Mobile Platform ကို PUBG ပုံစံအသွင်နဲ့ရောက်ရှိလာတဲ့ Rules of Survival

Steam ဂိမ်းလေးတစ်ခုဖြစ်တဲ့ PUBG (PlayerUnknown’s Battlegrounds) ကလက်ရှိ Hit ဖြစ်နေတဲ့ဂိမ်းထဲမှာ ပါဝင်တာကြောင့် Steamer, Gamer တွေအားလုံးနီးပါးသိပြီးနေလောက်မှာပါ။ ပိုက်ဆံပေးပြီးဝယ်ရတဲ့ ဂိမ်းဖြစ်တာကြောင့် ကျွန်တော်အပါအဝင် ပိုက်ဆံမသုံးချင်ကြတဲ့ Steamer တွေ၊ Gamer တွေ ကတော့ မဆော့ကြပါဘူး။ ဒါ့ပေမဲ့ကျွန်တော်က သူငယ်ချင်း Acc နဲ့တော့ ဆော့ဖူးတယ်ဗျ။

ကျွန်တော်ပြောချင်တဲ့ လိုရင်းက ပိုက်ဆံမသုံးချင်ကြတဲ့ Steamer, Gamer တွေအတွက် ဒီRules Of  Survival ဆိုတဲ့ဂိမ်းလေးက Perfect ပါပဲလို့။ ကျွန်တော်ဆော့ကြည့်သလောက် ဒီ Rules Of Survival ဆိုတဲ့ဂိမ်းလေးဟာ PUBG နဲ့ 95% လောက်ကို ဆင်တူဖြစ်နေတာပါ။ Mobile Platform မှာဆော့နေတာဖြစ်တာကြောင့် PC ဆော့နေရသလိုတော့ အရမ်းကြီးခံစားလို့ကောင်းမှာမဟုတ်ဘူးဗျ။

မသိသေးတဲ့လူတွေအတွက် In-game System လေးဖော်ပြချင်ပါတယ်။ ဂိမ်းစစချင်းဝင်ရင် မိတ်ဆွေကို Server အရင်မေးမှာပါ။ ကိုယ်တွေက အာရှသား တွေဖြစ်တာကြောင့် SEA Server မှာပဲဆော့ကြပါ။ တခြား Server တွေမှာဆို Error အနည်းငယ်ရှိနေမှာပါ။ ပြီးရင်တော့ မိတ်ဆွေကို ဆော့ရမယ့် Character ပေးမှာဖြစ်ပါတယ်။ Character ရပြီဆိုရင်တော့ ဂိမ်းကိုစတင်ဆော့နိုင်မှာဖြစ်ပါတယ်။

PvP (Player Vs Player) ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေရဲ့ ရန်သူတွေက Global က Player တွေဖြစ်နေမှာပါ။ တစ်ပွဲမှာ Player က ၁၂၀ အထိပါဝင်မှာဖြစ်ပြီး Map ကလည်း အကျယ်ကြီးပါ။ တစ်ယောက်တစ်ဖွဲ့ဆော့ရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေက တစ်ယောက်တည်းမဆော့ချင်လို့ (သို့) အသည်းငယ်လို့ ဆိုရင်တော့ Multiplayer ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Multiplayer မှာဆိုရင် Player ၄ ဉီးအထိ invite လုပ်ပြီးကစားနိုင်မှာဖြစ်ပါတယ်။ ပွဲမဝင်ခင်မှာ Solo, Duo, Squad ဆိုပြီး Option တွေရှိနေမှာဖြစ်ပြီး အဲ့ဒါကိုတော့ မိတ်ဆွေဆော့မယ့်အခြေအနေအတိုင်း ရွေးချယ်ရုံပါပဲ။

Global က Player စုစုပေါင်း ၁၂၀ မှာ တစ်ယောက်တည်း၊ အဖွဲ့နဲ့ဆော့တယ်ဆိုရင်လည်း အဖွဲ့ထဲကတစ်ယောက်ကျန်ခဲ့မှ အနိုင်ရရှိမှာဖြစ်ပါတယ်။ ရန်သူသတ်လို့သေနိုင်သလို ဂိမ်းရဲ့စည်းမျည်းအရလည်းသေနိုင်ပါတယ်။ ဂိမ်းရဲ့စည်းမျည်းကဘာလဲဆိုတော့ Map ကျုံ့ လာတာပါ။ အချိန်ကြာလာတာနဲ့အမျှ Map ကြီးကတဖြည်းဖြည်း ကျုံ့လာမှာဖြစ်ပြီး Map ကျုံ့ရာအပြင်ရောက်နေတဲ့ Player ကသွေးဆက်တိုက်လျော့သွားပြီး သေသွားမှာဖြစ်ပါတယ်။

ဂိမ်းစစဆော့ချင်းမှာ မိတ်ဆွေအပြင်အခြား Character တွေကို လေယာဉ်ပေါ်က လေထီး ပေးပြီးပစ်ချပေးမှာဖြစ်ပါတယ်။လေထီးတစ်ခုသာပေးပြီး ဖိုက် ဖို့လက်နက်တွေဘာမှပေးမှာ မဟုတ်ပါဘူး။ အသုံးပြုရမယ့်လက်နက်တွေက Player တွေလေထီးနဲ့ ဆင်းရာ Map အကျယ်ကြီးမှာ ရှိနေမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်ကဆင်းကတည်းက လေထီးဖွင့်မယ့် အချိန်အထိ မိမိ Character ကိုထိန်းချုပ် ခွင့်ပေးထားတာကြောင့် မြေပြင်ကျတဲ့အခါ လက်နက်ပစ္စည်းများများရှိတဲ့နေရာကျဖို့ လုပ်ဆောင်ပါလို့အကြံပြုပါရစေ။ ဘာလို့လဲဆိုတော့ လက်နက်အလန်းစားတွေ ကိုယ့်ဆီမှာအရင်ရောက်နေမှသာ အနိုင်ရရှိဖို့ အခွင့်အရေးပိုများတာကြောင့်ပါ။ စိတ်ပါရင်လမ်းမှာရှိနေတဲ့ကားတွေပါ စီးလို့ရပါသေးတယ်။

Steam မှာ Hit ဖြစ်နေတဲ့ ဂိမ်းတစ်ခုကို Mobile Platform မှာ 553MB လောက်နဲ့ ဆော့နိုင်အောင်ဖန်တီးနိုင်တဲ့အတွက် Respect ပေးရမှာတော့အမှန်ပါပဲ။ 553MB ကအခုကျွန်တော်ရေးနေတဲ့အချိန်မှာဖြစ်နေတဲ့ လက်ရှိ MB ပါ။ နောက်ပိုင်းမှာ update တွေကြောင့် Memory Space က ဒီထက်အနည်းအငယ်ပိုများရင် များလာမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Free To Play ဖြစ်တဲ့အတွက် Steam မှာပိုက်ဆံပေးမဆော့ချင်သူတွေအတွက်ရော PUBG မဆော့ခင် အရင်စမ်းဆော့ကြည့်ချင်သူတွေအတွက်ပါအဆင်ပြေတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

 

 

Image Source : Rules of Survival 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password