ဝင်စေတဲ့အပြင် ဖုန်းအသုံးပြုရတာ လေးသွားခြင်း “harm” သွားခြင်း စတဲ့ မလိုလားအပ်တဲ့ အခြား ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ အဲ့တာကြောင့် Android အသုံးပြုသူများအနေနဲ့ လုံခြုံမှုမရှိတဲ့ Fortnite fake app တွေကို download မလုပ်ယူကြပဲ တရားဝင် Android Version ထွက်ရှိလာမှ အန္တရယ်ကင်းကင်း ဒေါင်းလုတ်လုပ်ယူဖို့ အကြံပြုချင်ပါတယ်နော်။ 😀)

Malwarebytes ရဲ့ author “Nathan Collier” analyze လုပ်ထားတာကို ကိုးကား ဖော်ပြထားခြင်းဖြစ်ပါတယ်။

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: