Martial Art အလန်းစားကြီးတွေကိုကြိုက်တဲ့ Mobile Player များအတွက် Shadow Fight 2!

RPG နဲ့ Classical Fighting နှစ်မျိုးကိုပေါင်းစပ်ဖန်တီးထားတဲ့ ဂိမ်းလေးဖြစ်ကြောင်းဦးစွာပြောပါရစေ။ စစချင်းမှာအလွန်ထူးချွန်တဲ့ သိုင်းသမားတစ်ယောက်ရှိပါတယ်။ အဲ့ဒီအချိန်တုန်းကသူ့ကိုသိုင်းပညာမှာဘယ်သူ့မှမယှဉ်နိုင်ပါဘူး။ အဲ့ဒါကြောင့် အဲ့ဒီသိုင်းသမားတစ်ယောက် သူနဲ့ယှဉ်ချနိုင်မယ့်သူကိုရှာဖို့ခရီးသွားရင်း Shadow အမည်တွင်တဲ့ Gate ကြီးကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ Gate ထဲဝင်သွားတဲ့ အချိန်မှာအဲ့ဒီသိုင်းသမားတစ်ယောက် တခြား Dimension က မကောင်းဆိုးဝါးတွေနဲ့တွေ့ဆုံပါတယ်။ အဲ့ဒီမကောင်းဆိုးဝါးတွေက အဲ့ဒီသိုင်းသမားရဲ့ Soul ကိုယူပြီး အရိပ်တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။ အရိပ်တစ်ခုအဖြစ်ပြောင်းလဲခံလိုက်ရတော့အဲ့ဒီသိုင်းသမားတစ်ယောက်Shadow ဆိုတဲ့အမည်တွင်သွားပါတယ်။

 

 

ဒီဂိမ်းမှာ Shadow ကသူ့ရဲ့ Soul ကိုယူသွားတဲ့မကောင်းဆိုးဝါးအားလုံးကိုလိုက်သတ်မှာပါ။ အဲ့ဒါကတော့ Shadow ရဲ့ ရည်ရွယ်ချက်ပါ။ မိတ်ဆွေက Shadow ဆိုတဲ့သိုင်းသမားနေရာကနေ ဖိုက်ရမှာဖြစ်ပါတယ်။ ဖိုက်ရမယ့် မကောင်းဆိုးဝါးတွေက အများကြီးရှိပါတယ်။ အများကြီးရှိပေမယ့် တစ်ယောက်နဲ့အများ ဖိုက်ရမှာမဟုတ်ပါဘူး။ တစ်ယောက်ချင်းစီ 1 Versus 1 ဖိုက်ရမှာပါ။ မျှမျှတတ ဖိုက်ရမှာပါ။ ဒါပေမဲ့ လက်နက်တွေ၊ Armor တွေကတော့ကွာပါတယ်။ တိုက်ခိုက်ရမှာက 1 Versus 1 ဖြစ်တာကြောင့် တစ်ယောက်ချင်းစီရဲ့ Martial Art တွေကိုသေချာခံစားနိုင်မှာပါ။ လက်သီးထိုးတာတို့၊ လက်နက်ပါရင်လည်းလက်နက်နဲ့ချတာတို့၊ ခြေထောက်နဲ့ အရှေ့ အနောက် အပေါ်ကို ကန်တာတို့ကိုသေချာတွေ့မြင်ရမှာပါ။ လက်နက်တွေ၊ Armor တွေကိုတော့မိတ်ဆွေကိုယ်တိုင် In-game ပိုက်ဆံနဲ့ဝယ်ရမှာဖြစ်ပါတယ်။ In-game ပိုက်ဆံတွေကတော့ မိတ်ဆွေ Monster တွေကိုဖိုက်တာတစ်ပွဲနိုင်ရင်တစ်ခါရရှိမှာဖြစ်ပါတယ်။

 

လက်နက်တွေနဲ့ Armor တွေကတော်တော်စုံနေတာကိုတွေ့ရမှာပါ။ လက်နက်တွေအနေနဲ့ကတော့ ဓားရှည်၊ Nunchacku ၊ လက်သည်းရှည်၊ မှော်ပညာရပ်၊ စတာတွေအပြင်အခြားသောလက်နက်အစုံအလင်ကိုလည်းတွေ့ရဦးမှာပါ။ စစပိုင်းမှာတော့ ရန်သူတွေကသိပ်မကြမ်းပေမယ့် နောက်ပိုင်းရောက်ရင် လက်နက်အကြီးစားတွေ၊ Armor ကြီးတွေနဲ့ ရန်သူတွေကိုတွေ့ရမှာမလို့ချရတာအနည်းငယ်တော့ခက်ခဲလာပါလိမ့်မယ်။ လက်နက်ချင်း၊ Armor ချင်းအရမ်းကွာနေရင်တော့ ရန်သူကမိတ်ဆွေကို 3 ချက်လောက်ချပြီး မိတ်ဆွေရဲ့ Shadow မှောက်သွားတဲ့အခြေအနေတွေကိုလည်းတွေ့မြင်ရမှာပါ။

ဒီဂိမ်းမှာမိတ်ဆွေကမတူညီတဲ့ ကမ္ဘာ 6 ခုကိုဖြတ်သန်းရမှာပါ။ ကမ္ဘာ 1 ခုမှာ Level တော်တော်များများပါတာကြောင့် အကြာကြီးဆော့ကစားရမှာပါ။ Shadow Fight 2 မှာမိတ်ဆွေတစ်ခုသိထားရမှာရှိပါတယ်။ အဲ့ဒါကတော့ မိတ်ဆွေရဲ့ Shadow ဆိုတဲ့ Character ကသာမာန်လူဖြစ်တဲ့အတွက်ကြောင့် Stamina ရှိတယ်ဆိုတာပါပဲ။ Stamina ရှိတဲ့အတွက်ကြောင့် 4 (or) 5 ပွဲလောက်ချပြီးရင်ခဏနားပေးရမှာပါ။ မိတ်ဆွေမနားချင်လည်း သူ့ဘာသာ Energy ကုန်ပြီးအနားယူသွားမှာပါ။ အနားယူတဲ့အချိန်မှာဘယ်သူနဲ့မှချလို့မရပါဘူး။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ RPG နဲ့ Classical Fighting ရောစပ်ထားတဲ့အပြင် Martial Art အမိုက်စားလေးတွေလည်းပါဝင်တာကြောင့်မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.nekki.shadowfight

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password