ArticleReviews

Official ထွက်ရှိလာပြီဖြစ်တဲ့ SEGA Heroes

အခုနိုဝင်ဘာလ အစောပိုင်းလောက်က Pre-register လုပ်နိုင်ကြောင်း ကြေညာထားတဲ့ SEGA Heroes ဆိုတဲ့ RPG ဂိမ်းဟာတော့ ပြီးခဲ့တဲ့ ရက်ကပဲထွက်ရှိလာပြီဖြစ်ပါတယ်။

Gameplay ပုံစံကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်တော်တို့ဖော်ပြခဲ့တဲ့အတိုင်း Candy Crush နဲ့ဆင်ဆင်ပါပဲ။ သူတစ်ပြန် ကိုယ်တစ်လှည့်ဆော့ကစားရမယ့် Turn-based ကို Puzzel တွေဆက်ပြီးကစား သွားရမှာပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ SEGA universe ကြီးထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Sonic The Hedgehog, Streets of Rage, Golden Axe, Shinobi, Super Monkey Ball, Jet Set Radio, Phantasy Star တို့ပါဝင်နေမှာဖြစ်ပြီး Dr. Eggman Robotnik, Mr. X နဲ့ Death Adder တို့လို character တွေနဲ့လည်း တိုက်ခိုက်သွားရမှာလည်းဖြစ်ပါတယ်။

Character ၄ ယောက်နဲ့ 4 men squad ပုံစံမျိုးကစားသွားရမှာဖြစ်ပြီး Character တစ်ယောက်ကို Puzzel အတွက် အရောင်တစ်ခုစီသတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ Character တစ်ယောက်ရဲ့ အရောင်အတိုင်း Puzzel က ၃ ခုတန်းသွားပြီဆိုရင် အဲ့ဒီအရောင်ပိုင်ရှင် Character ကစပြီး attack လုပ်မှာဖြစ်ပါတယ်။ ပုံမှန် combat တွေသာမက သတ်မှတ်ထားတဲ့ energy တစ်ခုရောက်ရင် Special attack ကိုပါအသုံးပြုနိုင်မှာပါ။ Story line ပုံစံ စကားပြောလေးတွေလည်းပါဝင်နေတာဖြစ်တာမို့ ပျင်းစရာလည်းကောင်းနေမှာမဟုတ်ပါဘူး။ ဒီဂိမ်းက Candy Crush လို Casual puzzel ဂိမ်းမျိုးတွေ ကြိုက်နှစ်သက်ပြီးသားလူတွေအတွက် အံ့ကိုက်ဖြစ်မယ်လို့ အာမခံပါတယ်။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password