News

မကြာခင်မှာရောက်ရှိလာတော့မယ့် RWBY: Amity Arena

နာမည်ကြီး အမေရိကန် Anime စီးရီး Web series ကို ဂိမ်းအဖြစ်ပြန်လည်ပုံဖော်ထားတဲ့ RWBY: Amity Arena ကိုလာမယ့် ဆောင်းဦးရာသီမှာကစားလို့ရနိုင်တော့မယ်လို့သိရပါတယ်။ RWBY ကိုအခြေခံဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီးသူ့ရဲ့ ပုံစံ က Clash Royale နဲ့ နည်းနည်းဆင်ပါတယ်။ သူ့ရဲ့ show ကို ကြည့်ချင်တယ်ဆိုရင် Rooster Teeth လို့ခေါ်တဲ့ streaming service မှာသွားရောက် ကြည့်ရှု နိုင်ပါတယ်။ ဗီဒီယိုအရတော့ မွန်းစတားတွေ ရဲ့ အတိုက်အခိုက် ခံနေရတဲ့ ကမ္ဘာကြီးမှာ လူငယ်လေးတွေက မကောင်ဆိုးရွားဖမ်းတဲ့ မုဆိုးလေးတွေအဖြစ် တွေအဖြစ် ဆောင်ရွက်ရမယ့် ဂိမ်းဖြစ်ပါတယ်။ Gameplay ပုံစံလေးက လည်းအားလုံးနဲ့ရင်းနှီးပြီးသားပုံလေးပါ။ နမူနာဗီဒီယိုကိုအောက်မှာကြည့်နိုင်ပါတယ်။

ဂိမ်းကို foundation ယူထားတဲ့ anime စီးရီးကတော့ အရှေ့တိုင်းမှာသာမကအနောက်တိုင်းမှာပါ တကယ့်ကိုနာမည်ကြီးတဲ့ စီးရီးပါ။ ပြောစရာဆိုလို့ အခြားဘာဆိုဘာမှ မရှိပေမယ့် သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။ အဲ့တာကတော့ Clash Royale ပုံစံကိုနည်းနည်းယူထားတာပါ။ ပုံစံ ကြည့်ရတာတော့ နည်းနည်းတောင်မကပါဘူး။ များများပါ… အဲ့တော့ Clash Royale fan တွေအတွက်တော့ လုံးဝကိုအကြိုက်ပဲပေါ့နော်။

RWBY: Amity Arena ကိုအခုလာမယ့် ၂၀၁၈ နှောင်းပိုင်းလောက်မှာတွေ့ရနိုင်ဖွယ်ရှိပါတယ်။ သူ့ရဲ့ ပုံစံလေးကိုကစားဖို့စိတ်ဝင်စားရင်တော့ အခုပဲပြေး Pre-register လုပ်ထားလိုက်တော့နော်။ ကစားဖို့ pre-register မလုပ်ခင် အရင်ဆုံး show ပွဲလေးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီ link လေးထဲကိုဝင်ပြီး Rooster Teeth ကနေ ကြည့်လို့ရနိုင်ပါတယ်နော်။ Google Play Store မှတစ်ဆင့် pre-register လုပ်မယ်ဆိုရင် 1,000 Lien ကိုရရှိမှာပါ။

Ref

Tags:

1 Comment
  1. NyiNyiChan August 26, 2018 at 12:43 am

    ဘယ်လို့မျိုးငွေစုရမလဲဆိုတာသိသူဒွေး ရှင်းပြပေးပါလား

Leave a reply

Register New Account
Reset Password