Reviews

Shadowguns Legends (သို့မဟုတ်) တိမ်မြုပ်နေသောရတနာ

ခေတ်စားနေတဲ့ Battle Royale ဂိမ်းတွေနဲ့ Mobile Legends တို့လို MOBA ဂိမ်းတွေကြားထဲအခြားဂိမ်းတွေဟာတဖြည်းဖြည်းမှေးမှိန်လာပါတယ်။ အဲ့လိုဂိမ်းတွေထဲကမှ ရတနာတစ်ပါးလို့ တင်စားရလောက်တဲ့ဂိမ်းလေးတစ်ခုကတော့…..။ မိုဘိုင်းဂိမ်းလောကမှာ gameloft ရဲ့ Modern Combat စီးရီးတွေနဲ့အပြိုင်အောင်မြင်တဲ့ ShadowGuns စီးရီးရဲ့နောက်ဆုံးထွက် Shadowguns : Legends ပါ။

နာမည်ကြီးစီးရီးတစ်ခုရဲ့နောက်ဆုံးထွက်ဂိမ်းဆိုတာကိုမြင်ယောင်ကြည့်လိုက်ပါ။ ဟုတ်ပါတယ်.. ထင်ထားသလိုပါပဲ အမိုက်စားရုပ်ထွက်တွေ အလန်းစား Feature တွေနဲ့ပွဲထွက်လာပါတယ်။ ဂိမ်းရဲ့တည်ဆောက်ပုံကတော့ Pc ပေါ်က Destiny နဲ့တော်တော်လေးဆင်ပါတယ်။ အလုံးစုံမတူရင်တောင်မှ Shadowguns : Legends ဟာ မိုဘိုင်းရဲ့ Destiny ပါပဲ။

Pc ရဲ့ နာမည်ကြီးဂိမ်းတစ်ခုကိုကိုယ့်လက်ဖဝါးပေါ်မှာဆော့ရမယ်ဆိုတော့အိမ်မက်တစ်ခုတစ်ကယ်ဖြစ်လာသလိုပါပဲ။ Feature တွေကိုပြောရမယ်ဆိုရင်ပထမဆုံးနဲ့အမိုက်ဆုံးတစ်ခုက Co-Op missions တွေပါ မိုဘိုင်းဂိမ်းတွေမှာ အရင်ကအရမ်းမျှော်လင့်ခဲ့ရတဲ့ player အချင်းချင်းချိတ်ဆက်အဖွဲ့ဖွဲ့ပြီးရန်သူတွေကိုပြစ်ခတ်ရတဲ့ mission ကစားပွဲမျိုးကို မြေပုံအကျယ်ကြီးတွေပေါ်မှာဆော့ရမှာပါ။

နောက်တစ်ချက်က Community hub ပါ ကစားပွဲတစ်ခုမသွားခင် bar မှာအေးဆေးသွားနားမလား၊ အခြား player တွေနဲ့ထိုင်ဆွေးနွေးမလား၊ ကိုယ့် character ကိုသေနတ်တွေကျည်ကာတွေစိတ်ကြိုက်ဆင်မလား၊ ထပဲကနေမလား ဒါတွေအားလုံးလုပ်လို့ရတဲ့ Community hub ကြီးပါပဲ။

 

အချုပ်အနေနဲ့သမားရိုးကျ shooting game တစ်ခုလိုသေနတ်တကားကားနဲ့လျှောက်ပစ်နေရရုံမဟုတ်ပဲနဲ့ Level တစ်ခုတက်တိုင်း 1 point ရတဲ့ skill system ကြောင့်ကိုယ့် character ကိုကိုယ်နဲ့လိုက်ဖက်မဲ့ skill တွေမြှင့်ရင်းအထာကျကျဆော့ရမှာမို့ တကယ့်ကိုတိမ်မြုပ်နေတဲ့ရတနာတစ်ပါးပါပဲ။ သမားရိုးကျဂိမ်းတွေထဲ ညည်းငွေ့နေတဲ့ Gamer တွေအတွက်တူးဖော်ပေးလိုက်ပါတယ်။၂၀၁၈ အစောပိုင်းက ကနေဒါနိုင်ငံ အတွက်ပဲထွက်ရှိခဲ့ပေမဲ့အခုတော့ တကမ္ဘာလုံးဆော့လို့ရနေပါပြီ။ အောက်က လင့်ခ် မှာဒေါင်းနိုင်ပါတယ်။

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password