Legendary Hero တွေနဲ့တကွ သူတို့ရဲ့ Martial Art အလန်းစားတွေကိုတွေ့မြင်ရမယ့် Shadow Fight 3

SF 3 ရဲ့ရှေမှာထွက်ရှိခဲ့တဲ့ Shadow Fight 2 ဆိုတဲ့ဂိမ်းလေးကို Playon မှာမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ Shadow Fight 2 မှာတော့ မိတ်ဆွေရဲ့ Character  ဟာ Shadow Gate ထဲရောက်ရှိပြီး အရိပ်တစ်ခုအဖြစ်ပြောင်းလဲခံခဲ့ရတာကို ဆော့ဖူးတဲ့လူပဲဖြစ်ဖြစ်၊ Review ဖတ်ပြီးတဲ့လူပဲဖြစ်ဖြစ် သိနေမှာဖြစ်ပါတယ်။ Shadow Fight 2 ရဲ့ Review လေးကိုစိတ်ပါလို့ ဖတ်ချင်တယ်ဆိုရင်တော့ Shadow Fight 2 ထဲမှတဆင့်သွားရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

အခု Shadow Fight 3 မှာတော့ Shadow Gate ကြီးနောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေကိုင်ရမယ့် Character နဲ့ အမည်ကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ ဂိမ်းစစဝင်ချင်းတည်းက မိတ်ဆွေကိုရွေးချယ်ခွင့်ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဓိကလုပ်ဆောင်ရမယ့်အရာကတော့ Shadow Gate ဆိုတဲ့အမှောင်ထုရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရင်း အကောင်းဆုံး သိုင်းသမားဖြစ်ကြောင်း သတ်သေပြရမှာပဲဖြစ်ပါတယ်။

အကောင်းဆုံးသိုင်းသမားဖြစ်ကြောင်းသတ်သေပြရမှာဖြစ်တာကြောင့် သိုင်းလောကသား အားလုံးနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ သိုင်းလောကသားတွေကို လိုက်ပြီး စိန်ခေါ်ရမှာလည်းဖြစ်ပါတယ်။ Chapter တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Army of Legion, Lands of Dynasty စတဲ့ နယ်မြေတွေကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ Story Mode လေးနဲ့ဆော့သွားရမယ့်ဂိမ်း လို့ဆိုနိုင်ပါတယ်။

Shadow Fight 3 ဂိမ်းလေးမှာထူးခြားတာလေး ရှိပါတယ်။ အဲ့ဒါကတော့ PvP (Player Vs Player) ဆော့ကစားနိုင်တာပဲဖြစ်ပါတယ်။ ဆော့ရမှာကလည်း 1 Vs 1 ဆော့ရမှာဖြစ်တာကြောင့် စိတ်ဝင်စားစရာပါပဲ။ Chapter တွေမှာ မိတ်ဆွေတစ်ယောက်တည်း Solo ဆော့တာပဲဖြစ်ဖြစ်၊ PvP Mode မှာ Global က Player တွေနဲ့ဆော့တာပဲဖြစ်ဖြစ် Round တွေနဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ အများစုဆော့ရမှာ ၂ round သာဖြစ်ပြီး တစ်ခါတလေ ၃ round လည်းဖြစ်နိုင်ပါတယ်။ ပေးထားတဲ့ Round  ၂ (သို့) ၃ round လုံးမှာရန်သူကိုအနိုင် ဖိုက်နိုင်မှသာတစ်ပွဲအနိုင်ရရှိမှာဖြစ်ပါတယ်။

ပွဲတစ်ပွဲအနိုင်ရရှိရင်တော့ ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အဲ့ဒီဆုကြေး Coin တွေနဲ့ မိတ်ဆွေက လက်နက်တွေ၊ Armor တွေစတာတွေအပြင် Combat အလန်းစားတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေက Shadow Fight 2 ကိုဆော့ဖူးတယ်ဆိုရင်တော့ ဒီ Shadow Fight 3 မှာတော်တော် Update လုပ်ထားတာကိုတွေ့ရမှာပါ။ Graphics, Sound System အပြင် Combat လုပ်ထားတာကိုတွေ့ရမှာပါ။ အကြီးမားဆုံး Update ကတော့ PvP mode ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ Hero တွေချတဲ့အခါမှာ ကြည်ကြည်လင်လင်နဲ့ရုပ်ကြွနေပြီး Punch, Back Kick စတဲ့မိတ်ဆွေလှုပ်ရှားလိုက်တဲ့အပေါ်မှာ အသံတွေကထွက်လာမှာဖြစ်လို့ ဆော့ရတာတော့တော်တော် ဟန်ကျတဲ့ဂိမ်းလေးဖြစ်မှာပါ။

Character များစွာပါဝင်မှာဖြစ်ပြီး မိတ်ဆွေနဲ့ဖိုက်ရမယ့် သူတွေကသာမန်လူမဟုတ်တာကြောင့် သတိထားဖိုက်ဖို့ပြောပါရစေ။ Character တိုင်းက Shadow Gate ထဲကလူတွေဖြစ်တာကြောင့် Shadow နဲ့ဆိုင်တဲ့ Special Power တစ်ခုခုသုံးနိုင်တာကိုတွေ့ရမှာပါ။ အဲ့ဒါအသုံးပြုဖို့ အပြာရောင်အတန်းကြီးဖြစ်တဲ့ Chakara တန်းကြီးပြည့်ဖို့တော့လိုအပ်ပါတယ်။ Special Power သုံးလိုက်ရင် အသုံးပြုသူက Shadow ပုံစံဖြစ်သွားမှာဖြစ်ပြီး အနည်းငယ်ပိုကြမ်းလာမှာလည်းဖြစ်ပြီး Magic Spell တွေလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Character တွေရဲ့ Strength က လက်နက်တွေ၊ Armor တွေအပေါ်မှာ အများကြီးမူတည်နေမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ PvP mode ဆော့နိုင်တဲ့အပြင် Martial Art  လန်းလန်းတွေကိုတွေ့မြင်ရမယ့် ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Shadow Fight 3 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password