အလန်းစား ငါးမျှားဂိမ်း Ridiculous Fishing – A Tale of Redemption

Fishing ဂိမ်းတစ်ခုဟာ ဘယ်လိုများလန်းနိုင်မှာလဲဆိုတာ နည်းနည်းစဉ်းစားစရာပါပဲ။ ရေထဲကို ငါးမျှားကြိုးချ၊ ငါးမိတဲ့အထိစောင့်၊ ပြီးရင် အပေါ်ကိုပြန်ဆွဲတင်။ Fishing ဂိမ်းတစ်ခုရဲ့ Core Gameplay က အဲဒါတွေပဲ ရှိတာပါ။ ငါးမျှားရတာကို ဝါသနာမပါသူတွေအဖို့ကတော့ Fishing ဂိမ်းတစ်ခုကို စွဲဆော့ဖို့ ဖြစ်နိုင်ခြေသိပ်မရှိပါဘူး။ ဒါပေမယ့် ဝါသနာမပါသူတွေလည်း Fishing ဂိမ်းကို နှစ်နှစ်ခြိုက်ခြိုက် ဆော့ကြအောင် လုပ်လို့ရတယ်ဆိုတာ Ridiculous Fishing က သက်သေပြမှာဖြစ်ပါတယ်။

 .         

Ridiculous Fishing ဟာ ငါးမျှားဂိမ်းတွေရဲ့ core gameplay ကို အသုံးချထားတာပါပဲ။ ဒါပေမယ့် mechanic အပိုအနည်းငယ်ထည့်ထားပါတယ်။ ဒီဂိမ်းရဲ့ gameplay ကို အပိုင်း ၃ ပိုင်းခွဲခြားနိုင်ပါတယ်။ ရေထဲကို ကြိုးချမယ်။ ပြီးတော့ ငါးတွေကို အပေါ်ဆွဲတင်မယ်။ ဒီအထိကတော့ သူသူငါငါ အခြားဂိမ်းတွေနဲ့ အတူတူပါပဲ။ Ridiculous Fishing ရဲ့ ထူးခြားချက်ကတော့ ငါးတွေအပေါ်ရောက်လာရုံနဲ့ အလိုလိုလှေထဲရောက်လာကြမှာ မဟုတ်ပါဘူး။ ငါးမျှားချိတ်မှာပါလာတဲ့ ငါးတွေအားလုံးက ရေမျက်နှာပြင်ကိုရောက်တာနဲ့ လေထဲကို ပျံဝဲသွားကြမှာပါ။ အဲဒီအခါမှာ ကစားသူက လေထဲကငါးတွေကို သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဖမ်းရမှာ ဖြစ်ပါတယ်။

 .         

ဟုတ်ပါတယ်။ သေနတ်နဲ့ ပစ်ဖမ်းရမှာပါ။ ငါးအကြီးအသေးပေါ်မူတည်ပြီး ပစ်ခတ်ရတဲ့ အချက်ရေတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။ လက်နက်တွေကလည်း အမျိုးမျိုးပါဝင်ပါတယ်။ Pistol ကြိုက်လား၊ Shotgun သဘောကျလား၊ Machine Gun နဲ့ရမ်းချင်သလား၊ Laser သေနတ်နဲ့ပစ်ချင်သလား၊ ဒါမှမဟုတ် Bazooka နဲ့ထုချင်သလား။ သင်နှစ်သက်ရာလက်နက်ကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနက်ပိုင်းထဲ ဆင်းနိုင်တဲ့ ငါးမျှားကြိုးအကောင်းစားတွေ၊ Ability အလန်းတွေပါတဲ့ ငါးမျှားချိတ်တွေ၊ သင့် character ကို အလှဆင်ဖို့အတွက် ဦးထုပ်တွေ စတာတွေကိုလည်း ဝယ်ယူအသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီဂိမ်းက နာမည်နဲ့လိုက်အောင် Ridiculous ဖြစ်တဲ့ဂိမ်းပါ။ ဒါပေမယ့် သူ့ရဲ့ထူးခြားတဲ့ concept ဟာ ကစားသူတွေကို မပျင်းသွားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ထူးခြားတဲ့ Game Design ကြောင့် Ridiculous Fishing  ဟာ ၂၀၁၃ ခုနှစ်ရဲ့ “Apple Design Award” ကို ရရှိခဲ့ပြီး Critic တွေရဲ့ အထူးတလည် ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုအပျံစား Fishing ဂိမ်းကိုတော့ $2.99 နဲ့ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ IAP (in-app purchases) တွေ လုံးဝမပါဝင်တာမို့ ဝယ်ယူပြီးတာနဲ့ စိတ်ချမ်းချမ်းသာသာ ဆော့ကစားနိုင်မှာပါ။ ခဏတဖြုတ် ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းအမျိုးအစားဖြစ်တာမို့ ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေပြေ ဆော့ကစားလို့ ရပါတယ်။ ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ တန်တဲ့ဂိမ်းတစ်ခုဖြစ်တာမို့ စိတ်ချလက်ချ ဝယ်ယူဆော့ကစားလို့ ရပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/ridiculous-fishing-tale-redemption/id601831815?l=nl&ls=1&mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password