Reviews

အရမ်းမိုက်တဲ့ Mecha RPG ဂိမ်းအသစ် Robot Tactics

မင်္ဂလာပါ playon ပရိတ်သတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ playon ပရိတ်သတ်ကြီးအတွက်ထူးထူးခြားခြားဖြစ်သွားအောင် Turn-Base RPG လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျ။ နာမည်လေးကတော့ Robot Tactics – Real Time Super Robot Wars လို့ခေါ်ပါတယ်။ နာမည်ကြီးကကြောင်တောင်တောင်ဖြစ်နေတာတော့အမှန်ပဲနော် 😂 ဟုတ်ပါတယ်သူကအစကတရုတ်ဂိမ်းမို့ပါ။ Game ထွက်တာတစ်လပြည့်မှ english version ရလာတာဖြစ်ပြီးတော့ ဂိမ်းနာမည်ကလည်းတရုတ်ကနေတိုက်ရိုက်ယူထားတာကြောင့်ဖြစ်နိုင်ပါတယ်။

ဂိမ်းကတရုတ်ဂိမ်းဆိုပေမယ့်အထင်တော့မသေးလိုက်ပါနဲ့ JRPG style ကိုမှီသလောက်ရှိပြီး revolution ဖြစ်တဲ့ဂိမ်းမျိုးပါ(copy မဟုတ်ပါဘူး)။ ဒါ့အပြင်ကိုယ်ပိုင် story ဇာတ်အိမ်ခိုင်ခိုင်မာမာရှိပြီး plot လေးတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Gameplay ပိုင်းကိုအသာထား Anime style character လေးတွေကလည်းလှတော့ တချို့ဆိုဒီလောက်နဲ့တင်ဂိမ်းကိုပြေးဆော့နေလောက်ပါပြီ(ဟုတ်တယ်မလား😂)။ Story ကိုအကျဉ်းချုံးပြောရရင်နည်းပညာတိုးတက်တဲ့နိုင်ငံနဲ့မှော်စွမ်းအားနိုင်ငံနှစ်ခုကြားမှာစစ်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့တယ်။ အဲ့ဒီစစ်ပွဲတွေကြားကနေပေါ်ပေါက်လာတဲ့ ”Vera Mercenary” ဆိုတဲ့ကြေးစားတပ်ဖွဲ့ဟာစစ်ပွဲကိုမုန်းတီးပြီးရပ်တန့်ဖို့ကြိုးစားပါတော့တယ်…..။ အစပိုင်းမှာ Vera Mercenary ကိုတပ်သားသစ်တစ်ယောက်အနေနဲ့ဝင်ရောက်ကစားရမှာဖြစ်ပြီးတဖြည်းဖြည်းနဲ့ story ကို explore လုပ်ရမှာပါ။ ဖြစ်နိုင်ရင် story ကိုသေခြာလေးဖတ်ပြီးဆော့ဖို့အကြံပြုချင်ပါတယ် (ကောင်းလို့ပါ)😉။

Gameplay ပိုင်းကတော့ Final Fantasy ဂိမ်းတွေလို turn-based rpg အမျိုးအစားပါ။ မတူတာကစက်ရုပ်တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီး battle တွေကအတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ စက်ရုပ်တစ်ခုစီမှာလက်နက်သုံးခုစီပါဝင်ပြီး pilot တစ်ယောက်ကထိန်းချုပ်ပါတယ်။ Pilot တွေမှာကိုယ်ပိုင်ပါဝါတွေရှိပြီးလက်နက်တွေကလည်းအနီးခုတ်၊ အဝေးပြစ်စိတ်ကြိုက်တပ်လို့ရတာမို့ကိုယ့်ကစားပုံနဲ့ ကိုယ်သေချာဆော့လို့ ရစေပါတယ်။ RPG ဂိမ်းကိုအကွက်(tiles) တွေပေါ်မှာစမတ်ကျကျအကွက်ရွေ့ဆော့ကစားရမှာဆိုတော့ strategy အငွေ့အသက်တွေလဲဒီဂိမ်းမှာပေါင်းစပ်ပါဝင်နေပါတယ်။

JRPG ပုံစံ free စိန်တုံးတွေနဲ့ ပိုက်ဆံပေးဝယ်ရတဲ့စိန်တုံးဆိုပြီးနှစ်မျိုးခွဲထားပြီးတော်တစ်မျိုးစီအသုံးဝင်ပါတယ်။ အခြား resources တွေကတော့ပုံမှန်အတိုင်းပါပဲ။ ထူးခြားတာကကိုယ်မောင်းမယ့် 3D စက်ရုပ်တွေကိုကိုယ့်စိတ်ကြိုက်တစ်စချင်းစီဆင်ပြီးမောင်းလို့ရတာပါ။ အစိတ်အပိုင်းတစ်ခုချင်းစီမှာလည်းအမြန်နှုန်း၊ ခံနိုင်ရည်အား၊ အလေးချိန် စသဖြင့်အသေးစိတ်ကျကျလုပ်ထားတော့ဆော့ရတာအရသာရှိစေပါတယ်။ အစိတ်အပိုင်းတွေနဲ့ pilot တွေကို mission တွေ event တွေကရနိုင်တဲ့အပြင် စိန်တုံးတွေနဲ့လည်းဝယ်နိုင်ပါတယ်။

JRPG ပုံစံမို့လို့ graphic အားနည်းတယ်ထင်ရပေမယ့်အထဲမှာ ဒေတာတွေထပ်ပြီး download ဆွဲလို့ရပါသေးတယ်။ Mission တွေမဝင်ခင်တွေ့ရတဲ့ menu မှာတော့ graphic အတော်လေးကောင်းပြီးဒေတာတွေဆွဲပြီးတဲ့အခါအဲ့ဒီအနေအထားရရင်တော့အတော်လေးဆော့ပျော်ပါပြီ။ Menu မှာအရမ်းမိုက်တဲ့အချက်က A.I လို program လေးတစ်ခုပါ။ စာရေးသူ review ရေးဖို့စမ်းသပ်နေတဲ့အချိန်မှာညတစ်နာရီရှိပါပြီ ဂိမ်းထဲကပြန်ထွက်ဖို့ menu ကိုရောက်လာတဲ့အခါမှာဂိမ်းထဲက character(girl ချောချောလေး) က captain ရေဒီလိုညနက်အချိန်ထိမအိပ်သေးဘူးလား? ကျန်းမာရေးဂရုစိုက်ပါလို့ပြောလိုက်ပါတယ်😍။

စာရေးသူ(FA😞)တွက်ဒါလေးနဲ့တင်ဆက်ဆော့ဖို့တန်သွားပြီလေ😁။ ဟုတ်ပါပြီ story၊ gameplay၊ plot၊ character၊ graphic ဘာမှအပြစ်ပြောစရာမရှိတဲ့ဒီဂိမ်းလေးကိုဆော့ချင်တယ်ဆိုရင်တော့အောက်က link မှာဒေါင်းယူနိုင်ပါတယ်။ တစ်ခုရှိတာက playon ပရိတ်သတ်ကြီးထဲက rpg မကြိုက်တဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်နေဦးမှာပါပဲခင်ဗျာ……။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password