Flip action အမျိုးမျိုးကိုတွေ့မြင်ရမယ့် Rider!

Rider ဆိုတဲ့အတိုင်း ဒီဂိမ်းမှာ မိတ်ဆွေကVehicle အမျိုးမျိုးနဲ့ Flip ရမှာပဲဖြစ်ပါတယ်။ လမ်းသွားရင်းနဲ့ လမ်းတစ်လျှောက်မှာ Flip နေရမှာပါ။ မိတ်ဆွေ Flip လုပ်တာမတော်ရင် မိတ်ဆွေရဲ့ ယာဉ် မှောက်သွားမှာဖြစ်ပြီး Game Over မှာဖြစ်ပါတယ်။ ဒီဂိမ်းမှာထူးခြားတာက လမ်းတစ်လျှောက်သွားရမယ့်လမ်းတွေပါ။ ဘာလို့လဲဆိုတော့ လမ်းတွေက LED မီးရောင်စုံနဲ့ လှပနေမှာမို့လို့ပါ။ LED မီးရောင်တွေက ထပ်နေမှာမဟုတ်ဘဲ မကြာခဏပြောင်းနေမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ဂိမ်းလေးဖြစ်ပါတယ်။

Endless ဆော့နိုင်သလို Level တွေနဲ့အဆင့်ဆင့်လည်းဆော့နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ Endless ဆိုရင်တော့ မိတ်ဆွေရဲ့ Highest Score ထက်အမြဲကျော်နေအောင်ဆော့နေရမှာဖြစ်ပါတယ်။

  • Endless မှာတော့မိတ်ဆွေရဲ့ Highest Score ကို Record လုပ်ပေးထားတာကြောင့် စိတ်ကြီးဝင်ရင် Social Media တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာမိမိရဲ့ Score ကို Share နိုင်ပါတယ်။ ဒါ့အပြင် Endless မှာ Challenge အခု ၁၀၀ ကိုတွေ့ရဦးမှာဖြစ်ပါတယ်။
  •  Level တွေနဲ့အဆင့်ဆင့်ဆော့မယ်ဆိုရင်တော့ Level ပေါင်း ၄၀ ကျော်ကို ဖြတ်သန်းရမှာပါ။ Easy, Moderate 1, Moderate 2, Difficult 1, Difficult 2, Extreme ဆိုပြီးအပိုင်းတွေခွဲထားပါတယ်။ အပိုင်းတစ်ခုစီမှာ Level ၈ ခုရှိနေမှာဖြစ်ပါတယ်။

စစချင်းမှာ မိတ်ဆွေရဲ့ ယာဉ်ကတော့ ဆိုင်ကယ်ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ဆိုင်ကယ်အပြင်အခြား ယာဉ်အမျိုးမျိုးလည်းပါဝင်ပါသေးတယ်။ ယာဉ်တွေအားလုံးရဲ့ အရောင်တွေက လှနေမှာဖြစ်ပြီး Design တွေကလည်း လန်းလန်းလေးဖြစ်နေတာကိုတွေ့ရမှာပါ။ အဲ့ဒီယာဉ်တွေ ကိုတော့ မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာဖြစ်ပါတယ်။ Challenge တွေကို နိုင်အောင်ဆော့ပြီးမှ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ ယာဉ်အမျိုးမျိုးကို မိတ်ဆွေစိတ်ကြိုက်လဲနိုင်သလို ဆော့မယ့်နေရာတွေကိုလည်း မိတ်ဆွေစိတ်ကြိုက် ပြောင်းနိုင်မှာဖြစ်ပါတယ်။ နေရာတွေကတော့ ၁၀ နေရာရှိပါတယ်။ အဲ့ဒါတွေကိုလည်း Challenge တွေနိုင်အောင်ဆော့ပြီးမှ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ ယာဉ်တွေနဲ့ နေရာတွေကို Challenge တွေဆော့ပြီး Unlock လုပ်နိုင်သလို In-game က Diamond တွေနဲ့လည်း Unlock လုပ်နိုင်မှာဖြစ်ပါတယ်။

Free To Play ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ LED ရောင်စုံအလှတွေကိုခံစားနိုင်မှာဖြစ်ပြီး Flip Action အမျိုးမျိုးကို တွေ့မြင်ရမယ့်ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.ketchapp.rider

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password