Reviews

Robin Hood နေရာကကစားရမှာဖြစ်ပြီးရန်သူတွေ မြှားချင်းယှဉ်ပစ်ရမယ့် Robin Hood : archery legend!

မြှားချင်းယှဉ်ပစ်ရမှာဖြစ်လို့ အချိန်အဆသဘောတရားကိုအခြေခံထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အများနဲ့တစ်ယောက်မဟုတ်ပဲ 1 Vs 1 မျှမျှတတ ယှဉ်ပြိုင်ပစ်ခတ်ရမှာပါ။ မိတ်ဆွေရော၊ မိတ်ဆွေနဲ့ယှဉ်ပစ်မယ့်မိတ်ဆွေရဲ့ပြိုင်ဘက်ရော ကိုသွေးတန်းအပြည့်ပေးထားမှာဖြစ်ပါတယ်။ မြှားမှန်ပြီး အဲ့ဒီသွေးတန်းအရင်ကုန်သွားတဲ့လူက Game Over မှာဖြစ်ပါတယ်။

မြှားပစ်တိုက်ခိုက်မယ့်လူနှစ်ယောက်က ခပ်ဝေးဝေးဖြစ်နေမှာပါ။ လေတိုက်နှုန်းလည်းရှိသေးတာ ကြောင့် မြှားမှန်အောင်ပစ်ဖို့တော့ အနည်းငယ်ခက်ခဲနေပါလိမ့်မယ်။ အဲ့တော့ Target ကိုသေချာချိန်ပြီး ပြိုင်ဘက်ကိုသွေးကုန်အောင်အရင်ပစ်နိုင်မှသာအနိုင်ရရှိမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Head shot ထိရင်သွေးအများကြီးပိုလျော့ သွားတာကိုတွေ့ရမှာပါ။

The Quest နဲ့ Hit the Apple ဆိုပြီး မိတ်ဆွေဆော့နိုင်တဲ့ Game Mode နှစ်မျိုးရှိတာကိုတွေ့ရမှာပါ။

  •  The Quest မှာတော့မိတ်ဆွေနဲ့ယှဉ်ပြိုင်ရမယ့်ရန်သူတစ်ယောက်ကိုတွေ့ရမှာပါ။ အဲ့ဒီရန်သူကိုသတ်ခြင်းဖြင့် Score တွေအများကြီးရရှိမှာဖြစ်ပါတယ်။ Chapter အလိုက်ကစားသွားရမှာလည်းဖြစ်ပါတယ်။
  • Hit the Apple ကတော့ နာမည်အတိုင်းပန်းသီးတစ်လုံးကိုမြှားနဲ့ထိအောင်ပစ်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ခေါင်းပေါ်မှာရှိနေတဲ့ပန်းသီးကိုပစ်ရမှာဖြစ်တာကြောင့်လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ တစ်ချက်ထိအောင်ပစ်နိုင်တာနဲ့ နောက် Round တစ်ခုရောက်ရှိသွားမှာဖြစ်ပြီး Score တွေလည်းတက်သွားမှာဖြစ်ပါတယ်။ မြှားအရေအတွက် ၅ ချောင်းသာပေးထားမှာဖြစ်ပြီး ပန်းသီးအောက်ကလူရဲ့ အသက်ကိုလည်း သွေးတန်းနဲ့တစ်ခုပဲပေးထားမှာဖြစ်ပါတယ်။ မြှားအရေအတွက် ကုန်တာပဲဖြစ်ဖြစ်၊ လူသေသွားတာပဲဖြစ်ဖြစ် မိတ်ဆွေ Game Over မှာဖြစ်ပါတယ်။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ ရိုးရှင်းပြီးအလွယ်တကူဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Robin Hood : archery legend

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password