Cowboy နေရာကနေ တိရစ္ဆာန်တွေအပေါ်ကိုပျော်ပျော်ပါးပါးတက်စီးရမယ့် Rodeo Stampede: Sky Zoo Safari

Cowboy နေရာကနေ မြင်း၊ နွား၊ ကျွဲ၊ ကျား၊ ဆင်၊ သိမ်းငှက်၊ ဒိုင်နိုဆော စတဲ့ လေပေါ်၊ မြေပေါ် တိရစ္ဆာန်တွေအပြင် တိရစ္ဆာန်အမျိုးများစွာကို အပေါ်ကနေတက်စီးပြီးလမ်းတစ်လျှောက်သွားနေရမှာဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ဂိမ်းလေးတစ်ခုဖြစ်မှာပါ။


ဒီဂိမ်းမှာ မိတ်ဆွေက Cowboy ပီပီ ဉီးထုပ်လေးနဲ့ ကြိုးလေးကို ကိုင်တွယ်ထားမှာဖြစ်ပါတယ်။ ကြိုးကတော့ တိရစ္ဆာန်တွေအပေါ်ကတက်စီးရာမှာ အသုံးပြုရမယ့် ကိရိယာဖြစ်ပါတယ်။ ဉီးထုပ် ကတော့ Cowboy Style ဖြစ်အောင်ပါ။ ဒီဂိမ်းမှာ မိတ်ဆွေဆော့ရမယ့်နေရာကတော့ တိရစ္ဆာန်တွေပဲပြည့်နှက်နေတဲ့ ပြေးလမ်းကြီးဖြစ်ပါတယ်။ တိရစ္ဆာန်တွေပဲပြည့်နှက်နေတဲ့ပြေးလမ်းကြီးဖြစ်တာကြောင့် မိတ်ဆွေ ရဲ့ Character ဖြစ်တဲ့ Cowboy ကလည်း တိရစ္ဆာန်တွေအပေါ်တက်စီးပြီး လမ်းတစ်လျှောက်သွားနေရမှာဖြစ်ပါတယ်။ မိတ်ဆွေတက်စီးလိုက်တဲ့ တိရစ္ဆာန်တွေက မိတ်ဆွေနဲ့ရင်းနှီးသွားမှာဖြစ်ပြီး အချိန်အနည်းအငယ်အကြာမှာတော့ မိတ်ဆွေအပိုင်ဖြစ်သွားမှာပါ။

တိရစ္ဆာန်အမျိုးများများကိုတက်စီးနိုင်လေ မိတ်ဆွေကတိရစ္ဆာန်များများ ကိုပိုင်ဆိုင်လေဖြစ်ပါတယ်။ တိရစ္ဆာန်တွေကိုပိုင်ဆိုင်ပြီ ဆိုရင်တော့အကျိုးရှိတာတစ်ခုလုပ်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အဲ့ဒီတိရစ္ဆာန်တွေကိုမွေးပြီး တိရစ္ဆာန်ရုံ ဖွင့်တာပါ။ စီးပွားဖြစ်ဖွင့်ထားတာဖြစ်တာကြောင့် မိတ်ဆွေရဲ့ တိရစ္ဆာန်ရုံကို လာကြည့်သူများလေ မိတ်ဆွေပိုက်ဆံရလေပဲဖြစ်ပါတယ်။ ပိုက်ဆံတွေရပြီဆိုရင်တော့ မိတ်ဆွေက မိမိရဲ့ တိရစ္ဆာန်ရုံကို Upgrade တွေလုပ်ပြီးတိုးချဲ့နိုင်မှာဖြစ်ပါတယ်။

In-game System အကြောင်းလေးစတင်ပါရစေ။ ဂိမ်းစစဝင်ချင်းမှာ မိတ်ဆွေဆော့ရမယ့် Character Cowboy ကို မိတ်ဆွေစိတ်ကြိုက်အရောင်အရင်ရွေးခိုင်းမှာဖြစ်ပါတယ်။ အပေါ်မှာပြောဖို့ကျန်ခဲ့တာရှိပါတယ်။ အဲ့ဒါကတော့ မိတ်ဆွေ လမ်းတစ်လျှောက်တိရစ္ဆာန်တွေကို တစ်ကောင်ပြီးတစ်ကောင်ခုန်ကျော်တက်စီးရာမှာ ခုန်တဲ့ ဉီးတည်ရာလွဲသွားရင်တော့ မိတ်ဆွေရဲ့ Cowboy RIP ဖြစ်သွားမှာပါ။

အဲ့လိုဆိုလို့ မခုန်ဘဲနေမယ်ဆိုရင်လည်းမရပါဘူး။ မိတ်ဆွေတက်စီးတဲ့ တိရစ္ဆာန်တွေက မိတ်ဆွေကို သယ်နိုင်တဲ့ Limit ရှိပြီးအဲ့ဒီ Limit ရောက်ရင်တော့ မိတ်ဆွေကို ကန်ချမှာမို့လို့ပါ။ ဒီဂိမ်းမှာမိတ်ဆွေကအဲ့လိုပုံစံနဲ့ Endless ပြေးနေရမှာဖြစ်ပါတယ်။ Endless ဆိုပေမဲ့ မတူညီတဲ့နေရာ ၅ နေရာဖန်တီးပေးထားတာကြောင့် ဆော့ရတာပျင်းသွားမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် မတူညီတဲ့ Cowboy ဉီးထုပ် ၁၈၁ မျိုးပေးထားတာကိုလည်းတွေ့ရမှာပါ။ ရှားပါးတယ်တိရစ္ဆာန်မျိုးစေ့တွေကို စီးပြီး Unlock လုပ်ရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ တိရစ္ဆာန်များစွာ အပေါ်ကိုပျော်ပျော်ပါးပါးတက်စီးနိုင်တဲ့အပြင် တိရစ္ဆာန်ရုံအကြီးကြီး ကိုပါတည်ဆောက်ရမယ့် ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Rodeo Stampede: Sky Zoo Safari

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password