News

တစ်လမှာ နာရီပေါင်း တစ်ဘီလီယံကျော် အချိန်သုံးစွဲမှုရှိနေတဲ့ Roblox ကစားသမားများ

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို တစ်လချင်းစီမှာ နာရီပေါင်း တစ်ဘီလီယံကျော်ထိ ကစားချိန်တွေ ရရှိနေတဲ့ အွန်လိုင်း Multiplayer sandbox ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်လကို အချိန်ပေါင်း တစ်ဘီလီယံထိတောင် အချိန်ပေးကစားမှုတွေ ရှိနေတယ်ဆိုတော့ Roblox ရဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ စကေးကတော့ အံ့သြစရာကြီးပါပဲနော်။ ဘယ်လိုတွေတောင် ဆွဲဆောင်နိုင်လဲဆိုတာကို ကြည့်လိုက်ကြရအောင်။

Roblox က အသက်၁၃ နှစ်ကနေ ၁၇နှစ်အရွယ် ကစားသမားတွေကြားမှာ တော်တော်လေး နာမည်ကြီးတဲ့ ဂိမ်းတစ်ခုလို့ သိရပြီး သူ့ရဲ့ ပြိုင်ဘက်တွေက YouTube နဲ့ Netflix တို့တွေ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ခုနှစ်မှာ Roblox စီအီးအို David ‘Buildderman’ Baszucki က သူတို့ရဲ့ ကုမ္ပဏီဟာ နာရီပေါင်း သန်း၅၀ ထိ engagement ရသွားပြီဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။

Roblox ကို စွဲစွဲမြဲမြဲ ရွေးချယ်ကစားရခြင်းရဲ့ အကြောင်းအရင်း သုံးခုရှိပါတယ်။ သူတို့တွေကတော့ Device တိုင်းမှာ ကစားလို့ ရနိုင်ခြင်းအသစ်အသစ်သော feature တွေကို အမြဲ ဖြည့်ပေးနေခြင်း (သို့) Customization options နဲ့ developer ရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Roblox ဟာ တိုးတတ်အောင်မြင်လာတဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် ကုမ္ပဏီဘက်မှလည်း မကြာခင်က အွန်လိုင်း safety expert Laura Higgins ကို ဂိမ်းအတွင်း လုံခြုံရေးနဲ့ boost safety အတွက် ငှားရမ်းခဲ့တယ်လို့သိရှိရပါတယ်။ Roblox ကို Android ရော iOS ရောအတွက် free to play ကစားနိုင်ပါတယ်။ သူ့ရဲ့ trailer video လေးကိုတော့ အောက်မှာ ကြည့်သွားနိုုင်ပါတယ်နော်။

Source – https://www.pocketgamer.biz/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password