ArticleReviews

Battle Royale အတွေ့ကြုံအသစ်တစ်ခုပေးစွမ်းနိုင်မယ့် NetEase ရဲ့ Rover Rage

တရုတ်ဂိမ်း Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ NetEase ဟာလွန်ခဲ့တဲ့ရက်တစ်ချို့ကစိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းတစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Copycat ကြီးလို့အခေါ်ခံနေရတဲ့ NetEase အတွက်တော့ကိုယ်တိုင်ဆန်းသစ်ဖန်တီးထားတဲ့ဂိမ်းအသစ်တစ်ခုကိုထပ်ပြီးထုတ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂိမ်းနာမည်က Rover Rage လို့ခေါ်ပြီး Action/ Battle royale အမျိုးအစားအဖြစ်သတ်မှတ်နိုင်ပါတယ်။

လူသူမရှိတဲ့ဂြိုလ်တစ်ခုမှာလက်နက်ဆန်းတွေနဲ့ အာကာသထဲမောင်းနှင်လို့ရတဲ့ကားတွေကိုစိတ်ကြိုက်တီထွင်ပြီး Battle Royale ပုံစံကစားရမယ်ဆိုရင်စိတ်ဝင်စားကြမလား? 😎 ဟုတ်ပါတယ်…..Rover Rage ဟာအပေါ်ကပြောသွားသလိုကစားရမှာပါ။ ဒီဂိမ်းကိုတရုတ်မှာ beta ပေးဆော့ထားတာကြာပြီဖြစ်ပြီး အခု english version ကို global unreleased အနေနဲ့ထွက်လာတာဖြစ်ပါတယ်။ Global စောင့်မျှော်နေတဲ့သူအများအပြားရှိပြီးအခုတည်းက player အတော်များများရနေပါပြီ။

ဂိမ်းအကြောင်းကိုပြန်ဆက်ရရင်ဒီဂိမ်းဟာလူမပါတဲ့ Battle royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်မှန်းမသိတဲ့ပြစ်လွှတ်စင်နေရာတစ်ခုမှာ player တွေကစစချင်းစက်ရုပ်လေးတွေအဖြစ်စောင့်ဆိုင်းနေရမှာပါ။ ပြစ်လွှတ်စင်ကနေနေရာယူပြီးမြေပုံပေါ်ကိုဆင်းရမှာဖြစ်ပါတယ်။ မြေပုံပေါ်ရောက်ရင်တော့ပြန့်ကျဲနေတဲ့ကားတွေကို capture လုပ်ပြီး ပိုကောင်းတဲ့လက်နက်တွေ equipment တွေရှာရင်း upgrade တွေလုပ်ရင်း PvP ပုံစံဖိုက်ရမှာဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ကဆော့ကရင်းသေသွားခဲ့ရင် ပြန်ရှင်မှာဖြစ်ပြီးအမှတ်စနစ်နဲ့အနိုင်အရှုံးဆုံးဖြတ်တာဖြစ်ပါတယ်။

စာရေးသူအနေနဲ့ဒီဂိမ်းလေးကို recommand ပေးချင်ပါတယ်။ အထူးသဖြင့် sci-fi နဲ့ action အမျိုးအစားကိုကြိုက်တဲ့သူတွေအတွက်အထူးသင့်လျော်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ ကစားကွင်းထဲမှာကိုယ်မောင်းမဲ့ယာဉ်ကိုကြိုက်သလိုထွင်၊ ကြိုက်တဲ့လက်နက်တပ်ပြီးထင်တိုင်းကြဲနိုင်မှာဖြစ်တဲ့အတွက်ပျော်ဖို့ကောင်းမယ့်ဂိမ်းမျိုးပါ။ ဘီးနဲ့မြန်မြန်သွားမလား၊ စက်ရုပ်လက်ကြီးတွေနဲ့အထာကျကျခုန်ပေါက်နေမလား (ဒါမှမဟုတ်) လေပေါ်ပဲပျံနေမလား စသင့်ဖြင့်အဆုံးမဲ့တဲ့ဖြစ်နိုင်ချေတွေနဲ့လက်နက်မျိုးစုံပါဝင်ပါတယ်။ ပိုပြီးတော့ဆော့ချင်သွားအောင် အောက်မှာ trailer လေးပါထည့်ပေးထားပါတယ် 😁 တစ်ချက်ကြည့်ကြည့်လိုက်ပါဦးနော်။

ဘယ်လိုလဲ….? Trailer ကြည့်ပြီး ကြွေကြ-မြေခ ကုန်ကြပြီမို့လား ကျွန်တော်ကိုယ်တိုင် trailer မြင်မြင်ချင်းချက်ချင်းကြွေမိသွားလို့ offical တောင်မစောင့်နိုင်ပဲချက်ချင်းဒေါင်းဆော့ထားပါတယ်။ အားနည်းချက်အနေနဲ့ graphic ပိုင်းအနည်းငယ်အားနည်းတယ်လို့မြင်ပါတယ် (ကိုယ်တိုင်ကအကောင်းကြိုက်လို့လားမသိ 😁)။ ကျန်တာအကုန်ဖိုင်းပြီးဆော့ကောင်းပါတယ်ဗျာ။ ပြောဖို့ကျန်တာက multiplayer အပြင်အခန်းလိုက်ဆော့ရတဲ့ campaign mode ပါဆော့လို့ရပါသေးတယ်ဆိုတာပါ။ Unreleased ဖြစ်တဲ့အတွက်ဆော့ရင်းနဲ့ error တွေများကြုံခဲ့လို့ရှိရင် စာပို့ပြီးပြင်ခိုင်းလို့ရပါသေးတယ်။

ကဲ offical မစောင့်နိုင်တော့တဲ့သူများကတော့အောက်က link ကနေတစ်ဆင့်ဒေါင်းယူနိုင်ပါပြီနော်။ အားလုံးပဲသာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password