ArticleNews

ပြင်းထန်တဲ့ စစ်ပွဲတွေနဲ့ Rome : Total War

Rome: Total War ရဲ့ Android ဗားရှင်း ကို Feral Interactive မှ ကြေညာပေးလိုက်ပါပြီနော်။ ဒီဂိမ်းလေးက အရင်တုန်းက iPad တစ်ခုတည်းမှာ ကစားလို့ရခဲ့တာဖြစ်ပါတယ်။ နောက်မှ iPhone ပေါ်ကို ရောက်ရှိခဲ့ပြီး ခုချိန်မှာတော့ Android ပေါ်ကိုပါ ရောက်ရှိလာပါတော့မယ်။ သူ့ရဲ့ origin ကတော့ PC ဗားရှင်းဖြစ်ပါတယ်။

Rome: Total War က The Creative Assembly ရဲ့ Historical RTS ခေါင်းစဉ်တွေရဲ့ Total War စီးရီးမှာ တတိယမြောက်ဂိမ်းဖြစ်ပါတယ်။ iOS ဗားရှင်းက ၉.၉၉ ဒေါ်လာ တန်ဖိုးရှိပါတယ်။ Android ဗားရှင်းကတော့ အခု လာမယ့် Winter မှာ ထွက်ရှိလာဖို့ အတည်ပြုပြီးပါပြီ။ ရက် နဲ့ ဈေးနှုန်းကို တော့ မသိရသေးပါဘူး။ iOS ဗားရှင်းနဲ့ တန် ဖိုးတူမယ်လို့တော့ ထင်ပါတယ်။

ဒီဂိမ်း မှာ အရမ်းကို ထူးခြားတဲ့ တိုက်ပွဲတွေပါဝင်ပါတယ်။ သူက တကယ့်ကို strategy ဂိမ်းတစ်ခုလည်း ဖြစ်တာကြောင့် စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းပါတယ်။ ဒီဂိမ်းလေးကို ပထမဦးဆုံး စမ်းကစားကြည့်ရင်ပဲ သူ့ရဲ့မူရင်း PC ဗားရှင်းနဲ့ အတတ်နိုင်ဆုံး တူညီအောင် ကြိုးစားထားတာလေးတွေကို တွေ့ရမှာပါ။

ဂိမ်းရဲ့ ပန်းတိုင်ကဘာလဲ???

ဒီဂိမ်းက စစ်ပွဲတွေနဲ့ စခဲ့ပြီး စစ်ပွဲတွေနဲ့ပဲ အဆုံးသတ်မယ့် ဂိမ်းပါ။ အဲ့တာကြောင့် သူ့ရဲ့ပန်းတိုင်ကလည်း အောင်မြင်တဲ့ တိုက်ပွဲပါပဲ။ဂိမ်းရဲ့ နမူနာ ဗီဒီယိုလေးကိုအောက်မှာ ကြည့်လို့ရပါတယ်။

Video ထဲမှာ အသေအကြေတိုက်နေကြတာ အားရစရာကြီးနော်…

ဂိမ်းထဲကလို တိုက်ပွဲတွေကို ကိုယ်တိုင် ကိုယ်ကျ ဝင်ပြီး ကြိုးစာကြည့်ချင်တယ် ဆိုရင်တော့ ခုပဲ download လိုက်ပါတော့။ ဈေးတော့ နည်းနည်း ကြီးတယ်နော်… 🤣)

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password