ArticleNews

အရမ်းကိုမိုက်တဲ့ Sweet Parkour စနစ်ကို ထည့်သွင်းထားတဲ့ Rogue Agents

Rogue Agents ဟာဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာတော့မယ့် third person shooter ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ အရမ်းကို မိုက်တဲ့ စက်ယန္တရားတွေ ပါဝင်လာမယ်ဆိုတဲ့ သတင်းကြောင့် စိတ်ဝင်စားဖို့ အရမ်းကောင်းနေတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
ဒါတင် မကသေးပါဘူး။ သူမှာ ပါဝင်လာမယ့် Sweet Parkour စနစ်ကလည်း အရမ်းကို မိုက်နေမှာနော်။ ဒီမှာမေးခွန်းတစ်ခုရှိလာပါတယ်။ ဒါကတော့ Sweet Parkour စနစ်ဆိုတာ ဘာလဲပေါ့နော်။ Sweet ကတော့ ချိုမြိန်သော၊ နှစ်လိုဖွယ်ကောင်းသော၊ ချစ်စရာကောင်းသော စတဲ့ အဓိပ္ပါယ်ပေါက်တယ်ဆိုတာကို လူတိုင်းသိကြမှာပါ။ Sweet က နားလည်လွယ်ပေမယ့် Parkour နဲ့ ပေါင်းလိုက်တော့ ဘာကြီးမှန်းသိကြတော့မှာမဟုတ်တော့ပါဘူး။ အဲ့တော့ Parkour ရဲ့ အကြောင်းကို အက်မင် နည်းနည်းလောက် ရှင်းပြပေးပါရစေနော်။ ဟဲဟဲ… နည်းနည်းများလေရှည်သွားမလား မသိဘူး။

Parkour ဆိုတာက အားကစားနည်း တစ်မျိုးပါပဲ။ Parkour ထဲမှာ အမျိုးမျိုး ရှိပါတယ်။ သူတို့တွေက ပြေးခြင်း၊ အမြင့်တွယ်တက်ခြင်း၊ ရေကူးခြင်း၊ ခုန်ခြင်း စတဲ့ အင်အားစိုက်ပြီးလုပ်ဆောင်ရမှာတွေဖြစ်ပါတယ်။ ဒါပေမယ့် Parkour ဆိုတဲ့ အတွက်ကြောင့် ရှင်းနေတဲ့ လမ်းမှာ လုပ်ရမှာတော့ မဟုတ်ပါဘူး။ အတားအဆီးတွေချထားတဲ့ လမ်းမှာ လှုပ်ရှားမှုတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အက်မင်ပြောတာ ရှုပ်သွားရင် Youtube တို့ Google တို့မှာ Parkour အကြောင်းကိုလေ့လာလို့ရပါတယ်။ အတိုချုံး ပြောရမယ်ဆိုရင် Parkour ဆိုတာ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ခုန်ပျံကျော်လွှား ကစားရမယ့် အားကစားနည်းတစ်ခုပါပဲ။ ဒီဂိမ်းထဲမှာ ထည့်သွင်းထားတဲ့ Sweet Parkour စနစ်ဆိုတာလည်း ခုန်ပျံကျော်လွှား လုပ်ရမယ့် ကစားနည်းတွေကို ထည့်ထားတယ်လို့ ဆိုလိုတာပါ။ အဲ့တော့ player တွေက ဂိမ်းကစားရင်း သည်းထိတ်ရင်ဖို ခံစားကြရမှာပါ။

Beta show အတွက် နမူနာ ဗီဒီယိုထဲမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ visual တွေနဲ့ တိကျသေချာတဲ့ gameplay ပုံစံကို တွေ့ရမှာပါ။ Beta အတွက် trailer video ကို အောက်မှာ ကြည့်လို့ရပါတယ်။

တကယ့်ကို ကြွေချင်စရာ beta trailer လေးပါနော်… ဘော်ဘော်တို့ရေ… အရမ်းကို မိုက်တယ် မဟုတ်လား??? ဘော်ဘော်တို့ ကြွေမကြွေတော့ မသိဘူး။ အက်မင်ကတော့ တကယ့်ကိုကြွေနေပါပြီနော်… 🤣)

Gameplay ပုံစံအရ ဂိမ်းက multiplayer ပုံစံမျိုးဖြစ်ပါတယ်။ နေရာတွေကတော့ နှင်းတွေဖုံးနေတဲ့ နေရာ၊ သဲကန္တာရ နဲ့ အခြား တည်နေရာတွေ အမျိုးမျိုးမှာ ဖြစ်တည်မှာပါ။ Rogue Agents ဘယ်အချိန် ထွက်မှာလဲဆိုတာကိုတော့ ရက်အတိအကျ မသိရသေးပါဘူး။ ၂၀၁၉ ခုနှစ်မှာ ထွက်မယ်လို့တော့ ကြားမိပါတယ်။ ဘယ်လိုလဲ??? ထွက်လာရင် ကစားဖို့ စိတ်ကူး ရှိကြရဲ့ လား??? 😊😊)

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password