Racing ဂိမ်းတွေထဲက ဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ Rocket Cars!

Rocket Cars ဆိုတဲ့အတိုင်း ဒီဂိမ်းမှာမိတ်ဆွေတွေ့မြင်ရမှာကတော့ Rocket တွေတပ်ထားတဲ့ ကားတွေပဲဖြစ်ပါတယ်။ Rocket တွေကပုံသေကြီးတပ်ထားတာတော့ မဟုတ်ဘူးဗျ။ မိတ်ဆွေ အသုံးပြုမှ ကားကြားတစ်နေရာရာ ကထွက်ရှိလာမှာဖြစ်တာကြောင့် Rocket ထွက်ရှိလာတဲ့ ပုံကို အထာကျကျတွေ့မြင်နိုင်မှာတော့ အမှန်ပါပဲ။ Rocket ကြီးတွေက မိတ်ဆွေရဲ့ ကား အရှိန်အမြင့်တင်တဲ့အခါအထောက်အကူပြုပေးမယ့် ကိရိယာဖြစ်ပါတယ်။

 

 

ဒီဂိမ်းမှာ မိတ်ဆွေက AI ပြိုင်ကားလေးတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ AI ကားတွေက ပြိုင်ပွဲတစ်ခုမှာ သုံးစီး၊ လေးစီးလောက် ပါဝင်မှာပါ။ AI ကားတွေအားလုံးကို ကျော်ပြီး ပန်းတိုင်ကိုအရင်ဆုံး ရောက်မှသာလျှင် အနိုင်ရရှိမှာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ကားရဲ့ Rocket မှာထည့်ရမယ့် Gas တွေနဲ့ Coin တွေရှိနေမှာပါ။ မိတ်ဆွေက Rocket ကိုအဆက်မပြတ်သုံးပြီးဆော့ချင်တယ်ဆိုရင်တော့ လမ်းတစ်လျှောက်မှာရှိတဲ့ Gas တွေကို တောက်လျှောက် စားသွားမှဖြစ်မှာပါ။  ပြိုင်ရမယ့် ကားလမ်းခရီးက ဖြောင့်ဖြူးနေမှာမဟုတ်ဘဲ ထောင်ချောက်တွေ၊ အတားအဆီးတွေနဲ့ ပြည့်နေမှာကြောင့် အရမ်းကြီးတော့လွယ်ကူနေမှာမဟုတ်ပါဘူး။ ဒီဂိမ်းကို အပြီးထိဆော့မယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Level ၇၀ ကျော်လောက်ကိုဖြတ်ကျော်ရမှာဖြစ်ပါတယ်။

 

 

ကားအမျိုးအစား ၂၀ လောက်ပါဝင်ပါတယ်။ တချို့ကိုတော့ မိတ်ဆွေကိုယ်တိုင် Coin တွေနဲ့ Unlock လုပ်ရမှာဖြစ်ပြီး၊ တချို့ကိုတော့ Level တွေမြင့်လာတာနဲ့ အမျှ မိတ်ဆွေကို ဆု အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ ကားတစ်မျိုးစီမှာ အားသာချက်နဲ့ အားနည်းချက် ကိုယ်စီရှိနေပါတယ်။ Speed, Grip, Acceleration, Boost Duration, Boost Power စတာတွေအနည်းအများ ကွာဟသွားမှာဖြစ်ပါတယ်။

မတူညီတဲ့ နေရာဒေသ ၅ မျိုးကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ ဒီ Racing ဂိမ်းလေးရဲ့အားသာချက် က Graphic လို့တောင်ပြောလို့ရပါတယ်။ Animation အရမ်းကြီးကောင်းပြီး Realistic အရမ်းဆန်နေတာမျိုးအဟုတ်ဘဲ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပနေအောင်ဖန်တီးထားတာကြောင့်ပါ။ ပြိုင်ကားတွေရဲ့ အရောင်အဆင်း နဲ့ ပတ်ဝန်းကျင်ရဲ့ အလှအပတွေ ထင်ပေါ်နေတာကို ဆော့ပြီးသူတိုင်းသတိထားမိမှာပါ။

Free To Play ပါ။ IOS Platform မှာသာကစားနိုင်မှာဖြစ်ပါတယ်။ File Size ကလည်းသိပ် မကြီးတဲ့အပြင် ရှင်းရှင်းလင်းလင်းဆော့နိုင်တဲ့ Racing ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားမိတ်ဆက်လိုက်ပါတယ်။

 

 

Image Source :

https://itunes.apple.com/ca/app/rocket-cars/id868759616?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password