ဝေလငါးကြီးစီးနင်းပြီးကမ္ဘာပတ်ချင်သော Mobile Player များအတွက် Run A Whale!

ချစ်စရာကောင်းလှတဲ့ ဝေလငါးတစ်ကောင်နဲ့တွဲပြီးဆော့ကစားရမဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ ဝေလငါးလေးအပေါ်ကိုတက်စီးပြီးရေလမ်းတလျှောက်ဆက်တိုက်သွားနေရမဲ့ဂိမ်းလေးဖြစ်ပါတယ်။ စစချင်းမှာမိတ်ဆွေက ပင်လယ်ဓားပြတစ်ယောက်ကိုဦးစွာတွေ့ရမှာပါ။ အဲ့ဒီပင်လယ်ဓားပြကပင်လယ်ထဲမှ ပစ္စည်းတစ်ခုအပေါ်မှာသောင်တင်နေတာပါ။ အဲ့လိုသောင်တင်နေတဲ့ပင်လယ်ဓားပြကို ဝေလငါးလေးက သူ့ခေါင်းပေါ်ကိုတင်ပြီးကယ်တင်လာရာကစတင်တာပါ။


ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က ဝေလငါးလေးခေါင်းပေါ်မှာတက်စီးရမဲ့ ပင်လယ်ဓားပြပါ။ ဝေလငါးရဲ့ခေါင်းပေါ်မှာတက်စီးနေတာကြောင့် ပင်လယ်ဓားပြနဲ့ဝေလငါး ပေါင်းမှ Character တစ်ခုအနေနဲ့တွေ့မြင်ရမှာပါ။ အဲ့ဒီ ဝေလငါးကိုတက်စီးပြီး ပင်လယ်လမ်းတလျှောက်အဆုံးမရှိသွားနေရမှာပါ။ ပင်လယ်တလျှောက်သွားနေတဲ့လမ်းတစ်လျှောက်မှာ အရာဝတ္ထုတွေရှိနေမှာပါ။ အဲ့ဒီ အရာဝတ္ထုတွေကို မထိအောင်ဆက်တိုင်ရှောင်ပြီးဆော့ရမှာပါ။ လမ်းခရီးတစ်လျှောက်မှာပင်လယ်ပဲရှိနေမှာမဟုတ်ပါဘူး။ကုန်းမြေတွေလည်းရှိနေမှာပါ။ ခရီးတလျှောက်မှာ ဝေလငါးအပြင် ပင်လယ်ဓားပြပါ ပါနေမှာကြောင့် ရေအောက်ထဲမှာအကြာကြီးသွားလို့မရပါဘူး။ ရေထဲမှာ မိတ်ဆွေရဲ့ Character ပင်လယ်ဓားပြက အသက်ရှုမရတာကြောင့်ကုန်းပေါ်တစ်ချက်တက်လိုက်၊ ရေထဲကိုတစ်ချက်ဆင်းလိုက်နဲ့သွားနေရမှာပါ။

Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Endless တို့ရဲ့ထုံးစုံအတိုင်း မိတ်ဆွေသွားနိုင်တဲ့ ခရီးကိုတိုင်းတာပြီး Score တွေတွက်ပေးနေမှာဖြစ်ပြီး မိမိရဲ့ Best Score ကို record လုပ်ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီ Best Score ထက်ကျော်အောင်ဆော့နေရမှာပါ။ ဒီဂိမ်းက Endless ဂိမ်းဆိုပေမဲ့ ဆော့တဲ့အခါမရိုးသွားအောင်ဖန်တီးပေးထားပါတယ်။ Handcrafted Goal 90 ကိုဖြတ်သန်းရပါမယ်။ ပြီးတော့ Mini Boss 5 ကောင်နဲ့လည့်တွေ့ရဦးမှာဖြစ်ပါတယ်။

 

 

လှပတဲ့ Low Poly Graphic ကိုအသုံးပြုထားတဲ့ဂိမ်းလေးပါ။နေ့နဲ့ည အမြဲပြောင်းတဲ့ effect ကိုလည်းထည့်ထားပေးပါတယ်။ ဒါ့အပြင် Weather  Effect လည်းထည့်ထားတာကိုတွေ့ရမှာပါ။ မုန့်တိုင်းတိုက်တာတွေ၊ နေပူတာတွေ၊ နှင်းကတာတွေ၊ စတာတွေအပါအဝင်ပေါ့ဗျာ။ Effectတော်တော်များများကို သေသေသပ်သပ်လေးလုပ်ထားတာကြောင့် Graphics ပိုင်းမှာတော်တော်လေးကောင်းနေတာကိုတွေ့ရမှာပါ။

ဒါ့အပြင် မိတ်ဆွေရဲ့ Character ပင်လယ်ဓားပြအတွက် Customize လုပ်ပေးထားတဲ့ ဦးထုပ်လေးတွေလည်းရှိတာကိုတွေ့ရမှာပါ။ ပင်လယ်ဓားပြတွေဆောင်းတဲ့ ဦးထုပ်လေးတွေပါ။ အဲ့ဒါတွေကိုတော့ In-game က Coin တွေနဲ့ဝယ်ရမှာပါ။ Coin လေးတွေကတော့ မိတ်ဆွေသွားရာလမ်းတလျှောက်မှာရှိနေမှာပါ။ အဲ့ဒီ Coin လေးတွေကို လိုက်စားပြီး Coin တွေစုပြီးရင် ဝယ်နိုင်ပါပြီ။

Free To Play တော့မဟုတ်ပါဘူး။ Dollar 0.99 ဖြင့် Download ဆွဲနိုင်ပါပြီ။ App Store နဲ့ Playstore နှစ်မျိုးလုံးမှာဝယ်ယူနိုင်ပါတယ်။ ဆော့ရတာလွယ်ကူအဆင်ပြေပြီး ပတ်ဝန်းကျင်အလှအပတွေကို Effect တွေသေချာသုံးပြီးဖန်တီးထားတဲ့ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Search Box ကမှာပြန်သွားမရှာချင်ဘူးဆိုရင်တော့ အောက်က Link ကနေတန်းပြီးသွားနိုင်ပါတယ်။

Download Link – https://playon.com/run-a-whale/

 

 

Run-A-Whale

Source: Run-A-Whale – Android Apps on Google Play

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password