News

Sega ရဲ့ ဂိမ်းအသစ် Phantasy Star က မိုဘိုင်းလ်အတွက် ထွက်မှာတဲ့နော်

Phantasy Star series ရဲ့ ဂိမ်းအသစ်ဖြစ်တဲ့ Phantasy Star Saga ဟာဆိုရင် အခု ၂၀၁၉ နှောင်းပိုင်းလောက် ဂျပန်နိုင်ငံမှာထွက်ရှိတော့မှာဖြစ်တယ်လို့ Sega က တရားဝင် ကြေညာလိုက်ပါပြီ။ အခုထွက်ရှိလာမယ့်ဂိမ်းက ၂၀၁၄ ခုနှစ်က PlayStation ပေါ်ကိုရောက်ခဲ့တဲ့ Phantasy Star Nova ပြီးရင် ပထမဦးဆုံး ခေါင်းစဉ်နဲ့ထွက်ရှိလာမယ့် role-playing ဂိမ်း franchise ဖြစ်ပါတယ်။

အရင်က Phantasy Star Online ခေါင်းစဉ်တွေထက်စာရင် Idola: Phantasy Star Saga က ရိုးရာ Phantasy Star RPG ဂိမ်းတွေနဲ့ ပိုပြီးဆက်နွယ်မှုရှိပါတယ်။ သူမှာ command-based, turn-based system တွေကိုအသုံးပြုထားတယ်လို့သိရပြီး အခုချိန်အထိတော့ တိကျသေချာတဲ့ gameplay ပုံစံကို ချမပြ သေးပါဘူး။ ဒါ့အပြင် Idola ထဲမှာ ဇာတ်ကောင်တွေကို စုဆောင်းဖို့နဲ့ Unlock လုပ်ဖို့ မိုလ်ဘိုင်းဂိမ်းတွေ တိုင်းမှာတွေ့ရတတ်တဲ့ gacha-based system ကိုအသုံးပြုထားတယ်လို့သိရပါတယ်။

Idola: Phantasy Star Saga ထဲမှာပါဝင်တဲ့ အဓိက ဇာတ်ကောင်တွေက Idola မွန်းစတားကြီးတွေကို တိုက်ထုတ်မယ့် တပ်ရင်း Aries Knights ရဲ့ခေါင်းဆောင် Stella နှင့် Stella နဲ့ မမျှော်လင့်ပဲတွေ့ဆုံခဲ့ပြီးနောက် Aries Knights အဖွဲ့ထဲကို ဝင်ခဲ့တဲ့ Yuri ဆိုတဲ့ မိဘမဲ့ကောင်လေး တို့ဖြစ်ပါတယ်။ ဂိမ်းရဲ့ဇာတ်လိုက်တွေဖြစ်ကြတဲ့ Stella နဲ့ Yuri တို့က အခြားဇာတ်ကောင်တွေနဲ့အတူ ပူးပေါင်းပြီး Idola နဲ့ Dark Falz လို့ခေါ်တဲ့ မကောင်းဆိုးရွားကောင်ကို ချေမှုန်းတိုက်ထုတ်ရမှာပါ။

Sega ရဲ့ တရားဝင်ထုတ်ပြန်ချက်သတင်းအရ Shuntaro Tanaka, Tomomasa Chin နှင့် Sho Mutsuura တို့အပါအဝင် the Valkyria Chronicles နှင့် Phantasy Star Online series တွေကို တည်ဆောက်ခဲ့တဲ့ ဝန်ထမ်းတွေကပဲ Idola: Phantasy Star Saga ကို ပြုလုပ်ကြမှာဖြစ်တယ်လို့သိရပါတယ်။ နမူနာ Video ကိုအောက်မှာကြည့်နိုင်ပါတယ်။

ဂိမ်းရဲ့ Screenshots ပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

 

 

 

Screenshot ပုံတွေ ကြည့်ပြီး ကြွေသွားကြပြီမဟုတ်လား ဘော်ဒါတို့ရေ။ ကြွေသွားရင်လည်း ဂိမ်းကမထွက်သေးတဲ့အတွက် play လို့မရသေးပါဘူး။ 😝) ဒါပေမယ့်စိတ်မပူပါနဲ့။ ဂိမ်းနဲ့ပတ်သတ်တဲ့သတင်း ထပ်ပြီးရတာနဲ့ Playon က အကြောင်းကြားပေးမှာပါ။ နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ ဂိမ်းတွေလည်း အများကြီးရှိသေးတာကြောင့် Playon ထဲကို ဝင်ကြည့်ပေးဖို့ မမေ့ကြနဲ့နော် 😃)

 

Ref: Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password