News

ESL One နဲ့အတူ global partnership လုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့ ROG

ESL ရဲ့ global ESL One tournament circuit နဲ့အတူ ပူးပေါင်းပြီး partnership အသစ်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း Republic of Gamers (ROG) မှ ကြေညာလိုက်ပါတယ်။ Partnership ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ၂၀၁၉ ရဲ့ ESL One ပွဲစဉ်တွေအားလုံးအတွက် တရားဝင် PC နဲ့ မော်နီတာ provider အဖြစ် ROG မှ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ ပွဲစဉ် တစ်ခုချင်းစီမှာ ပါဝင်ကစားမယ့် ကစားသမားတွေကို နောက်ဆုံးပေါ် စက်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ခုလို ပူးပေါင်းရတာဖြစ်တယ်လို့ သိရပါတယ်။

အခု အစီအစဉ်ကို ပိုလန်နိုင်ငံ Spodek Arena မှာ ကျင်းပမယ့် ESL One Katowice Dota 2 ပွဲစဉ်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ Katowice နဲ့အတူ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ event ၅ခု အပါအဝင် မွန်ဘိုင်းမှ Dota 2 နဲ့ CS:GO events , အင်္ဂလန် နိုင်ငံ Birminghan နဲ့ ဂျာမနီနိုင်ငံ Cologne တို့က event တွေမှာပါ ချဲ့ထွင်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ESL ရဲ့ Brand Partnerships စီနီယာ ဒုဥက္ကဌ Paul Brewer ကတော့ အခုကြေညာချက်နဲ့ပတ်သတ်ပြီး ခုလိုပဲ ဝမ်းသာဂုဏ်ယူစွာ မှတ်ချက်ပေးခဲ့ပါတယ်။

“ကျနော့်တို့ရဲ့ ဦးစားပေးသတ်မှတ်ချက်က ESL One ပြိုင်ပွဲဝင်တွေကို နောက်ဆုံးပေါ် နည်းပညာ စက်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ကစားစေဖို့ပါ။ ဒီရည်ရွယ်ချက်ကို ထမြောက် အောင်မြင်ဖို့ ROG က ကျနော်တို့ကို ကူညီလိုက်တာပါ။”

ပရောဖက်ရှင်နယ် ကစားသမားတွေအတွက်လည်း ပွဲစဉ်တစ်ခုချင်းစီမှာ နောက်ဆုံးပေါ်စက်ပစ္စည်း အမိုက်စားတွေကို ROG မှပဲ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ အခု partnership က ROG အတွက် ပထမဦးဆုံးဖြစ်ပြီး ကုမ္ပဏီအတွက်လည်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

ESL One Katowice ရဲ့ ပွဲစဉ်များ အားလုံးကို Twitch မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Grand Final ပြိုင်ပွဲကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ရက်နေ့ တနင်္ဂနွေနေ့ မှာ ကျင်းပခဲ့ပါတယ်။ အနိုင်ရသူကိုတော့ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၃ သိန်း ချီးမြှင့်ခဲ့ပါတယ်။

Source – https://esportsinsider.com/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password