ArticleNews

သီးသန့် မူပိုင် Harry Potter game အတွက် Niantic မှာ အမေရိကန် ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှပ်နှံထားတဲ့ Samsung

Samsung ဟာ Niantic ရဲ့ဂိမ်းတွေကို မူပိုင်အနေနဲ့ ဝယ်ယူဖို့ စာချုပ်တွေ ချုပ်နေခဲ့တာပါ။ အခု လည်း Harry Potter ဂိမ်းအတွက် အမေရိကန်ဒေါ်လာသန်း ၄၀ မြှပ်နှံလိုက်ပြန်ပါပြီ။ အခုလို ပူးပေါင်းရတာရဲ့အဓိက ရည်ရွယ်ချက်က Pokémon Go ပုံစံထွက်လာမယ့် Harry Potter ဂိမ်းကို မူပိုင်အနေနဲ့ အသုံးပြုဖို့ရန်အတွက် ဖြစ်နိုင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။

Samsung ဟာ အခြား Android ဖုန်း တံဆိပ်တွေကို နာမည်ကြီး လူကြိုက်များတဲ့ ဂိမ်းတွေနဲ့ ထိုးဖောက်ဖို့ အတွက်ရည်ရွယ်ထားတာကြောင့် အခုလို Niantic ရဲ့ Harry Potter ကို ရွေးချယ်လိုက်တာလို့ ထင်ပါတယ်။ အဆိုပါ Harry Potter ဂိမ်းကို Galaxy Note series ရဲ့ Pen stylus နှင့်ဆော့ကစားနိုင်အောင် ဖန်တီးထားမှာဖြစ်ပြီး Samsung ရဲ့ အခြားအမျိုးအစားမော်ဒယ်တွေနဲ့လည်း ကစားနိုင်အောင် စီစဉ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီမှာ တစ်ခုမရှင်းတာရှိပါတယ်။ အဲ့တာကတော့ အခု Samsung ကနေ မူပိုင် ဝယ်ယူမယ့် Harry Potter ဂိမ်းက Pokémon Go ပုံစံထွက်လာမယ့် Harry Potter : Wizards Unite game လား (ဒါမှမဟုတ်) Galaxy ဖုန်းတွေအတွက် သီးသန့်ထုတ်မယ့် အခြား ဂိမ်းတစ်ခုလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ပူးပေါင်းမယ့် သတင်းကို Samsung နဲ့ Niantic တို့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေပြီးရင် တရားဝင် ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ကျမှာ ဂိမ်းရဲ့ ခေါင်းစဉ် အတိအကျလည်း ထွက်လာမယ်လို့ ထင်ပါတယ်။

Samsung က ခုလို နာမည်ကြီးဂိမ်းတွေကို မူပိုင်အနေနဲ့ ဝယ်ယူတာက ထူးခြားတဲ့ ဖြစ်စဉ်တော့မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အရင်တုန်းကလည်း Fortnite ကို အချိန် အတိုင်းအတာတစ်ခုအထိ မူပိုင်အနေနဲ့ဝယ်ဖူးလို့ဖြစ်ပါတယ်။ နောက်ထပ် ဝယ် ယူမယ့် ဂိမ်းတွေကတော့ Harry Potter, Ron နဲ့ Hermione တို့ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဒီ သတင်းတွေသာ အတည် ပြုပြီးရင်တော့ Samsung user တွေအတွက် သတင်းကောင်း ပါပဲ။

Playon က ဘော်ဒါတို့ထဲမှာရော…. Samsung ဖုန်း သုံးနေတဲ့သူတွေ ရှိကြလား။

Ref: Phonearena

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password