News

‘RuneScape’ ရော ‘Old School RuneScape’ ပါ Mobile ဆီကို လာတော့မှာနော်

ကျွန်တော်က MMORPG ချစ်သူတစ်ဦးဖြစ်တဲ့အလျှောက် နာမည်ကြီး MMORPG တော်တော်များများကို End Game Content ထိမရောက်ရင်တောင်မှ တော်တော်လေးလိုက်ဆော့ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ စိတ်ထဲမှာရှိပေမယ့် လမ်းမကြုံလို့ မစမ်းကြည့်ရသေးတဲ့အထဲမှာ RuneScape က ထိပ်ဆုံးကပါပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းကနေစခဲ့ပြီး ခုချိန်ထိအသက်ဝင်နေသေးတဲ့ MMORPG တစ်ခုဆိုတော့ နှယ်နှယ်ရရမဟုတ်တာတော့ သေချာပါတယ်.. အဲဒါကြောင့်လည်း ဆော့ကြည့်ချင်တာပါ။ သို့ပေမယ့်လည်း ဒီပုံအတိုင်းသာဆက်သွားရင် ဒီတစ်သက် လမ်းကြုံဖို့လည်းမရှိပါဘူး။

ဒါပေမယ့် ကံဇာတာတက်ချင်လာတော့ အဲဒီ RuneScape က Mobile Platform တွေပေါ် ရောက်လာတော့မယ် ဖြစ်လာပါလေရော။ ရောက်လာတာတောင် ရိုးရိုးတန်းတန်း IP ကို Port လုပ်ပြီး Feature တွေ ဘာညာတွေလျှော့ထားတဲ့ Stand-Alone Mobile Version မျိုးမဟုတ်ဖူး.. နဂိုရှိပြီးသား Desktop Client တွေနဲ့ Cross-Platform ကစားလို့ရမယ့်ဟာမျိုး။ ပိုပြီးအထာကျတာက လက်ရှိ run နေတဲ့ ‘RuneScape’ ရော ‘Old School RuneScape’ ကိုပါ Mobile ပေါ်သယ်လာမှာတဲ့။

Desktop/Console မှာမဆော့ကြည့်ဖြစ်တဲ့ဂိမ်းတော်တော်များများကို Mobile ပေါ်ရောက်လာရင်တော့ လွယ်လွယ်ကူကူရယူလို့ရတာမို့ ဆော့ကြည့်ဖြစ်သွားတာများပါတယ်။ အခု RuneScape ကိုလည်း အရင်တုန်းက တကူးတကကြီးမို့ မဆော့ဖြစ်ပေမယ့် ကိုယ့်ဖုန်းပေါ်ရောက်လာရင်တော့ သေချာပေါက်စမ်းကြည့်ဖြစ်မှာပါ။ လောလောဆယ်မှာတော့ Pre-Register ပဲလုပ်လို့ရပါသေးတယ်။ Beta Invite ကိုလည်း တဖြည်းဖြည်းချင်း ခေါ်ယူသွားမယ်လို့ဆိုထားပါတယ်။ ထွက်ရှိမယ့်ရက်ကတော့ ၂၀၁၈ ထဲထွက်မယ်ဆိုတာကလွဲပြီး အတိအကျကြေညာထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုနာမည်ကြီးဂိမ်းတစ်ခု Mobile ပေါ် ရောက်လာပြန်ဦးမယ်ဆိုတဲ့သတင်းနဲ့တင် ကျေနပ်ဖို့ကောင်းနေပါပြီ။

အောက်မှာ GDC 2018 (Game Developers Conference 2018) မှာပြသခဲ့တဲ့ RuneScape Mobile Version ၂ မျိုးလုံးရဲ့ Demo တွေကို အမြည်းသဘောအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။

Pre-Register ပြုလုပ်ရန်

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: