Puzzle ဝါသနာရှင် Mobile Player များအတွက် Roll The Ball!

မိမိရဲ့ ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်နိုင်တဲ့ Puzzle ဂိမ်းကောင်းလေးတစ်ခုလို့ပြောပါရစေ။ ဆော့ရတာတော့ရိုးရှင်းပါတယ်။ ဒါပေမဲ့အရမ်းကြီးတော့မလွယ်ကူပါဘူး။ စစချင်းမှာ ဘောလုံးသေးသေးလေးတစ်လုံးကိုဦးစွာတွေ့ရမှာပါ။ ပြီးတော့ Goal လို့ရေးထားတဲ့ Puzzle တစ်ချပ်ကိုတွေ့ရဦးမှာပါ။ အဲ့ဒီ ဘောလုံးလေးကို Goal ဆိုတဲ့ Puzzle ဆီရောင်အောင်လုပ်ဆောင်ရမှာကတော့မိတ်ဆွေတာဝန်ပါ။

 

ဘယ်လိုလုပ်ရမလဲဆိုတာမိတ်ဆွေစဥ်းစားနေလောက်ပါပြီ။ ဆော့ပုံဆော့နည်းကတော့ ရိုးရှင်းပါတယ်။ ဘောလုံးနဲ့ Goal ရှိရာတစ်လျှောက်ကိုလမ်းလေးလုပ်ပေးရုံပါပဲ။ ဆော့ပုံဆော့နည်းကရိုးရှင်းပေမဲ့ Puzzle ဂိမ်းအမျိုးအစားဖြစ်တာကြောင့် ဆော့ရတာတော့အရမ်းကြီးလွယ်ကူနေမှာမဟုတ်ပါဘူး။ ဦးနှောက်လေ့ကျင့်ခန်းလုပ်နိုင်တဲ့ဂိမ်းဖြစ်တာကြောင့် ခေါင်းကတော့နည်းနည်းစားမှာပါ။

Puzzle အချပ်တွေကအများကြီးရှိနေမှာပါ။ အဲ့ဒီ Puzzle အချပ်တွေအများကြီးထဲမှာ ပိုက်ခေါင်းပုံစံ Puzzle တွေနဲ့ Goal လို့ရေးထားတဲ့ Puzzle တစ်ချပ်ပါနေမှာပါ။ အဲ့ဒီတော့ မိတ်ဆွေက ဘောလုံးသေးသေးလေးကို Goal ဆိုတဲ့ Puzzle ရှိရာရောက်ဖို့ ပိုက်ခေါင်းပုံစံ Puzzle တွေကိုလမ်းအဖြစ်အသုံးပြုသွားရမှာပါ။ စစချင်းမှာ ပိုက်ခေါင်းပုံစံ Puzzle လေးတွေကိုပေးချင်တဲ့နေရာမှာပေးထားမှာပါ။ အဲ့ဒါတွေကိုရှာပြီး မိတ်ဆွေကမိမိကိုယ်ကို စီပြီးဆော့ရမှာပါ။ Level တွေကိုလည်းအများကြီးခွဲပေးထားပါတယ်။ ဂိမ်းတွေရဲ့ထုံးစံအတိုင်း Level အစမှာတော့ ခက်နေမှာမဟုတ်ပါဘူး။ Level တဖြည်းဖြည်းမြင့်လာမှ ခက်လာတဲ့အရသာကိုတဝကြီးခံစားရမှာပါ။

ဂိမ်းစစချင်းဝင်တဲ့အခါ Option 5 ခုပေးထားပါတယ်။ Play, Star Mode, Classic Mode, Moving Mode, Rotation Mode စတာတွေပါ။ Star Mode မှာ Level 22 ခု, Classic Mode မှာ Level 20 ခု, Moving Mode မှာ 10 ခု, Rotation Mode မှာ 5 ခု, Play ထဲမှာကတော့ Level 60 ခုအထိပါဝင်မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာLevel တွေကအများကြီးပါဝင်မှာကြောင့် အကြာကြီးဆော့ရမှာဖြစ်ပါတယ်။ Play, Star Mode, Classic Mode တို့ကို Free ဆော့နိုင်မှာဖြစ်ပြီး Moving Mode နဲ့ Rotation Mode ကတော့တကယ့်ပိုက်ဆံနဲ့ Unlock လုပ်မှ ဆော့နိုင်မှာဖြစ်ပါတယ်။ ပိုက်ဆံနဲ့ Unlock မလုပ်ချင်သေးရင်တော့ Preview နဲ့ အလကားတော့ဆော့ကြည့်နိုင်ပါတယ်။

Free To Play နီးပါးပါပဲ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး ဆော့လို့ကောင်းတဲ့ Puzzle ဂိမ်းတွေထဲကတစ်ခုအပါအဝင်ဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Roll the Ball® – slide puzzle

Source: Roll the Ball® – slide puzzle – Android Apps on Google Play

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password