Reviews

Action ဂိမ်းတွေကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Rise of the Tomb Raider (ROTTR)

ROTTR ကတော့ action- adventure ဂိမ်းအမျိုးအစားဖြစ်ပြီး ၂၀၁၅-၂၀၁၆ မှာ XBox, Windows နဲ့ PS4 platform ၃ မျိုးလုံးအတွက်ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် Mac နဲ့ Linux အတွက်လည်းဒီနှစ်ထဲမှာထပ်ထွက်ထားပါသေးတယ်။

ရှေးဟောင်းသုတေသနပညာရှင် Lara Croft ဟာ သူမခံစားနေရတဲ့ PTSD ရောဂါသက်သာအောင် အာရုံလွှဲတဲ့အနေနဲ့ သူမအဖေမသေခင်နောက်ဆုံးလုပ်သွားခဲ့တဲ့ ထာဝရအသက်ပေးနိုင်မယ့် ပစ္စည်းတစ်ခုရှိတဲ့ ပျောက်ဆုံးမြို့တော်ကြီး Kitezh ရဲ့ research ကိုဆက်လုပ်ဖို့ကြိုးစားပါတော့တယ်။ သူမရဲ့ မိထွေးဖြစ်သူ Ana က မသွားဖို့တားခဲ့ပေမယ့် သူမကလက်မခံဘဲ Syria မှာ Kitezh မြို့ရဲ့အဓိကဖြစ်တဲ့ Constantinople မြို့ရဲ့ပရောဖက်အကြောင်းကို သွားလေ့လာပါတော့တယ်။ လေ့လာနေရင်းကမှ Kitezh ကိုရှာနေတာ သူမတစ်ယောက်တည်းမဟုတ်မှန်း သိလာခဲ့ပြီး သူမထက်အဆများစွာ တောင့်တင်းတဲ့ပြိုင်ဖက်ကိုလည်းရှောင်တိမ်းရင်း သဘာဝအန္တရာယ်၊ ရှေးဟောင်းမြို့တော်တွေရဲ့သဘာဝလွန်အဆီးအတားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး နောက်မှာတော့ သူမယုံကြည်ခဲ့ရတဲ့သူကပါ သစ္စာဖောက်ခဲ့တဲ့အခါ…

 

မိတ်ဆွေအသစ်တွေ၊ လှို့ဝှက်ချက်အသစ်တွေကိုရှာဖွေသွားရင်း နေရာသစ်တွေကိုသွားရောက်ရတဲ့ action-adventure ဂိမ်းလေးပါ။ main-quest တွေနဲ့ side-quest တွေရှိပြီး အောင်မြင်သွားရင်တော့ item တွေ၊ weapon တွေ ရနိုင်မှာပါ။ semi-open world ဖြစ်တာကြောင့် အချို့နေရာတွေကို quest ထဲမပါလည်းသွားကြည့်နိုင်ပြီး item တွေထပ်ရနိုင်ဦးမှာပါ။ Baba-Yaga extension ထဲမှာတော့ Baba-Yaga ဆိုတဲ့စုန်းမကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် main quest တစ်ခုထပ်ရှိမှာပါ။ Cold Darkness Awaken မှာတော့ ရောဂါပိုးတစ်ခုကြောင့် Zombie တွေလိုဖြစ်သွားတဲ့ စစ်သားတွေနဲ့တွေ့ရမှာဖြစ်ပြီး Lara’s Nightmare နဲ့ Blood Ties မှာတော့ Lara ရဲ့ဦးလေးနဲ့ ရင်ဆိုင်ရမယ့် quest တွေပါပါတယ်။ Single-player နဲ့ multi-player mode နှစ်ခုရှိပါတယ်။ Single-player မှာတော့ offline ဆော့နိုင်ပြီး multi ဆိုရင်တော့ internet connection လိုပါတယ်။

Windows အတွက် OS က အနည်းဆုံး Window 7, 64 bit ရှိဖို့လိုပါတယ်။ i3 processor အနည်းဆုံးရှိရမှာဖြစ်ပြီး RAM 6GB ရှိမှအဆင်ပြေမှာပါ။ Graphics အတွက် NVIDIA GTX 650 2GB or AMD HD7770 2GB လောက်လိုပါတယ်။ DirectX 11 နဲ့ ROM 25GB လောက်လိုပါတယ်။

Adventure ဂိမ်းဖြစ်တဲ့အလျှောက် location တစ်ခုတည်းမဟုတ်ပဲ တစ်နေရာကတစ်နေရာ သွားနေရမှာတော့အသေအချာပါ။ ရှေးဟောင်းမြို့တွေအကြောင်းမို့ မြို့ဟောင်းတွေ အသက်ဝင်/မဝင်ဆိုတာက အရေးကြီးပါတယ်။ ဒီဂိမ်းမှာတော့ မြို့တွေကို တကယ့်အပြင်မှာမြင်နေရသလိုကိုခံစားရအောင် သေချာလေးလုပ်ထားပြီး character တွေကိုလည်း real-life နဲ့အတော်လေးတူအောင်စီမံထားတဲ့အတွက် ကြည့်ရတာတော်တော်အဆင်ပြေပါတယ်။ သဘာဝအသံတွေကလည်း realistic ဆန်ပြီး စကားသံတွေကိုလည်း သေချာလုပ်ထားပါတယ်။ combat တို့ fight scene တွေကလည်း ချောမွေ့နေတာမို့ ရုပ်ရှင်ထဲကလိုပါပဲ။

နောက်ဆုံးတစ်ခုကတော့ lip-syncing ပါ။ ကာတွန်းတို့ game တို့အများစုမှာ နှုတ်ခမ်းလှုပ်ရှားမှုနဲ့ အသံထပ်တူမကျတာတွေ့ရမှာပါ။ အများစုကတော့ ဒီနေရာမှာပြဿနာမရှိပေမယ့် မင်မင်တို့လို OCD သမားတွေအတွက်တော့ အသည်းတယားယားဖြစ်စရာပါပဲ။ ဒီဂိမ်းမှာတော့ Lip-sync ကအစ အသံနဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိတောင် ထပ်တူကျတာတွေ့ရပါတယ်။ ဒီအချက်တွေနဲ့တင် မင်မင်တို့ တော်တော်လေးစိတ်ချမ်းသာသွားတာမို့ မဆော့ဖူးသေးတဲ့သူတွေလည်း စိတ်ချမ်းသာသွားအောင်ဆော့ကြည့်ပါဦးလို့..

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password