Rayark ရဲ့ နောက်ဆုံးထွက်ဂိမ်း Sdorica: Sunset

ကမ္ဘာ့အကောင်းဆုံး Rhythm ဂိမ်းတွေဖြစ်တဲ့ CytusDeemo တို့နဲ့ အလန်းစား Action ဂိမ်း Implosion – Never Lose Hope တို့ကို ရေးဆွဲခဲ့တဲ့ Rayark ဟာ သူ့ရဲ့နောက်ဆုံး Porject ဖြစ်တဲ့ Sdorica: Sunset ကို Soft Launch လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက Teaser Trailer ပြထားတဲ့ အဆိုပါဂိမ်းဟာ Rayark ထုတ်နေကျ ဂိမ်းအမျိုးအစားတွေကနေ ကွဲထွက်ပြီး Side-Scrolling Puzzle RPG တစ်ခုဖြစ်နေပါတယ်။

ဒီဂိမ်းမှာ ပုံမှန် Match-3 Puzzle တွေကနေ အနည်းငယ်ကွဲပြားတဲ့ ကစားနည်းကို အသုံးပြုထားပါတယ်။ အတုံးလေးတွေက အရောင်သုံးမျိုးရှိမှာဖြစ်ပြီး အရောင်တစ်ခုချင်းစီက အဖွဲ့ဝင်တစ်ယောက်ချင်းစီကို ကိုယ်စားပြုမှာဖြစ်ပါတယ်။ အတုံးလေးတွေကို ၁၊ ၂၊ ၄ ကွက်တွဲတွေရအောင် လိုက်ဆက်ပေးပြီး ကစားရမှာဖြစ်ပါတယ်။ အတုံးအရေအတွက် များများတွဲနိုင်လေ သင့် Character တွေချတာပိုကြမ်းလေပဲ ဖြစ်ပါတယ်။

 .         

Rayark ကထုတ်တဲ့ဂိမ်းဆိုတာနဲ့ Music ပိုင်းနဲ့ Art အပိုင်းကို စိတ်သာချထားလိုက်လို့ ပြောရမှာပါ။ အရှေ့ကဂိမ်းတွေလိုပဲ Sdorica ရဲ့ Music နဲ့ Art အပိုင်းက အပြစ်ပြောစရာမရှိပါဘူး။ သီချင်းတွေကိုဆိုရင် Deemo ရဲ့ Soundtrack ကိုရေးစပ်ခဲ့သူက တာဝန်ယူထားတာဖြစ်ပါတယ်။ ၄ နှစ်တောင်အချိန်ယူပြီး ရေးဆွဲထားတဲ့ဒီဂိမ်းကို Rayark ပရိသတ်တွေကတော့ အရမ်းမျှော်လင့်နေကြပါတယ်။ စမ်းသပ်ဆော့ကစားပြီးတဲ့သူတွေရဲ့ Feedback တွေကလည်း တော်တော်ကောင်းတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ Soft Launch လုပ်ထားတဲ့ New Zeland ၊ Australia ၊ Malaysia နဲ့ Singapore Region တွေမှာပဲ စမ်းသပ်ဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ Global Release လုပ်တဲ့အချိန်ကျရင် Gameplay အသေးစိတ်ကို ဒီကနေတင်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password