
Online ဂိမ်းတွေ ခေတ်မစားခင်ကာလကလူတိုင်းလိုလို တမ်းတမ်းစွဲဆော့ကြတဲ့ Hail Climb Racing ဆိုတဲ့ဂိမ်းလေးကိုမှတ်မိကြမှာပါ။ အရိုးမပါတဲ့ driver တစ်ယောက်အမောင်းလွန်လို့ကားပေါ်ကပြုတ်ကျပြီးဟာသဖြစ်တာတွေ၊ လပေါ်မှာဆိုင်ကယ်မောင်းရင်း coin farm တာတွေ၊ ကားအသစ်ကြီးတွေမောင်းရဖို့အတွက်အသည်းအသန်ဆော့ခဲ့ရတာတွေကအမှတ်ရစရာပါ။ အခု RoverCraft Race Your Space Car ဆိုတဲ့ဂိမ်းအနေနဲ့ကတော့ hail climb racing ကို upgrade ပုံစံမျိုးရေးဆွဲထားတဲ့ဂိမ်းဖြစ်ပြီးအတော်လေးပိုလန်းသွားတာတွေ့ရပါတယ်။
Hail climb racing နဲ့ မတူပဲအဓိကပြောင်းလဲသွားတဲ့အရာကတော့ မိမိ စီးမဲ့ ယာဉ်ကိုမိမိဘာသာတပ်ဆင်ပြီးမောင်းရတာပါ။ အခြေခံအနေနဲ့ယာဉ်ရဲ့ frame ၊ ဘီးနဲ့ driver ထိုင်ဖို့ cockpit အပြင်ယာဉ်ကိုအဓိကမောင်းနှင်ပေးရတဲ့ battery တို့ပါဝင်ပါတယ်။ အခြားအစိတ်အပိုင်းတွေကိုတော့ coin တွေရှာပြီးဝယ်နိုင်ပါတယ်။ အဲ့ဒါအပြင် mission တွေလုပ်ရင်းနဲ့ character skin တွေ parts တွေရရှိနိုင်သလို recharge လုပ်ရင်း diamonds တွေနဲ့ rare parts တွေဝယ်ယူနိုင်ပါတယ်။ Hail climb ထဲကလို ရယ်စရာ driver မဟုတ်တော့ပဲနဲ့ အာကာသယာဉ်မှုးက ယာဉ်ကိုမောင်းနှင်မှာပါ။ နောက်ပိုင်း skin တွေရရှိလာရင် ဂြိုလ်သားတွေ၊ ကြောင်တွေ၊ ကျားတွေပြောင်းလဲမောင်းနှင်နိုင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့မြေမျက်နှာသွင်ပြင်တွေကိုမရမကမောင်းနှင်ရတာတွေ အားကုန်ခါနီးလို့ battery ဆီရောက်အောင်အသည်းအသန်မောင်းရတာတွေက အရင် hail climb racing ရဲ့အရသာအတိုင်းဆွဲဆောင်နိုင်တုန်းပါပဲ။
ကိုယ်တိုင် တီထွင်ပြီးမောင်းရတဲ့ game ပုံစံကလည်းအသစ်အဆန်းတော့မဟုတ်ပါဘူး။ ယာဉ်ကိုဆင်ပြီး angry bird ဂိမ်းထဲကဝက်တွေကိုတင်မောင်းရတဲ့ ဂိမ်း PC platform မှာရှိပါတယ်။ ဝက်တွေကို ဥနဲ့အတူ angry bird တွေရန်ကလွတ်မြောက်အောင်လုပ်ရတာပါ။ မြေပေါ်တင်မက လေပေါ်ကိုပါပျံလို့ရအောင်ယာဉ်ကိုဆင်လို့တဲ့အတွက်ကစားရတာစိတ်ကျေနပ်မှုရှိစေပြီးလူကြိုက်များခဲ့တဲ့ဂိမ်းတစ်ခုပါ။ အဆိုပါလူကြိုက်များခဲ့တဲ့ဂိမ်းနှစ်ခုကိုပေါင်းစပ်ဖန်တီးထားတာကတော့အတော်ကောင်းတဲ့ idea ဖြစ်ပြီးဆော့ကစားသူတွေကိုအကြိုက်တွေ့စေမှာပါ။
အခြားအနေနဲ့တော့ ဂိမ်းရဲ့ developer team ဟာ ဂိမ်းကို active ဖြစ်အောင် update လုပ်လေ့ရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ event တွေလည်းရှိပါ။ Daily mission တွေ challange တွေကနေလည်း item တွေ skin တွေ free ရနိုင်တာကြောင့် အရင်ထဲကမှ addictive ဖြစ်စေတဲ့ဂိမ်းတစ်ခုကိုပိုမိုစွဲမဆောင်မှုရှိစေပါတယ်။ Hail climb ရဲ့အရသာကိုပြန်လည်ခံစားလိုသူတွေနဲ့ အဆုံးမရှိတဲ့တီထွင်ဆန်းသစ်မှုတွေကိုနှစ်သက်သူတွေအတွက်တော့ စမ်းသပ်ကြည့်ရမယ့်ဂိမ်းကောင်းတစ်ခုပါပဲ။ RoverCraft Race Your Space Car ကိုဆော့ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ link မှာ download ရယူနိုင်ပါတယ်။