Reviews

မတူညီတဲ့ Strategy ရသကိုပေးစွမ်းနိုင်မယ့် Rise of Civilization

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Playon ပရိတ်သတ်ကြီးထဲမှာ strategy ဂိမ်းတွေကိုကြိုက်နှစ်သက်ကြသူတွေရှိလိမ့်မယ်လို့ထင်မိပါတယ်ခင်ဗျ။ ဒါကြောင့်စာရေးသူအနေနဲ့ mobile ပေါ်မှာအဆင်ပြေပြေနဲ့ဆော့ကစားလို့ရမယ့် Online strategy ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်ခင်ဗျာ။ မိတ်ဆက်ပေးမယ့်ဂိမ်းလေးကတော့ Rise of Civilizations လို့ခေါ်ပြီး Lilith Games ကနေထုတ်လုပ်ထားတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားက strategy ရိုးရိုးမဟုတ်ပဲ strategy နဲ့ RTS ပေါင်းစပ်ထားပြီးဆန်းသစ်တဲ့ gameplay ကိုတွေ့ကြုံခံစားရစေမှာပါ။

Lilith Games ဟာအရင်ထွက်ရှိခဲ့တဲ့ Arts of Conquest ဂိမ်းမှာလည်းအခြား Clash of King နဲ့ပုံစံတူ clone game တွေထဲကနေ ဆန်းသစ်နိုင်ခဲ့လို့အောင်မြင်မှုရရှိနေတဲ့ဂိမ်းကုမ္မဏီပဲဖြစ်ပါတယ်။ အခု Rise of Civilizations game မှာလည်းအဖွဲ့လိုက်လုပ်ဆောင်မှုအဓိကထားပြီးသွက်သွက်လက်လက်ဆော့ကစားရမယ့်ပုံစံနဲ့ရေးဆွဲထားတာဖြစ်ပါတယ်။ အောက်မှာဂိမ်းရဲ့ trailer ကြည့်နိုင်ပါတယ်ခင်ဗျ။

ဂိမ်းရဲ့လုပ်ဆောင်ချက်အချို့ကိုပြောပြရမယ်ဆိုရက်တော့…..ပထမဆုံးဂိမ်းကိုစဝင်ရင်နိုင်ငံရွေးရမှာပါ။ Rise of Civilizations ဆိုတဲ့အတိုင်းကိုယ့်ရဲ့နိုင်ငံကိုအင်အားကြီးအောင်တည်ဆောက်သွားရမှာပဲဖြစ်ပြီး ရောမ၊ ဗြိတိန်၊ ဂျပန်၊ တရုတ် အစရှိတဲ့နိုင်ငံပေါင်းရှစ်ခုပါဝင်မှာပါ။ နိုင်ငံတစ်ခုစီတိုင်းမှာမတူညီတဲ့အားသာချက်တွေနဲ့ထူးခြားတဲ့စစ်သားတွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ပိုင် talent tree တွေနဲ့တည်ဆောက်ထားတဲ့သူရဲကောင်းတွေလည်းဂိမ်းထဲမှာပါဝင်မှာပါ။

Gameplay ပုံစံက COK နဲ့ဆင်တယ်ဆိုပေမဲ့လုံးဝမတူပါဘူး။ စစ်သားတွေလွှတ်ပြီးတိုက်ခိုက်ရုံတင်မဟုတ်တော့ပဲချက်ချင်းပြန်ဆုတ်ဖို့၊ အခြားပြစ်မှတ်တစ်ခုကိုပြောင်းတိုက်ခိုက်ဖို့စတဲ့အမိန့်တွေပေးနိုင်မှာဖြစ်ပြီး RTS ဆန်ဆန် gameplay တွေနဲ့ကစားရမှာဖြစ်ပါတယ်။ မြေပုံအကျယ်ကြီး (အတော်ကြီးကိုကျယ်ပါတယ်) ကိုတဖြည်းဖြည်းရှာဖွေရင်းနဲ့လုပ်စရာတွေအများကြီးပြည့်နှက်နေမယ့် time killing ဂိမ်းတစ်ခုဆိုတာကိုတော့ကြိုပြောပါရစေ။ နောက်ပိုင်းမှာ alliance တွေစုဖွဲ့ပြီးအပြိုင်ကျဲရမယ့် strategy ဂိမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ Graphic ပိုင်းမှာအရောင်စိုစိုနဲ့ကြည့်ကောင်းတဲ့အရည်အသွေးမျိုးရှိပြီး ဇာတ်ကောင်ဆွဲထားတာတွေလည်းလှပပါတယ်။

အားနည်းချက်ကတော့ Lilith Games ဟာဖန်တီးမှုကောင်းသလောက်သူတို့ရဲ့ဖန်းတီးမှုတွေအပေါ်မှာတန်ဖိုးဖြတ်လေ့ရှိတာပါ၊ အရင် Arts of Conquest ဂိမ်းဟာအတော်လေးဆော့ကောင်းပေမယ့်ဂိမ်းထဲမှာ အပြင်ငွေသားနဲ့ရောင်းတဲ့ item တွေကြောင့် pay to win လို့အပြောခံရပြီး player အချို့ရဲ့စွန့်ခွာခြင်းကိုခံခဲ့ရပါတယ်။ အခုဒီဂိမ်းမှာတော့အဲ့ဒီအချက်ကိုပြင်ဆင်ပြီး pay to win item တွေလျော့ချထားပေမယ့် $ နဲ့ရောင်းတဲ့ item တွေတွေ့နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့်စမ်းကြည့်ဖို့ထိုက်တန်တဲ့ဖန်တီးမှုတွေနဲ့ဂိမ်းကောင်းတစ်ခုဖြစ်နေဆဲပါပဲ။ Rise of Civilizations ကိုဆော့ချင်တယ်ဆိုရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။

Download link – Android (Playstore/ APKpure), iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: