ဂစ်တာဝါသနာအိုး Mobile Player တွေအတွက် Rock Life – Guitar Legend!

3D guitar ကိုတီးခတ်ရမယ့်အပြင် မိတ်ဆွေရဲ့ ဂစ်တာတီးတဲ့ Skill ကိုတိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ သီချင်းသံစဉ်တွေအနောက်ကနေလိုက်ပြီး မိတ်ဆွေက ဂစ်တာလေးကိုတီးခတ်ရမှာပဲဖြစ်ပါတယ်။

မိတ်ဆွေက ဂစ်တာကို ဂိမ်းထဲမှာ တီးရမှာဖြစ်တာကြောင့် လက်တွေ့ဘဝမှာ တီးခတ်ရမယ့် ပုံစံနဲ့တော့ တူမှာမဟုတ်ပါဘူး။ တစ်မူထူးခြားတဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ်။ ခလုတ် ၃ ခုရှိနေမှာကို မိတ်ဆွေစစချင်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီခလုတ် ၃ ခုအပေါ်ကို သံစဉ်အနေနဲ့ အကွင်းပုံစံလေးတွေကျလာမှာဖြစ်ပါတယ်။ အဲ့ဒီကျလာတဲ့ အကွင်းပုံစံလေးတွေနဲ့ ခလုတ်ထဲ ကတစ်ခုခုနဲ့ထပ်တူကျရင် မိတ်ဆွေက နှိပ်ရမှာပဲဖြစ်ပါတယ်။ တစ်ခုမှမလွတ်အောင်နှိပ်နိုင်ရင် အကောင်းဆုံးပါပဲ။ Endless ကြီးဆော့နေရမှာတော့ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အချိန်အထိပဲ တီးနေရမှာပါ။ သတ်မှတ်ထားတဲ့ Score အထိမိတ်ဆွေ တီးနိုင်ရင်အနိုင်ရမှာဖြစ်ပြီး၊ မိတ်ဆွေ မတီးဘဲ သံစဉ်တွေအများကြီးကျော်ခဲ့တယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ Score ပြည့်မှာမဟုတ်တဲ့အပြင် Game Over မှာဖြစ်ပါတယ်။

တစ်ယောက်တည်းမဆော့ချင်ရင်လည်း Online ပေါ်တက်ပြီး တစ်ခြား Global က Player တွေနဲ့ ယှဉ်ပြိုင်ဆော့နိုင်တဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။ Global က Player တွေနဲ့ ယှဉ်ပြိုင်ပြီးဆော့ချင်တယ်ဆိုရင်တော့ Game Center နဲ့ ချိတ်ပြီးမှဆော့နိုင်မှာဖြစ်ပါတယ်။ Guitar အမျိုးအစားများစွာပါဝင်ပါတယ်။

မိတ်ဆွေ လက်ရှိတီးနေတဲ့ Guitar ကိုမကြိုက်ဘူးဆိုရင် Guitar အမျိုးအစားအများကြီးထဲက စိတ်ကြိုက်ရွေးနိုင်ပါတယ်။ မိတ်ဆွေက ယခုလက်ရှိတီးနေတဲ့ Guitar ကိုကြိုက်တယ်။ ဒါပေမဲ့  upgrade ပုံစံလောက်ပဲ နည်းနည်းပြောင်းချင် တယ်ဆိုရင် လည်း အရောင်တွေ၊ အလှပုံတွေထည့်နိုင်တဲ့ Option ရှိတာကြောင့် အဆင်ပြေပါတယ်။

 

 

Guitar တစ်ခုနဲ့ တစ်ခုကွာတာ Style ပဲမဟုတ်ပါဘူး။ Sound, Ease to play, Precision စတဲ့ ability တွေလည်း ကွာသွားမှာဖြစ်ပါတယ်။ Vocal မှာက ၃ ယောက်၊ Bassists မှာက ၅ ယောက်၊ Drummer မှာက ၄ ယောက်ရှိနေတာကိုတွေ့ရမှာပါ။ အဲ့ဒါတွေကတော့ မိတ်ဆွေငှားနိုင်တဲ့လူတွေပါ။ Instruments မှာလည်း Pedal, Bass, Amp, Drum Kit စတာတွေကိုတွေ့ရမှာပါ။ တစ်မျိုးစီမှာ အမျိုးအစားအမျိုးမျိုးပါဝင်ပါတယ်။ ဒါ့အပြင် မိတ်ဆွေက မိမိ Band အတွက် သက်ဆိုင်ရာလူတွေကိုငှားနိုင်ပါသေးတယ်။ Roadie, Producer, Manager ဆိုပြီး သုံး မျိုးကိုငှားနိုင်မှာဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့ Option တွေကတော့ ဒီဂိမ်းမှာ မိတ်ဆွေလုပ်နိုင်မယ့်အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေအကုန်လုံးကိုလုပ်ချင်တယ်ဆိုရင် ပထမဦးဆုံးမိတ်ဆွေက Unlock အရင်လုပ်ရမှာပဲဖြစ်ပါတယ်။ Unlock လုပ်ရမှာကတော့ မိတ်ဆွေ Guitar တီးရင်းနဲ့ ရလာမယ့် In-game ပိုက်ဆံနဲ့ ပါ။

Guitar တီးရတဲ့ ဂိမ်းဆိုပေမယ့် Band တစ်ခုမှာလိုအပ်တဲ့အရာတွေ၊ လိုအပ်တဲ့လူတွေ စတာတွေကို သိမြင်အောင်လုပ်ဆောင်ပေးနိုင်တဲ့ အပြင် Instrument စုံစုံလင်လင်လည်းတွေ့ရမယ့်ဂိမ်း လည်းဖြစ်ပါတယ်။ Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး ပျင်းတဲ့ အချိန်ဂစ်တာမလိုဘဲ တီးနိုင်တဲ့ ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.Zeeppo.RockLife

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password