Puzzle တွေကိုစီရင်း Role Playing ပုံစံကစားနိုင်တဲ့ Empires & Puzzles : RPG Quest!

စစချင်းဆော့ရင်တော့ Candy Crush တို့၊ Puzzle လေးတွေစီရတဲ့အခြားဂိမ်းတွေနဲ့ ဆင်တူတယ်လို့ထင်ရပါလိမ့်မယ်။ ဆင်ရုံပဲဆင်တာပါ၊ မတူပါဘူး။ ဒီဂိမ်းမှာမိတ်ဆွေ က Puzzle တွေကိုစီရမဲ့ အပြင် အခြားသောအရာတွေကိုလည်း လုပ်နိုင်ဦးမှာပါ။ ဂိမ်းနာမည်ကိုက Empire & Puzzle ဖြစ်တာကြောင့် မိတ်ဆွေက Puzzle တွေကိုစီရင်း ကိုယ်ပိုင် Empire ကြီးကိုလည်းတည်ထောင်နိုင်မှာဖြစ်ပါတယ်။ Empire တစ်ခုတည်ထောင်ပြီဆိုရင် သူရဲကောင်းတို့၊ စစ်တပ်တို့ တွေတွဲပါလာမှာကိုကျွန်တော်တို့သိပြီးသားပါ။ Puzzle တွေကိုဘယ်မှာသုံးရမှာလဲဆိုတာမိတ်ဆွေသိချင်နေလောက်ပါပြီ။ Puzzle တွေကိုသုံးရမဲ့နေရာကတော့မိတ်ဆွေ Empire ကသူရဲကောင်းတွေ ရန်သူတွေနဲ့တိုက်ခိုက်တဲ့နေရာမှာဖြစ်ပါတယ်။ အခြားတိုက်ခိုက်ရတဲ့ဂိမ်းတော်တော်များများကဖိုက်ရပြီဆိုရင် ဖုန်း Screen ကို tap tap လုပ်ပြီးတိုက်ရတာများပါတယ်။ ဒီဂိမ်းကတော့ Puzzle လေးစီပြီးဖိုက်ရုံပါပဲ။ အရောင်တူတဲ့ အတွဲလေးသုံးခု (သို့) သုံးခုထက်ပိုတာတွေတန်းသွားပြီဆိုရင် မိတ်ဆွေရဲ့ Hero ကတစ်ခါ Attack လုပ်မှာဖြစ်ပါတယ်။ မိတ်ဆွေက ဒီဂိမ်းမှာ Hero တစ်ယောက်ထဲနဲ့တိုက်ရမှာမဟုတ်ပါဘူး။ Hero 4 ကောင်နဲ့ Team လုပ်ပြီးတိုက်ခိုက်နိုင်ပါတယ်။

 

                                                

Puzzle လေးတွေကရောင်စုံပေးထားမှာပါ၊ အရောင်တစ်ခုဆီက Hero တစ်ယောက်ကိုကိုယ်စားပြုပါတယ်။ မိတ်ဆွေ Hero ကတစ်ချက်ချလိုက်၊ ရန်သူတွေက တစ်ချက်ပြန်ချလိုက်နဲ့ဆော့ရမဲ့ဂိမ်းဖြစ်ပါတယ်။ ဒါပေမဲ့မိတ်ဆွေက Puzzle အရောင်ကိုမြန်မြန်တွဲနိုင်ရင် (သို့) တိုက်ဆိုင်ပြီးသူ့ဘာသာအရောင်တွေတွဲသွားရင် တော့မိတ်ဆွေဘက် က 5 ချက် 6 ချက်လောက်ဖိုက်လိုက်နိုင်မှာဖြစ်ပါတယ်။ Hero တွေကတော့ ရှေးခေတ်ကသူရဲကောင်းပုံစံကြီးတွေဖြစ်နေမှာပါ။ရန်သူတွေကလည်းပေါ့သေးသေးတွေတော့မဟုတ်ဘူးဗျ။ စစချင်းမှာတော့ သိပ်မကြမ်းပေမဲ့ နောက်ပိုင်းကျရင် Titan လိုအကောင်အကြီးစားတွေပါလာမှာပါ။ Level တစ်ခုမှာ round 2 round ကနေ 3 round အထိတိုက်ခိုက်ရမှာပါ။ပြီးတော့ ပွဲတစ်ပွဲဆီမှာ Boss တစ်ကောင်နဲ့တိုက်ခိုက်ရဦးမှာဖြစ်ပါတယ်။

စစချင်းမှာတော့ Hero တွေကိုစုံစုံလင်လင် ရဦးမှာမဟုတ်ပါဘူး။ Level တွေကလည်းနိမ့်နေဦးမှာပါ။ Hero အသစ်တွေလိုချင်ရင်တော့မိတ်ဆွေကမိမိ ဘာသာ summon လုပ်ရမှာပါ။ Hero တွေကတော့ 100 ကျော်လောက်ပါမှာပါ။ ရှိပြီးသား Hero တွေကို Level မြင့်ချင်ရင်လည်းကိုယ့်အားကိုသုံးပြီးမြင့်ရမှာပါ။ ဒါ့အပြင် Hero တစ်ယောက်ချင်းဆီမှာ Special Power တွေရှိတာကိုတွေ့ရမှာပါ။ အဲ့ဒီ Special Power တွေကိုတော့ စစချင်းထဲကပေးထားမှာဖြစ်ပါတယ်။ Special Power ဖြစ်တဲ့အတွက်ကြမ်းသင့်သလောက်တော့ကြမ်းပါတယ်။ အရမ်းကြီးကြမ်းချင်ရင်တော့ မိတ်ဆွေကိုယ်တိုင် upgrade မြင့်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Hero တွေမှာ HP တန်းနဲ့ အပြာရောင်အတန်းလေး၊ Mana တန်းလို့ပြောပါရစေ။ အဲ့ဒီ Mana အတန်းလေးပြည့်သွားမှ Special Power သုံးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတန်းလေးကတော့ ချရင်းချရင်းနဲ့ Exp: ရပြီးပြည့်သွားမှာပါ။

                                                                  

ဒီဂိမ်းမှာမိတ်ဆွေကို Empire ကြီးပေးထားမှာဖြစ်တာကြောင့် မိတ်ဆွေက လိုအပ်တဲ့အဆောက်အအုံတွေဆောက်၊ ရှိပြီးသားအဆောက်အအုံတွေကို upgrade လုပ်နေရမှာဖြစ်ပါတယ်။ Empire & Puzzle ဂိမ်းလေးက online game လေးဖြစ်တာကြောင့် global က player တွေနဲ့တွေ့ရမှာပါ။ Player Versus Player (PVP) ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေက online ကလူတွေနဲ့လည်း Puzzle တွေစီပြီးချနိုင်ပါတယ်။ အဲ့ဒီမှာတော့ Hero Level မြင့်တာ နဲ့ puzzle တွေကိုစီတဲ့နေရာမှာ ပိုကောင်းတဲ့လူက သာအနိုင်ရရှိမှာပါ။  တခြားလူတွေနဲ့ဖိုက်ချင်တယ်ဆိုရင် အရင်ဆုံး Empire Base မှာရှိနေတဲ့ WatchTower ကိုဆောက်ရမှာဖြစ်ကြောင်းအကြံပေးပါရစေ။ global ကလူတွေနဲ့မတွေ့ချင်ရင်မိမိ Map ထဲက ရန်သူတွေကိုပဲတိုက်ခိုက်ပြီး  Gold တွေရယူစုဆောင်းနိုင်ပါတယ်။ Stroy Mode လေးဖြစ်တာကြောင့် အခန်းတွေကအများကြီးပါနေမှာပါ။ ဒီဂိမ်းဟာမိတ်ဆွေကို Option နှစ်မျိုးပေးထားတဲ့ဂိမ်းပဲဖြစ်ပါတယ်။ Online ကရန်သူ၊ (or) Story Mode ကရန်သူ တွေရှိနေပြီးဘယ်သူနဲ့ချမလဲဆိုတာမိတ်ဆွေကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီဂိမ်းက Puzzle စီရတာစိတ်ဝင်စားတဲ့ လူကြီး၊လူငယ် တွေအသင့်တော်ဆုံးဂိမ်းလေးဖြစ်ကြောင်းထောက်ခံပါရစေ။ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး Puzzle နဲ့ RPG ရောစပ်ထားတဲ့ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအာအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.smallgiantgames.empires&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password