Reviews

လူရမ်းကား စက်ရုပ်အဖြစ်ကစားရမယ့် Robot Shark

ထူးထူးခြားခြား စက်ရုပ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေ စိတ်ဝင်စားမယ့် ဂိမ်းဖြစ်ပါတယ်။ Robot Shark ဂိမ်းက ရေပေါ် ရေအောက် နှစ်မျိုးစလုံးမှာ သွားလာနိုင်တဲ့အပြင် ခုန်ပျံကျော်လွှား ပါ လုပ်နိုင်တဲ့ အမိုက်စား စက်ရုပ် နဲ့ ကစားရမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ ထူးခြားချက်က နိုင်ငံကို ကာကွယ်ပေးတဲ့ သူရဲကောင်းစက်ရုပ်အဖြစ် ကစားရမှာမဟုတ်ပဲ လူဆိုးလူရမ်းကား စက်ရုပ်အဖြစ်ကစားရမှာပါ။ တွေ့သမျှ မြင်သမျှ အရာတွေအကုန်လုံးကို ဖျက်ဆီးပြီး လူသားတွေကို တိုက်ခိုက်ရမှာပါ။ ဂိမ်းထဲမှာ လူသားတွေက သင့်အတွက် ရန်သူတွေ ဖြစ်နေမှာပါ။ ဒါ့အပြင် စက်ရုပ်နောက်ကို အလောတကြီး လိုက်ဖမ်းနေတဲ့ ရဲကားတွေလည်း ရှိနေမှာဖြစ်လို့ သူတို့တွေလက်ကနေ လွတ် အောင်လုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကုန်းပေါ်မှာ လူသားစက်ရုပ် အသွင်သွားလာ နိုင်ပြီး ပင်လယ်ရေအောက်မှာ ငါးမန်းစက်ရုပ်အသွင်နဲ့ သွားလာနိုင်မှာဖြစ်ပါတယ်။ ရဲတွေ ရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ဖို့ ငါးမန်း စက်ရုပ်အသွင်နဲ့ ပင်လယ်ရေအောက်မှာ ပုန်းခိုနိုင်ပါတယ်။ လမ်းခရီးမှာတွေ့တဲ့ ရတနာတွေ ၊ စွမ်းအင်တွေကို စုဆောင်းပြီး သင့်ကိုလာတိုက်ခိုက်မယ့် ရန်သူစက်ရုပ်တွေကို လည်း ပြန်ချေမှုန်း နိုင်ပါတယ်။

ဂိမ်းထဲမှာ တွေ့သမျှ မြင်သမျှ အိမ်တွေ အဆောက်အဦးတွေကို ဖျက်ဆီးနိုင်ပြီး သင့်ကို မည်သူမှ မတားဆီးနိုင်ပါဘူး။ ရေအောက်ကမ္ဘာနဲ့ ကုန်းကမ္ဘာက နေရာတွေအများကြီးကို ဖြတ်သန်းသွား နိုင်မှာဖြစ်လို့ အတွေအကြုံအသစ်တွေ အများကြီးရရှိမှာပါ။ စက်ရုပ်ရဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်ပြီး လိုအပ်တဲ့ အသွင် ပုံစံအမျိုးမျိုးကိုလည်း ချက်ချင်း ပြောင်းနိုင်
ပါတယ်။ ရုပ်ထွက်ဒီဇိုင်း နဲ့ အသံပိုင်းလည်း ဟာကွက်မရှိအောင် ကောင်းမွန်တဲ့ ဂိမ်းဖြစ်လို့စိတ်ဝင်စားရင် ကစားကြည့်လို့ရပါတယ်နော်။

အောက်မှာ ဗီဒီယိုဖိုင်လေး နမူနာကြည့်လို့ရအောင် ဖော်ပြပေးထားပါတယ်။

Android နဲ့ပဲ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး Google Play Store မှာ free download လုပ်ယူနိုင်ပါတယ်။

 

 

Image Source – Robot Shark

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password